ဂျပန်နိုင်ငံ၊နာဂါနိုခရိုင်၊နာကာနိုတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဓါးထိုးမှုနှင့်ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာလူလေးဦး သေဆုံးသွားခဲ့သည်ဟု သိ၇သည်။
ရဲများနှင့်၁၂ နာရီကြာ အခြေအနေတင်းမာနေခဲ့ပြီးနောက် အသက်(၃၁) နှစ်အရွယ်ရှိဂျပန်အမျိုးသားတရားခံကို နာကာနိုနေအိမ်တွင် သောကြာနေ့ နံနက် ၄:၃၀ နာရီကဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
နာကာနိုမြို့တော်ကောင်စီဥက္ကဋ္ဌ၏သားဖြစ်သူသည် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်ထိုးပြီးနောက် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာသည့် ရဲနှစ်ဦးကိုပစ်သတ်ခဲ့သည်။
ထို့နောက်ဖခင်ဖြစ်သူ၏ နေအိမ်ထဲတွင် ပုန်းအောင်းကာ အဖမ်းမခံဘဲအာခံနေခဲ့သည်။
အမျိုးသမီးနှင့်ရဲနှစ်ဦးကို ဆေးရုံပို့ဆောင်ခဲ့သော်လည်းသေဆုံးသွားသည်။
အခြားအမျိုးသမီးကြီးတစ်ဦးကိုလည်းခြံဝင်းတွင် လဲကျသေဆုံးလျှက်တွေ့ရှိ၇သည်ဟု သတင်းတွင် ဖော်ပြသည်။
သေနတ်သမားသည်ပြောက်ကျားအင်္ကျီ ဝတ်ဆင်ထားပြီး အမဲလိုက်သေနတ်ကို ကိုင်ဆောင်ထားသည်။
လက်နက်ကိုင်ဆောင်ခွင့်အထူးတင်းကျပ်ထားသော ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုမျိုးမှာအလွန်ရှားပါးသော ဖြစ်ရပ် ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဓါးထိုးမှုနှင့် သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည်ကိုမူ ယခုချိန်ထိ မသိရှိ၇သေးဟု ဆိုသည်။
NN-27
ref: BK Post
------------