Preview

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသက ကျေးရွာပေါင်း ၆၀ ကျော် စားရေးသောက်ရေးနဲ့အမိုးအကာများ အရေးတကြီးလိုအပ်နေ

မေ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :635
ရခိုင် သတင်း

မိုခါမုန်တိုင်းဒဏ်ကိုဆိုးဆိုးဝါးဝါးခံခဲ့၇သည့် ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းအထက်ပိုင်း ဒေသမှကျေးရွာပေါင်း ၆၀ ကျော်မှာ လက်ရှိတွင် စားနပ်ရိက္ခာများပြတ်လပ်နေပြီး အမိုးအကာများလည်း မရရှိသေးသဖြင့် အထူးအခက်အခဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။

 

တောဖျားချောင်းဒေသရှိဆင်သည်ရွာမှ ဒေသခံတစ်ဦးက " ကျနော်တို့ တောဖျားချောင်းဒေသက ဖုန်းလိုင်းတွေ၊အင်တာနက်လိုင်းတွေလည်းမမိပါဘူး။လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲတယ်။ရေလမ်းတခုတည်းကပဲ သွားလာလို့ရတဲ့အတွက်အလှူရှင်တွေက မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ရှိတာလေးကိုစားလူစား၊ အငတ်နေတဲ့သူနေနဲ့ အကုန်လုံး အခက်အခဲဖြစ်နေပါတယ်။နေအိမ်လုံး၀ပျက်စီးသူတွေကစာသင်ကျောင်းမှာ ေကြသလို ခေါင်မိုးတွေပျက်စီးသွားသူကတော့တာပေါ်လင်စ အဟောင်းတွေကာပြီး နေကြပါတယ်"ဟု ပြောသည်။

 

အဆိုပါကျေးရွာများမှာမုန်တိုင်းကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးသွားပြီး လက်ရှိတွင် နေထိုင်စရာနေရာများနှင့်စားဝတ်နေရေးအတွက် အစိုးရနှင့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှာလည်း လာရောက်ကူညီပေးခြင်းမရှသေးဟုဒေသခံများ၏ပြောဆိုချက်အရ သိ၇သည်။

 

တောဖျားချောင်းဒေသရှိဒေသခံများသည်  ကွမ်းစိုက်ခင်း၊ ငရုတ်ကောင်းစိုက်ခင်းနှင့် ဒညှင်းသီးစိုက်ခင်းတို့ကိုအသက်မွေးဝမ်းကျောင်းအဖြစ် အဓိကလုပ်ကိုင်စားသောက်ကြပြီး လက်ရှိတွင် မုန်တိုင်းကြောင့်စိုက်ခင်းများမှာလည်း ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးသွားကြောင်းလည်း သိ၇သည်။

 

" အကုန်လုံးပါသွားတော့စီးပွားရေးက နလန်ပြန်ထူနိုင်ဖို့အတွက် အရမ်းကိုအခက်အခဲဖြစ်သွားပါပြီ။ အိမ်တွေကိုလည်း ပြန်မဆောက်နိုင်၊ စိုက်ခင်းတွေကိုလည်းပြန်မပြင်နိုင်ဘူး။ဘယ်နေရာကနေစပြီး ဘယ်လိုပြန်လည်တည်ဆောက်၇မလဲဆိုတာတောင် ကျနော်တို့မသိတော့ပါဘူး။အကုန်လုံး အထိနာသွားကြတာပါ" ဟု တောဖျားချောင်းဒေသမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီအနေဖြင့်မုန်တိုင်းသင့် ၇ခိုင်ပြည်သူများသို့ အကူအညီများပေးမှုမှာ လွန်စွာနှေးကွေးနေပြီးမုန်တိုင်းတိုက်ခတ်ပြီး (၂) ပတ်ကျော်လာသည့်တိုင်အောင်  ကယ်ဆယ်ရေး အကူအညီအထောက်အပံ့ တစ်စုံတစ်ရာ မရရှိသည့်ကျေးရွာများစွာ ရှိနေသေးသည်ဟု သိ၇သည်။

 

၎င်းပြင် စစ်ကောင်စီသည် ိုင်ငံတကာက လှူဒါန်းထားသည့် ယာယီတဲအိမ်များ၊ တာပေါ်လင်စများ၊ ငါးသေတ္တာများ၊အဟာရဖြည့်မုန့်များ၊ဆေးဝါးများနှင့်တခြားသောလူသုံးကုန်ပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများလက်ထဲသို့ တစ်စုံတစ်ရာ လှူဒါန်းပေးမှုမရှိဘဲစစ်တွေ၊ပုဏ္ဏားကျွန်း မြို့နယ်များတွင် လူတစ်ဦးလျှင် ဆန် နို့စည်ဗူး ၂ဗူးကျနူန်းဖြင့်သာပေးကမ်းလျှက်ရှိနေကြောင်း တွေ့၇သည်ဟု ဒေသခံများက ပြောဆိုသည် (NN-22)

(NN-22)

#ရခိုင်#မုုန်တိုင်း# မိုခါ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.