ပြီးခဲ့သည့်မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန်တွင် စစ်တွေမြို့၌ယခင်ကထက်သုံးရေအခက်အခဲနှင့် ပိုမိုကြုံတွေ့လာနေ၇သည်ဟု ဒေသခံများကပြောသည်။
စစ်တွေမြို့တွင်နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးလေ့ရှိသဖြင့် မြို့ခံအများစုသည်အဝီစိစက်ရေတွင်းကိုသာ အသုံးပြုကြ၇သည်။
အဝီစိစက်ရေတွင်းကို အသုံးပြုရာတွင်လည်း လျှပ်စစ်မီးကိုအသုံးပြု၍အဝီစိမှရေကို ပိုက်လိုင်းမှ တစ်ဆင့် ရေမော်တာစက်ဖြင့် ရေတင်ပြီး အသုံးပြုကြ၇သည်။
လက်ရှိတွင် စစ်တွေတွင် လျှပ်စစ်မီးရရှိခြင်းမရှိသဖြင့် ရေတင်အခက်အခဲဖြစ်နေပြီးမြို့ခံအများစုမှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြ၇သည်ဟုစစ်တွေမြို့ရူပတောင်ရပ်ကွက် ဒေသခံတစ်ဦးကပြောသည်
"မီးစက်ရှိတဲ့အိမ်တွေမှာဆိုရင်တော့မော်တာနဲ့ အဝီစိတွင်းကရေတင်လို့အဆင်ပြေကြပေမယ့်မီးစက်မရှိတဲ့ အိမ်တွေမှာဆိုရင်တော့ ရေတင်လို့ မ၇ဖြစ်နေတယ်။ကျမတို့အပိုင်းမှာဆိုရင် ရေကန်တွေကမရှိဘူး။ ရေကန်ရှိတဲ့နေရာတွေကနည်းနည်းအလှမ်းဝေးတော့ အဲဒီနေရာက ရေတွေကို အမြဲတမ်းသွားခပ်ဖို့ကလည်းအဆင်မပြေဘူးလေ။ ဒါကြောင့် ပိုက်ဆံတွေနဲ့ ဝယ်ယူသုံးစွဲနေကြရတော့ အခက်အခဲဖြစ်နေကြ၇တယ်" ဟုပြောသည်။
မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့်လမ်းမီးတိုင်များ၊ ထရန်စဖော်မာများ၊လျှပ်စစ် ဓာတ်အားပေးကြိုးများနှင့် စက်ရုံအချို့လည်းပျက်စီးသွားခဲ့သဖြင့်စစ်တွေမြို့အပါအဝင် မြို့နယ်အချို့တွင် လျှပ်စစ်မီးယနေ့ထိ ရရှိခြင်းမရှိသေးဟု သိ၇သည်။
အဝီစီတွင်းတူးဖော်၍မရနိုင်သည့်စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့တွင်လည်း ဧပြီလမတိုင်ခင်ကပင်ရေဖြန့်ဝေပေးနေသည့် ရေကန်ကြီးများဆီမှ ရေပေးဝေမှုကို ရပ်တန့်ထားခဲ့ရာမှာ ယမန်နေ့မေလ ၂၇ ရက်ကစတင်ပြီး ဆတ်ရိုးကျရပ်ကွက်ရှိ ဗျိုင်းဖြူရွာ ရေကန်က ရွာကြီးမြောက်၊ အုန်းတပင်၊ထန်းပင်ရင်းရပ်ကွက်တို့ကို ပထအဆုံးအကြိမ် ပြန်လည်ပေးဝေခဲ့သည်ဟု သိ၇သည်။
ထိုသို့ ပေးဝေရာတွင် တစ်ပတ်လျှင်သုံးရက်စီ၊ တစ်နေ့တွင် နှစ်နာရီခန့်ပေးဝေနေသော်လည်း ရွာကြီးမြောက်တွင် ရေပိုက်မှ ရေလာသည့် နေရာမှာ တစ်ခုတည်းသာရှိသဖြင့် အလုအယက်ခပ်ယူကြ၇သည်ဟု ၎င်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။
"ဗျိုင်းဖြူရွာရေကန်ကပေးတဲ့ရေက သင်္ကြန်မကျခင်ကတည်းကနေမလာတော့တာ။ ဒီနေ့မှရေလာလို့ ဝိုင်းခပ်နေကြ၇တာပါ။ ဒီဗျိုင်းဖြူရွာရေကန်ကလာတဲ့ရေပိုင်လိုင်းနေရာက ကျမတို့ရွာမှာဆိုရင် ဒီတစ်နေရာတည်းမှာပဲရတာ။ဒီနေရာကိုတောင် ရွာကမောင်နှမနှစ်ယောက်ကပဲ အုတ်ကန်နဲ့ အမိုးနဲ့လုပ်ပေးထားလို့ မိုးလုံလေလုံရေခပ်လို့ရတာပါ။ ကျမတို့ရွာဒီဘက်အပိုင်းမှာက ဘုန်းကြီးကျောင်းခြံထဲမှာကန်တစ်ကန်တော့ရှိပေမယ့် ဆားငန်ရေဝင်သွားလို့သုံးမရသေးဘူး။ဒီဗျိုင်းဖြူရွာကန်က ရေမလာတဲ့ နေ့တွေဆိုရင် ဟင်္သာကန်ကနေ ရေတွန်းလှည်းတွေနဲ့ အလုအယက်သွားခပ်ယူကြရတယ်။ရေသွားခပ်ကြရလို့ လူပင်ပန်းစိတ်ပင်ပန်းနဲ့ အရုပ်တောင်တော်တော် ကျသွားပြီ " ဟုပြောသည်။
