၇ခိုင်ပြည်တွင် မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ၁၃၃၇ ကျောင်းပျက်စီးသွားခဲ့ပြီး၎င်းကျောင်းများကို အချိန်မီ ပြုပြင်တည်ဆောက်နိုင်ခြင်းမရှိသေး၍ ဇွန်လ (၁) ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည် မဟုတ်သေးကြောင်း ပညာရေးဝန်ထမ်းများကပြောဆိုသည်။
၎င်းပြင် အဆိုပါ ပျက်စီးသွားသည့် ကျောင်းများနှင့်ပတ်သက်ပြီး မြို့ပေါ် ကျောင်းတချို့မှ လွဲ၍ ကျေးလက်ဒေသရှိ ကျောင်းများသို့ လာရောက်ကြည့်ရှု့ခြင်းလည်း မရှိသေးသလို ညွှန်ကြားချက်လည်း တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမျိုး မရှိသေးဟုကျောင်းဆရာ၊ဆရာမများက ပြောသည်။
"ကျောင်းရှိရှိမရှိရှိ ကျောင်းသားလက်ခံ၇မယ်ပြောတယ်။ အဖွင့်ပြ၇မယ့်သဘောမျိုး။ ရတဲ့နေရာမှာလုပ်၇တော့မှာပဲ။ တာပေါ်လင်မိုးလို့ပဲဖြစ်ဖြစ် တစ်ခုခုစီစဥ်ပြီး ရတဲ့နေရာမှာ လုပ်၇တော့မှာပဲ။ လက်ခံပြီး စာပြပြီးရင် သတင်းတောင်းရင် သတင်းပို့၊ ဓာတ်ပုံတောင်းရင် ဓာတ်ပုံပို့ ဒါဆို၇ပြီ။ အဲ့ဒီသဘောပါပဲ။ အလုပ်ပြတာပေါ့။ ကျောင်းပြင်ဖို့တွေနဲ့ ပတ်သက်လို့ ဘာမှ ညွှန်ကြားထားတာမရှိသေးဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလိုလုပ်ဆိုတဲ့သဘော" ဟု ပြောသည်။
စစ်ကောင်စီက လာမည့် ဇွန် ၁ ရက်မှာ ကျောင်းများပြန်ဖွင့်ရန်အတွက် စီစဥ်နေပြီး မေ ၂၃ မှ ၃၁ ၇က်ကို မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်လက်ခံမည့်နေ့ အဖြစ် သတ်မှတ်ထားသည်ဟု သိ၇သည်။
မုန်တိုင်းကြောင့် ၇ခိုင်တွင် အခြေခံပညာ စာသင်ကျောင်း ၁,၃၃၇ ကျောင်း ပျက်စီးသွားခဲ့ပြီး အဆိုပါ ကျောင်းများအားလုံးကို ပြန်လည်ပြုပြင်ရန် အားစိုက်ဆောင်ရွက်ခြင်းမရှိဘဲ ကျောင်းများကို ဇွန်လ ၁ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက စီစဥ်နေခြင်းမှာ မဖြစ်သင့်ဟုလည်း နောက်ထပ် ကျောင်းဆရာမတစ်ဦးကလည်း ပြောဆိုသည်။
၇ခိုင်တွင် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုးခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းများ သာမကနေအိမ်များ၊ သာသနိက အဆောက်အအုံများ ပြိုပျက်သွားသဖြင့် ကျောင်းသားများ အစားထိုး ပြသမည့်အဆောက်အအုံ နေရာလည်း မရှိဖြစ်နေကြောင်း သိ၇သည်။
၇ခိုင်ပြည်နယ်အတွင်းမှ ၇သေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊စစ်တွေ၊ မင်းပြားစသည့် မြို့နယ်များတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအပြင် နေအိမ်အဆောက်အအုံ ၉၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီးကုန်ပြီး တချို့ ရွာများမှာ ရွာပျက်ကြီးသဖွယ် ဖြစ်သွားခဲ့သည်ဟု သိ၇သည်။
