လေယာဉ်ပျံသန်းနေစဉ်လူတစ်ဦးက အရေးပေါ် လေယာဉ်တံခါးကို ဆွဲဖွင့်ခဲ့မှု ကိုးရီးယားလေကြောင်းလိုင်း Asianaလေယာဉ်ပေါ်တွင်သောကြာနေ့u ဖြစ်ပွါးခဲ့ပြီးခရီးသည်အချို့ဒဏ်ရာရရှိသွားခဲ့သည်။
ထိုသို့အရေးပေါ်တံခါးဆွဲဖွင့်ခဲ့သဖြင့် လေယာဉ်ပေါ် ရုတ်ရုတ်သည်းသည်း ဖြစ်ပွါးပြီး ခရီးသည်၉ ဦး အသက်ရှူကျပ်ကာ သတိလစ်မေ့မျောသွားသည်ဟု သိ၇သည်။
Asiana ကိုးရီးယားလေယာဉ်သည် ဒေဂူးလေဆိပ်သို့ဆင်းသက်နေစဉ် ၂၁၃ မီတာ(ပေ ၇၀၀ခန့်) အရောက်တွင် ရုတ်တရက်အရေးပေါ်တံခါးပွင့်သွားသဖြင့်ပြင်ပလေများ လေယာဉ်တွင်းတိုးဝင်ပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။
ကံအားလျော်စွာလေယာဉ်မှာ ဘေးကင်းစွာဖြင့် ဆင်းသက်နိုင်ခဲ့သည်။ လေယာဉ်အရေးပေါ်တံခါးကိုဆွဲဖွင့်ခဲ့သူအား လေဆိပ်အရောက်တွင် ဖမ်းဆီးလိုက်သည်ဟု သိ၇သည်။
ကိုးရီးယားလေကြောင်းလေယာဉ်လုံခြုံရေးဌာန အရာရှိဟောင်း ဂျင်ဆောင်ဟွန်းက ယခုကဲ့သို့ဖြစ်ရပ်မျိုး ယခင်က တစ်ခါမှ မဖြစ်ပွါးဖူးဟု ဆိုသည်။
ရဲများ၏ စစ်ဆေးမေးမြန်းချက်အ၇တခါးဆွဲဖွင့်သူမှာ အသက် ၃၀ ဝန်းကျင်ရှိ ကိုးရီးယား အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ စိတ်များမသက်မသာဖြစ်လာ၍တခါးကိုဆွဲဖွင့်မိခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါပုဂ္ဂိုလ်မှာ မကြာသေးခင်က အလုပ်ပြုတ်ထားသူတစ်ဦးဟုလည်း သိ၇သည်။
ယခုကဲ့သို့လေယာဉ်အရေးပေါ်တခါးကို ခွင့်ပြုချက်မရှိဘဲ ဖွင့်သည့်အတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၀နှစ်အထိ ကျခံ၇နိုင်သည်ဟု ဆိုသည်။
NN-27
Ref:Strait Times