Preview

မုန်တိုင်းကြောင့် စာသင်ကျောင်းတွေအပျက်အစီးများသည့် ရခိုင်ပြည်နယ်အတွင်း ကျောင်း ၇၅ ရာခိုင်နှုန်း ကို ဇွန် ၁ ရက်နေ့ အချိန်မီ ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြော

မေ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :822
ရခိုင် သတင်း

(လက်တွေ့မြေပြင်တွင် ကျောင်းများဖွင့်လှစ်ရန် မလွယ်ကူနိုင်ဟုဆို)

 

နိရဥ္စရာ၊ မေ ၂၇/၂၀၂၃

 

မုန်တိုင်းဒဏ်ကို ဆိုးဝါးစွာခံခဲ့၇သည့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၏  ၇၅ ရာခိုင်နှုန်းကို ဇွန်  ရက်တွင် အချိန်မီ ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီကပြောသော်လည်းလက်တွေ့မြေပြင်တွင် ကျောင်းများဖွင့်လှစ်ရန်မှာ မလွယ်ကူနိုင်ဟု ဒေသခံ ကျောင်းသားမိဖများနှင့်ကျောင်းဆရာ ဆရာမများက ပြောကြားသည်။  

 

၇ခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင် အထက်တန်းအဆင့် ကျောင်း ၄၈၇ ကျောင်း၊ အလယ်တန်းအဆင့် (လက၊ အလက(ခွဲ) မူလွန်)  ကျောင်းပေါင်း စုစုပေါင်း ၁၁၇၁ကျောင်း၊ မူလတန်း အဆင့် ၁၅၃၅ ကျောင်း၊ စုစုပေါင်း ၃၁၉၃ ကျောင်းရှိသည်။

 

ထိုအထဲက မိုခါမုန်တိုင်းဒဏ်ကြောင့် ကျောင်းပေါင်း၃၃၇ပျက်စီးခဲ့သည်ဟု သိ၇သည်။ 

 

ယင်းကျောင်းများအထဲမှ ကျောင်းပေါင်း ၂၄၁၀ ကို  ဇွန်  ရက်တွင်  အချိန်မီဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြောခွင့်၇  ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြောင်း နေ့ မေ ၂၇ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ 

 

ကျန်သည့်ကျောင်းများကိုလည်း ဇွန်လ တတိယပတ်တွင်ဖွင့်လှစ်မည်ဟုလည်း ၎င်းက ဆိုသည်။

 

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဇွန်လတစ်ရက်နေ့မှစပြီး ကျောင်းဖွင့်လှစ်သွားမည်ဖြစ်၍ မေ ၂၃ မှ၃၁ရက် အထိ ကျောင်းအပ်လက်ခံရက်အဖြစ် ထုတ်ပြန်ထားသည်။ 

 

မုန်တိုင်း ဒဏ်ကြောင့် ကျောင်းများပျက်စီးမှုမှာ ပမာဏကြီးမားသည့်အတွက် ပြန်ပြင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး ပြင်ဆင်မှုရာခိုင်နှုန်းသည် ယနေ့အထိ ၆၀ ရာခိုင်နှုန်း ပြီးပြီဟုဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

 

သို့သော်လည်း နယ်ကျေးရွာများရှိကျောင်းအများစုမှာ ယခုအချိန်ထိ  တစ်စုံတစ်ရာ ပြုပြင်ခြင်း မရှိသေးကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။

 

လက်ရှိမှာ ဇွန်  ရက်နေ့ ကျောင်းဖွင့်ရန်ပြောဆိုထားသော်လည်း မုန်တိုင်းသင့်မြို့နယ်များရှိကျောင်းအများစုမှာ ပြန်လည်ပြုပြင်ပေးခြင်းမရှိသေးသလို လုံးပျက်စီးသွားသည့်ကျောင်းများလည်း ရှိသည်ဟု ကျောင်းဆရာ၊ ဆရာမများက ပြောသည်။ 

 

ပျက်စီးမှုများပြားခဲ့သည့် ၇သေ့တောင်မြို့နယ်မှ ချိန်ခါလိန်ကျေးရွာတွင်လည်း ပျက်စီးသွားသည့် ကျောင်းကို ပြုပြင်နိုင်ခြင်းမရှိသေးဘဲ ယာယီစာသင်နိုင်ရန် တာပေါ်လင်မိုးကာ ကျောင်းပြန်ဖွင့်ရန် စီစဥ်ထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကြိုင်စိုးက နိရဥ္စရာကို ပြောသည်။ 

 

"လောလောဆယ် ယာယီတာပေါ်လင်မိုးပြီး သင်လို့၇မလား ဆရာမတွေနဲ့ပြောထားတယ်။ ရမယ့်အခြေအနေရှိရင် မြို့နယ်ထွေအုပ်ရုံးက ထုတ်ပေးရင် လောလောဆယ်မိုးပြီး ကလေးတွေကျောင်းတက်နေလို့၇မယ်လို့ ပြောထားကြတယ်။ အထက်တန်းကျောင်းသားတွေ ဆယ်တန်းကျောင်းသားတွေအတွက်  မိဘတွေ တက်နိုင်ကြမှာမဟုတ်ဘူး။ ကျေးရွာအတိုင်းအတာနဲ့ မူလွန်လောက်ကိုတော့ သင်နိုင်ကြမှာပါဟု ပြောသည်။

 

၇ခိုင်ပြည်၏ လက်ရှိမြေပြင် အနေအထားတွင် စာသင်ကျောင်းများသာမက ကျောင်းဆရာ၊ ဆရာမမျာ နေအိမ်များလည်း မုန်တိုင်းကြောင့် ပြိုပျက်ရာတွင် ပါဝင်သွားခဲ့သဖြင့်  လက်ရှိ ကျောင်းအပ်လက်ခံကာ အဖွင့်ပြ၇သည့် အနေအထားတစ်ခုသာဖြစ်ပြီး ကျောင်းများ ဇွန်လအတွင်း ဖွင့်လှစ်ရန် လွယ်ကူနိုင်မည် မဟုတ်ကြောင်း ကျောက်တော်မြို့နယ်မှ အငြိမ်းစားကျောင်းအုပ် ဆရာကြီးတစ်ဦးက ပြောသည်။ 

 

 (NN-7)

 

(ဓာတ်ပုံ-U Oo Tin Thein)

(၇သေ့တောင်မြို့နယ်၊ ခွဆုံကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်း)

#ရခိုင်#မုုန်တိုင်း# မိုခါ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.