Preview

အမိုးပြိုကျမှုကြောင့် ကျောင်းသား ၄ ဦးအပါအဝင် လူ ရ ဦး သေဆုံးပြီးနောက် ကျောင်းအဆောက်အအုံများကို စစ်ဆေးရန် ထိုင်းစာသင်ကျောင်းများကို ညွှန်ကြား

မေ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1610
နိုင်ငံတကာ သတင်း

ထိုင်းနိုင်ငံ ဖီချစ် Phichit ပြည်နယ် Wat Noen Po ကျောင်းတွင်  တနင်္လာနေ့ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်ကျောင်းသားလေးဦးအပါအဝင် လူခုနစ်ဦးသေဆုံးခဲ့ပြီးနောက်  နိုင်ငံတဝှမ်းရှိ ကျောင်းအဆောက်အအုံများကိုစစ်ဆေးရန် ထိုင်းပညာရေးဝန်ကြီးဌာနကအမိန့်ထုတ်လိုက်သည်။

 

လေပြင်းတိုက်ခတ်ခြင်းနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ခေါင်မိုးများပြိုကျပြီး အောက်ဘက်ရှိအားကစားကွင်းများပေါ်တွင် ကစားနေသော ကျောင်းသားအများအပြားပေါ်သို့  ပြိုလဲကျိုးကျသွားခဲ့သည်။

 

အဆိုပါ မတော်တဆမှုကြောင့် ဦးသေဆုံးပြီးကျောင်းသား၁၅ ဦးနှင့် အုပ်ထိန်းသူ ဦး စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။

 

ထိခိုက်ဒဏ်ရာရသူများကိုဆမ်ငမ်း၊ ဝါချီရာဘရာမီနှင့် ဖိချိရှိ ဆေးရုံသုံးရုံတွင် ကုသပေးနေကြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Atthaphon Sangkhawasee ကပြောသည်။

 

မုန်တိုင်းကြောင့် ကျောင်းအားကစားရုံခေါင်မိုး ပြိုကျမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူများကို ထိုင်းဘုရင်က အခမဲ့ ဆေးကုသပေးမည်။

 

ထိုင်းဝန်ကြီးချုပ်ပရာယွတ် နှင့် အစိုးရတာဝန်ရှိသူများသည် မုန်တိုင်းကြောင့်အားကစားရုံပြိုကျခဲ့သော ဘန်နွန်းပို စာသင်ကျောင်းသို့ ဗုဒ္ဓဟူးနေ့ကသွားရောက်ကြည့်ရှုခဲ့ပြီး ဒဏ်ရာရရှိသူများအား ထိုင်းဘုရင်က အခမဲ့ဆေးကုသပေးမည် ဖြစ်ကြောင်း နှစ်သိမ့်စကား ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံဖီချစ်ပြည်နယ်တွင် မေလ(၂၂)ရက်နေ့က ရုတ်တရက်တိုက်ခတ်သွားသော ိုးသက်လေးပြင်းကြောင့် စာသင်ကျောင်းနှစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ကျေးရွာ(၁၆)ရွာ၊ နေအိမ် (၄၀၈)လုံး ပျက်စီးခဲ့သည်ဟု သိ၇သည်။

 

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူအနူချာ ဘူရာပါချိုင်စရီက အများပြည်သူနှင့်သက်ဆိုင်သောအဆောက်အဦးများ ဆောက်လုပ်ရာတွင်ခိုင်ခံ့မှု ရှိမရှိဌာနဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးရန် လိုကြောင်း နှင့် ထိုင်းမိုးလေ၀သဌာန၏သတိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောကြားခဲ့သည်။

 

Ref: Bangkok Post/ The Nation

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.