English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
နိရဉ္ဇရာ
လှူရန်
Preview

မိုခါမုန်တိုင်းကြောင့် နေအိမ်နှင့်စားနပ်ရိက္ခာများပျက်စီးခဲ့ရသည့် ပေါင်းဇားကျေးရွာကို ကယ်ဆယ်ရေးကူညီများ အမြန်လိုအပ်နေ

မေ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :835
ရခိုင် သတင်း


မိုခါမုန်တိုင်းကြောင့် ၇ခိုင်ပြည်နယ် ၇သေ့တောင်မြို့နယ် ပေါင်းဇားကျေးရွာတွင်  နေအိမ်အဆောက်အအုံများနှင့် စားနပ်ရိက္ခာများပျက်စီးဆုံးရှုံးမှုများသည့်အတွက် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု သိ၇သည်။


ပြီးခဲ့သည့် မေ ၁၄ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြေ ၁၁၅ဆောင်ရှိသည့် ပေါင်းဇားကျေးရွာတွင် လူနေအိမ် အဆောက်အအုံများနှင့်ဘုန်းတော်ကြီးကျောင်းများမှာ ပြိုကျ၊ပျက်စီး၊ အမိုးလန်မှုများရှိခဲ့သည့်အတွက်ကြောင့်တစ်ရွာလုံးတွင် နေအိမ်တစ်လုံးတည်းသာ အကောင်းကျန်ခဲ့သည်ဟု ပေါင်းဇားဆရာတော် ဘဒ္ဒန္တစာရိန္ဒာက မိန့်သည်။


“အုတ်နဲ့ဆောက်ထားတဲ့ တိုက်အိမ်တစ်ဆောင်ပဲကျန်ပါတယ်။ကူညီကယ်ဆယ်ရေးလည်း မရောက်သေးဘူး။ မနေ့ကတော့ လောင်းချောင်းကအဖွဲ့လေးတစ်ဖွဲ့က ကိုယ်တော်တို့အခက်အခဲကို မြင်လို့ နေအိမ်လုံး၀ပျက်စီးသွားတဲ့သူတွေကို ဆန်တောင်းထက်ဝက်နဲ့ အဝတ်နည်းနည်းပေးခဲ့တယ်”ဟု မိန့်သည့်။


လက်ရှိတွင်ပေါင်းဇားကျေးရွာ၌ အမိုးအကာမရှိဘဲ နေရေးထိုင်ရေးခက်ခဲနေသူများကိုရွာဘုန်းကြီးကျောင်းမှကွာကျသွားသည့် သွပ်များနှင့် လုံးခြုံ ပြိုပျက်သွားသည့်ဓမ္မာရုံမှ သွပ်များကို လောလောဆယ်မိုးရန်ပေးထားသည်ဟု ဆရာတော်က ဆက်မိန့်သည်။


“ကိုယ်တော်တို့မှာဓမ္မာရုံတစ်ခုလုံး အားလုံး ပျက်သွားတယ်။  ပြီးတော့ ကျောင်းခေါင်တွေ၊ အဖီအယပ်တွေ၊အကာတွေပါ ပျက်စီးသွားတယ်ဆိုတော့ အဲဒီပျက်စီးသွားတဲ့ သွပ်တွေကိုရွာသားတွေကို ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ အမိုးအကာမရှိဘဲနေရင်  ရွာသားတွေမကျန်းရေး၊ မမာရေးဖြစ်မှာကို စိုးရိမ်တဲ့အတွက်ရော၊ စပါးဆန်ရေ နည်းနည်းလေးကျန်ခဲ့တာကိုလုံခြုံအောင်ဆိုပြီးတော့ ကျောင်းကသွပ်တွေကို မိုးပြီးတော့နေကြ။၇လာတဲ့အခါ ဒီကျောင်းကိုလုပ်ကြမယ်။ အခုက အရေးကြီးတယ်။ ဒီလိုပေးလို့တစ်အိမ်ကိုလုပ်ပြီးတော့ မိသားစု ၃ စု ပေါင်းနေကြတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့လည်းသွပ်မိုးတွေက အကောင်းတော့မဖြစ်ပါဘူး။အဲဒါတွေကို ထုကာပြင်ကာနဲ့ မိုးပြီးတော့ အဲဒီလို အောက်တွေမှာနေထိုင်ကြတဲ့သူတွေရှိပါတယ်”ဟုမိန့်သည်။


အဆိုပါပေါင်းဇားကျေးရွာမှာ လောင်းချောင်းကျေးရွာအနီး မယူမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲသည့်အတွက် အဆိုပါကျေးရွာသို့ ကူညီကယ်ဆယ်ရေးများမှာ ယခုထိတိုင်လုံး၀ရောက်မလာသေး၍ ကျေးရွာသားမှာ နေထိုင်စားသောက်ရေးအတွက်အလွန်တရာ အခက်အခဲဖြစ်နေကြသည်ဟု သိ၇သည်။ (NN-3)




မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ဆက်သွယ်ရန်ကျွန်ုပ်တို့အကြောင်းသတ်မှတ်ချက်များကူညီမည်အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.