Preview

ဇီလန်းစကီးကို အပြည့်အ၀ထောက်ခံအားပေးပြီး တရုတ်၏ စီးပွားရေးဗိုလ်ကျလွှမ်းမိုးမှုကိုဆန့်ကျင်ရေး ဟီရိုရှီးမားထိပ်သီးအစည်းအဝေးတွင် ဂျီဆဲဗင်းနိုင်ငံများ သဘောတူခဲ့ကြ

မေ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1008
နိုင်ငံတကာ သတင်း

ဂျပန်နိုင်ငံဟီရိုရှီးမားမြို့တွင် မေလ (၁၉)ရက်မှ (၂၁)ရက်အထိ သုံးရက်တာ ကျင်းပခဲ့သော စက်မှုထိပ်သီး(ရ)နိုင်ငံ၏ထိပ်သီးအစည်းအဝေးက ရုရှား၏ ကျူးကျော်မှုကိုခုခံတိုက်ခိုက်နေသော ယူကရိန်းခေါင်းဆောင် ဇီလန်းစကီးအား အပြည့်အ၀အားပေးကူညီရန်သဘောတူညီခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးအ၇ နိုင်ငံငယ်များအပေါ်ဗိုလ်ကျလွှမ်းမိုးနေမှုကို ဆန့်ကျင်ကြရန် သဘောထားထုတ်ပြန်နိုင်ခဲ့သည်။

ယခုနှစ်ဂျီ-ဆဲဗင်း စက်မှုထိပ်သီး(၇)နိုင်ငံအစည်းအဝေးမှာ ထူးခြားမှုများနှင့်ပြည့်နှက်လျှက်ရှိသည်။

အမေရိကန်၊ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ပြင်သစ်၊ ဂျပန် တို့ပါဝင်သော စက်မှုထိပ်သီး( ဂျီ-ဆဲဗင်း) ခုနစ်နိုင်ငံမှခေါင်းဆောင်များအပြင် အိမ်ရှင် ဂျပန်ဝန်ကြီးချုပ်သည် (Global South) ဟုခေါ်တွင်သည့် အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကမှ ဖွံ့ဖြိုးဆဲနိုင်ငံများမှခေါင်းဆောင်(၈)ဦး ကိုလည်းဖိတ်ကြားခဲ့သည်။

ထိုနိုင်ငံများမှာအိန္ဒိယ၊ ဘရာဇီး၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တောင်ကိုးရီးယား၊ကိုမိုရို့စ်( အာဖရိက သမဂ္ဂနိုင်ငံများကိုယ်စား)၊ ကွတ်ကျွန်းစုနိုင်ငံ(ပစိဖိတ်ကျွန်းစုနိုင်ငံများကိုယ်စား) တို့ဖြစ်ကြသည်။

ဟီရိုရှီးမားဂျီ ဆဲဗင်းထိပ်သီးအစည်းအဝေး၏ အဓိက ဇာတ်ဆောင်တစ်ဦးမှာမူကား ယူကရိန်းသမ္မတဇီလန်းစကီးဖြစ်သည်။

ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသော နိုင်ငံတစ်ခုမှခေါင်းဆောင်တစ်ဦး ထိပ်သီးညီလာခံသို့ ကိုယ်တိုင် တက်ရောက်လာခြင်းမှာယခုနှစ် ဂျီဆဲဗင်းထိပ်သီးအစည်းအဝေး၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုဖြစ်သလို ရုရှား၏ ကျူးကျော်စစ်အပေါ် အဖွဲ့ဝင်နိုင်ငံအားလုံးကယူကရိန်းဘက်မှ ထောက်ခံ အားပေးနေသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဇီလန်းစကီးသည်စနေနေ့က ဟီရိုရှီးမားသို့ ရောက်ရှိလာခဲ့ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။အမေရိကန်သည် ယူကရိန်းနိုင်ငံသို့အစွမ်းထက် အက်ဖ်-၁၆ တိုက်လေယာဉ်များ ပေးပို့ရန် ကတိပေးလိုက်ပြီဖြစ်သည်။

ထိပ်သီးညီလာခံသို့ဇီလန်းစကီး ရောက်လာကခြင်းမှာ ကြီးမားသောအလှည့်အပြောင်းတစ်ခု Game changer ဖြစ်သလို ငြိမ်းချမ်းရေးတည်ဆောက်ရန်နည်းလမ်းတစ်ခုဟု ပြင်သစ် သမ္မတ မေခရွန်က ပြောကြားလိုက်သည်။

ဟီရီုရှီးမားစက်မှုထိပ်သီးညီလာခံ၏ အဓိက ဆွေးဆွေးပွဲအကြောင်းအရာမှာ ရုရှားအားစီးပွားရေးအရ ထပ်မံပိတ်ဆို့အရေးယူရေးနှင့် ယူကရိန်းအား ကူညီထောက်ပံ့ရေးဖြစ်သလို ဒေသတွင်း စီးပွားရေး ဗိုလ်ကျ လွှမ်းမိုးလာသော တရုတ်ကို ဟန့်တားရေးဖြစ်သည်။

ယခုထိပ်သီးအစည်းအဝေးကျင်းပနေစဉ်မှာပင် ရုရှားက လပေါင်းအတန်ကြာအောင် ခုခံနေသောယူကရိန်း၏ ဘက်ခ်မွတ်မြို့ ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင်ဟီရီုရှီးမား ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး တရုတ်၏ စီးပွားရေးဗိုလ်ကျလွှမ်းမိုးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြခဲ့သည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍တရုတ်က ကျေနပ်မှု မရှိကြောင်း နှင့်တရုတ်နိုင်ငံအား အပုပ်ချခြင်းသက်သက်ဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

စက်မှုထိပ်သီး(ရ)နိုင်ငံအပြင်အိန္ဒိယ၊ ဘရာဇီး၊ ဩစတြေးလျ တောင်ကိုးရီးယား အစရှိသည့် နိုင်ငံများကလည်း တက်ရောက်လာသဖြင့်ခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေးမှုများဖြင့်နားလည်မှု တည်ဆောက်နိုင်ခဲ့သည်။

ခု ထိပ်သီးအစည်းအဝေးတွင်အဓိက အကျိုးအမြတ်ရရှိခဲ့သူမှာ ဇီလန်းစကီးနှင့် ယူကရိန်းအရေးဖြစ်သည်။

NN-27

Ref:BBCWorld/CAN

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.