အုန်းတပင်ရပ်ကွက်ဒေသခံ မအေးမြတ်ခိုင်က" တစ်လကျော်နှစ်လလောက်ကြာပါပြီ ရေမ၇တာက။ ရေမရတဲ့အချိန်တွေတုန်းကဆိုရင်အဝေးကြီးမှာရှိတဲ့ရေကန်တွေက တွန်းလှည်းတွေနဲ့ သွားခပ်ကြရတယ်။ဒီနားမှာရေခြောက်ဘူးပါတဲ့ တွန်းလှည်းတစ်စီးကို နှစ်ထောင်နဲ့လည်းရောင်းကြတယ်။ တစ်ချို့အခက်အခဲရှိတဲ့သူတွေမှာဆိုရင်တစ်စီးနှစ်ထောင်ဆိုတာကလည်း မလွယ်ပါဘူး။ ဒါကြောင့်အဝေးမှာရှိတဲ့ကန်တွေကနေသွားခပ်ကြရတယ်။ဆားငန်ရေဝင်သွားတဲ့ရေကန်တွေလည်း ရှိတယ်။အဲဒီကန်က ရေတွေကိုဆိုလုံး၀သုံးမရသေးဘူး။ အခုလိုရေပေးတဲ့ နေ့တွေမှာဆိုရင်လည်းရေကိုစုဆောင်းထားလိုက်ဖို့ကမလုံလောက်ဘူး။ အုတ်ကန်ရှိတဲ့သူတွေမှာဆိုအဆင်ပြေပေမယ့်။ကျမတို့လိုဆင်းရဲသားအိမ်တွေမှာက ရေပုံးလေးတွေလောက်ပဲရှိတာဆိုတော့ ရေသုံးရတာမလုံလောက်ဘူး။အဝေးကြီးကသွားခပ်ရတာပါပဲ။ နွေရာသီရောက်ရင် ရေရှားတဲ့ဒုက္ခကိုနှစ်တိုင်းခံစားနေ၇ပါတယ်"ဟုပြောသည်။
စစ်တွေမြို့ပေါ်ရှိ ဆင်ကူးလမ်း၊ထန်းပင်ရင်း၊ အုန်းတပင်၊ ရွာကြီးမြောက်၊ လမ်းမတော်၊ ရွှေပြားအစရှိသည့်ရှိသည့်ရပ်ကွက်များတွင် အဝီစိရေတွင်းလည်း တူးဖော်၍မ၇သလို ယခင်ရေဖြန့်ဝေပေးနေသည့်ကန်တော်ကြီးရေကန်နှင့် ဗျိုင်းဖြူရွာရေကန်တို့ကလည်းနွေရာသီရောက်လျှင်ရေခမ်းခြောက်မှုကြောင့် ရေဖြန့်ဝေခြင်းမပြုနိုင်၍ အဆိုပါ ရပ်ကွက်နေဒေသခံများမှာရေအခက်အခဲနှင့် နှစ်စဉ်ကြုံတွေ့နေရပြီး ရေကိုဝယ်ယူ၍လည်းကောင်း သုံးဘီး၊ဘေးတွဲဆိုင်ကယ်များနှင့်လည်းကောင်း ရေကို သွားရောက် ခပ်ယူနေ၇ကြောင်းဒေသခံများကပြောသည်။
ထို့အပြင် စစ်တွေမြို့နယ်၊ကျေးတောရွာမနှင့် ကျေးတောပိုက်ဆိပ်ရွာတို့ရှိ ရေကန်အချို့တွင်လည်းမုန်တိုင်းကြောင့် ဆားငန်ရေဝင်ရောက်ခဲ့သဖြင့် ဆားငန်ရေဝင်ခဲ့သည့်ရေကန်များထဲကရေများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်နေရကြောင်းကျေးတောရွာမဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
" အခုကစက်ရေလည်းမရတော့ဘူးဆိုတော့။ရွာကဆားငန်ရေမဝင်ဘဲကျန်ခဲ့တဲ့ကန်ကနေ ရေသွားခပ်ကြရပါတယ်။နွေရာသီဖြစ်လို့ ရေခမ်းခြောက်နေတဲ့အချိန်မှာ ဆားငန်ရေကဝင်သွားတော့သုံးလို့ရတဲ့ရေက နည်းသွားပါပြီ။ အရမ်းအခက်အခဲဖြစ်၇ပါတယ်။ဒီဘက်အပိုင်းတွေကိုက သောက်ရေသန့်ရောင်းတဲ့ကားတွေလည်း အလာနည်းတော့ မုန်တိုင်းတိုက်ပြီးစ တစ်လောကဆိုရင် သုံးရေတွေကိုကျိုပြီးသောက်၇ပါတယ်" ဟုပြောသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်များတွင်မူ သောက်ရေကိုရေသန့်စက်ရုံများမှ ဖြန့်ချိလျက်ရှိသည့် ရေသန့်ဘူးများကို ဝယ်ယူသောက်သုံးကြပြီးလက်ရှိတွင် ၂၀ လီတာရေသန့်တစ်ဘူးလျှင် ငွေကျပ် ၈၀၀ နှုန်းကျသင့်နေကြောင်းဒေသခံများကပြောသည်။
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်နွေရာသီရောက်တိုင်း ရေရှားပါးမှုအခက်အခဲကို နှစ်တိုင်း ကြုံတွေ့နေရပြီး ယခုနှစ်နွေရာသီတွင် ဖျက်အားပြင်းမိုခါဆိုင်ကလုန်းလည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေကန်အချို့တွင် ဆားငန်ရေဝင်ရောက်မှုရှိပြီးယခင်နှစ်များကထက် ရေအခက်အခဲနှင့်ရင်ဆိုင်နေကြရကြောင်း သိ၇သည်။
(NN-8)