ယခုကဲ့သို့ ကာလတွင် ပြန်လည်ထူထောင်ရေးကို အားစိုက်လုပ်ဆောင်ခြင်းမရှိဘဲ နေအိမ်မရှိ၊ ကျောင်းမရှိသည့်အနေအထားနှင့် ကျောင်းပြန်တက်ရန်မဖြစ်နိုင်ကြောင်း ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ၇သေ့တောင်မြို့မှ ဒေါ်လှလှက ပြောသည်။
"ဘယ်လိုစိတ်နဲ့ ကျောင်းပြန်တက်မလဲ။ ကျောင်းကြည့်တော့အပြို၊ အိမ်ကြည့်တော့မရှိ။ ဘယ်နားက ဘယ်လို သွားတက်မလဲ။ ဒီလိုအနေအထားနဲ့ ဘယ်လိုမှ ကလေးတွေ ကျောင်းတက်ဖို့ မဖြစ်နိုင်သေးပါဘူး။"
ပုဏ္ဏားကျွန်းမြို့နယ်၊ ဖားဗွေကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက "စားဖို့တောင်မရှိ၊ ရေတောင် မသောက်၇တာကို ဘယ်လိုကျောင်းတက်မလဲ။ အာဏာရှိသူတွေက လူမြင်ကောင်းအောင် ဖြစ်သလို ပြောနေတာပဲရှိတာ။ ကျောင်းပျက်ကြီးကလည်း ဒီအတိုင်းပဲ။ ဘယ်သူမှ ပြုပြင်တာ မရှိသေးဘူး" ဟု ပြောသည်။
အဆိုပါကျောင်းများကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူးအပါအဝင် တခြားတာဝန်ရှိသူများကို နိရဉ္စရာသတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
မေ ၂၃ ရက်ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆေးရုံ၊ ဆေးခန်း နှင့် စာသင်ကျောင်းများကို ဦးစားပေးရှင်းလင်းမှုများ ပြုပြင်လျက်ရှိသည်ဟု ဖော်ပြထားသော်လည်း မုန်တိုင်းဒဏ်အဓိက ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင်စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲကဲ့သို့ ခရိုင်မြို့ကြီးများမှ အပ ကျန်ကျေးလက်တောရွာများတွင် မည်သည့် ကယ်ဆယ်ရေး လုပ်ငန်းကိုမှ စစ်ကောင်စီကလုပ်ဆောင်မှု မရှိသေးဟု ဒေသခံများက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိကအဆောက်အအုံ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၁ ခု၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄၀ ပျက်စီးခဲ့ပြီး ၇ခိုင်ပြည်နယ်အတွင်း၌ နေထိုင်သူ ၁၄၈ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
လက်ရှိမှာ မုန်တိုင်းအလွန် ၁၀ ရက်မြောက်နေ့ကို ရောက်ရှိလာသော်လည်းမုန်တိုင်းသင့် ပြည်သူများအနေဖြင့် ၇ခိုင်လူမှုအဖွဲ့အစည်းများ၊ ULA/AA နှင့် စစ်ကောင်စီတို့ထံမှ ကူညီထောက်ပံ့မှု အနည်းငယ်ရရှိသော်လည်း အကူအညီမဲ့နေသည့် နေရာအများစုရှိနေသေးပြီး စားဝတ်နေရေး အကျပ်အတည်းကို ဆိုးဝါးစွာရင်ဆိုင်နေကြ၇ဆဲဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီထံမှတဆင့်မဟုတ်ဘဲ နိုင်ငံတကာအကူအညီများ မုန်တိုင်းသင့်ဒေသသို့ တိုက်ရိုက် အမြန်ဆုံးဝင်ရောက်လာရေးကို မုန်တိုင်းသင့်ပြည်သူများလိုလားနေကြသည်ဟု သိ၇သည်။(NN-7)