Preview

ပုဏ္ဏားကျွန်း ကုလားချောင်းရွာသားများအနေဖြင့် စစ်ကောင်စီထံမှ လူတစ်ဦး ဆန်နို့ဆီဗူးတစ်လုံးခွဲသာ ကူညီထောက်ပံ့မှု ရရှိသေးဟုဆို

မေ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :733
ရခိုင် သတင်း

နိရဥ္စရာ၊ မေ ၂၅/ ၂၀၂၃

မုန်တိုင်းတိုက်ပြီး၁၁ ရက်ခန့်အကြာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းရွာသားများ အနေဖြင့် စစ်ကောင်စီက ထောက်ပံ့သည့် လူတစ်ဦး ဆန်နို့ဆီဗူး တစ်လုံးခွဲသာ ရရှိသေးသည်ဟု ရွာသားများက ပြောသည်။

 

ွာသားတစ်ဦးက "စစ်ကောင်စီဆီက ဒီနေ့ထိ လူတစ်ဦး ဆန် ဗူးခွဲမှအပ တစ်ခုမှ မ၇သေးဘူး"ဟု ပြောသည်။

အဆိုပါ ကျေးရွာသည် အိမ်ခြေ ၂၅ ဆောင်ရှိရာတွင် ၄၀၀ ခန့်ပျက်စီးသွားခဲ့ပြီး အိမ်များတွင် သိုလှောင်ထားသည့် ဆန်၊ စပါးများမှာလည်း မုန်တိုင်းအတွင်း ရေဝင်ပျက်စီးသွားခဲ့သည်ဟု သိ၇သည်။  

အဆိုပါကျေးရွာအတွက် စစ်ကောင်စီက ဆန် ၂၁ အိတ်ပေးရာ ရွာရှိလူဦးရေနှင့် တွက်ချက်လိုက်ပါက တစ်ဦးလျှင် ဆန် နို့ဆီဗူး ဗူးခွဲသာရရှိကြပြီး ယင်းဆန်ကို မေလ ၂၀ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ခွဲဝေပေးအပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် အခြားပြင်ပအလှူရှင်အချို့၏ စားနပ်ရိက္ခာအနည်းဖြင့် ခက်ခက်ခဲခဲ စားသောက်နေကြ၇သည်ဟု ပြောသည်။

ယင်းအပြင် ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် စာသင်ကျောင်းတို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ကျေးရွာသားများသည် နေရေးထိုင်ရေး အလွန်တရာခက်ခဲနေပြီး မကြာခင်ကျရောက်တော့မည့် မိုးရာသီကာလအတွင်း လုံလုံခြုံခြုံနေထိုင်နိုင်ရန် အစိုး၇က အမိုးအကာများနှင့် စားနပ်ရိက္ခာများကို အရေးပေါ် ထောက်ပံ့ပေးစေလိုသည်ဟု နောက်ထပ်ရွာသားတစ်ဦးက ပြောသည်။

"လက်ရှိ အရေးပေါ်အခြေအနေအရဆိုရင် တာပေါ်လင်စတွေလေ။ သွပ်တွေမဟုတ်တောင် တာပေါ်လင်စတွေနဲ့ လတ်တလောနေလို့၇အောင်အတွက်ပေါ့လေ အဲဒါတွေလိုအပ်တယ်။ နောက်ပြီး စားရေးသောက်ရေးနဲ့ဆိုရင် အခုက အပြိုအပျက်တွေကို ရှင်းလင်းနေ၇တော့ အလုပ်တွေလည်း ပုံမှန်မလုပ်နိုင်သေးဘူး။ ဒါကြောင့် စားရေးနေရေးတွေကတော့ အရေးပေါ်လိုအပ်နေပါတယ်"ဟု ပြောသည်။

ထိုကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ်တွင်ရှိသော်လည်း စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနှင့် တစ်ဘက်တစ်ကမ်းတွင် တည်ရှိသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ပြီးခဲ့သည့် မေလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ပြင်းအားဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၁ ရက်၊ ညနေပိုင်း နောက်ဆုံးရရှိသော စာရင်းများအ၇ မိုခါကြောင့်သေဆုံးသူ စုစုပေါင်း ၁၄၈ ဦးရှိသွားပြီဟု ယမန်နေ့ မေလ ၂၃ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

သေဆုံးသူများတွင် ၇သေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ မွတ်ဆလင် ၁၉ ဦးအပါအဝင် မွတ်ဆလင်အများအပြားလည်း ပါဝင်သည်ဟု နိရဥ္စရာက ကောက်ခံထားသည့်စာရင်းများအ၇ သိ၇သည်။

မိုခါကြောင့် ၇ခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းတို့အပါအဝင် မြို့အများအပြားတွင် ထိခိုက်ပျက်စီးမှု ၉၀ ရာနှုန်းအထိ ရှိခဲ့သည်ဟု သိ၇သည်။

လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ကယ်ဆယ်ရေးစခန်းများနှင့် ဒုက္ခသည်စခန်းများလည်း ခေါင်မိုးလန်၊ ပြိုပျက်ကာ ရစရာမရှိဖြစ်သွားခဲ့၇သည်။

မုန်တိုင်းအတွင်း ဒီရေမြင့်တက်မှုလည်းရှိခဲ့သည့်အတွက် လေဘေးနှင့် ရေဘေးသင့်ခဲ့သူ ၁၁ သိန်း သောင်းကျော်အထိရှိခဲ့သည်ဟုလည်း ရခိုင်ပြည်နယ်အစိုး၇အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းဆက်သွယ်ရေးတို့လည်း ပြတ်တောက်သွားခဲ့၇သည်မှာ ယနေ့အထိဖြစ်သည်။ (NN-16)


ဓာတ်ပုံ - ကုလားချောင်းကျေးရွာရှိ အဆောက်အအုံများ ပြိုပျက်နေမှုမြင်ကွင်း။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.