သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းတိုက်ပြီး ၁၀ ရက်အကြာ စစ်တွေလမ်းအချို့ လျှပ်စစ်မီး ၃ နာရီခန့်ပြန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 390

မိုခါမုန်တိုင်းတိုက်ပြီး ၁၀ ရက်ခန့် မှောင်မိုက်နေခဲ့သော စစ်တွေမြို့ လမ်းအချို့ ယမန်နေ့ က လျှပ်စစ်မီး ၃ နာရီခန့် ပြန်လည် ရရှိခဲ့သည်ဟု သတင်းရရှိသည်။

 

သို့သော်အဆိုပါ လျှပ်စစ်မီးကို  ဒီဇယ်မီးစက်ကြီးဖြင့်  ပြန်ပေးခြင်းဖြစ်ပြီး အချိန်အားဖြင့် ညနေ နာရီ ၁၀ နာရီအထိ ရရှိခြင်းဖြစ်သည်ဟု သိရသည်

 

ယမန်နေ့က လျှပ်စစ်မီးရရှိခဲ့သည့် လမ်းများမှာ မေယုလမ်း၊ လမ်းမကြီးတစ်လျှောက် ဘီလူးမတံတားအထိဟု သိရသည်။

 

မြို့သူမြို့သားများ ဆက်သွယ်ရေးအဆင်ပြေစေရန်ဟုဆိုကာ လမ်းမီးများပေးထားစဥ် ဖုန်းနှင့် လျှပ်စစ်မီးသီးများ အခမဲ့သွင်း၍ရသည့်နေရာ ခုကိုလည်း ပြည်နယ်လျှပ်စစ်ရုံးက စီမံပေးထားသည်ကို တွေ့ရသည်။

ယင်းနေရာများမှာ မင်းဂံကားဂိတ်ဝင်းအနီး၊ စစ်တွေမီးစက်ကြီးရှေ့၊ ရခိုင်ပြည်နယ်အစိုးရဖွဲ့ ရုံးရှေ့၊ ယဥ်ကျေးမှုပြတိုက်အနီးနှင့် ဘီလူးမတံတားအနီးတို့ဖြစ်သည်ဟု သိရသည်။

 

အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းမှ ဖြန့်ဖြူးနေသောလျှပ်စစ်မီးမှာ မုန်တိုင်းအတွင်း ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးသွားခဲ့သဖြင့်  ပြန်လည် ပြုပြင်နေသော်လည်း ယနေ့အချိန်ထိ ပြီးစီးမှု မရှိသေးသဖြင့် ရခိုင်ပြည်နယ်မှ စစ်တွေအပါအဝင် မြို့နယ်အများအပြားတွင် လျှပ်စစ်မီးပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