သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်တွင် မတော်တဆသေဆုံးသူ ကလေးငယ် ၃ ဦးအပါအဝင် ၄ ဦးရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 765

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ရသေ့တောင်မြို့နယ်တွင် ရေနစ်၍ ကလေးငယ် ဦး၊ မိုးကြိုးထိမှန်၍ ကလေးတစ်ဦး၊ တောဆင်ရိုင်းနင်း၍ လူကြီး တစ်ဦး စုစုပေါင်း သေဆုံးသူ ဦးရှိသည်ဟု သိရသည်။

 

သေဆုံးသွားသူ ကလေးငယ် ဦးမှာ အသက် နှစ်မှ ၁၃ နှစ်အရွယ်အကြား ဖြစ်ကြသည်။

 

မေလ ၂၅ ရက်က ရသေ့တောင်မြို့နယ်မြောက်ပိုင်းရှိ သမီးလှရွာသစ်ကျေးရွာမှ  ဦးကျော်ညွန့်နှင့် ဒေါ်နုသာရွှေတို့၏သမီး မသန်းသန်းနွယ်(၁၃)နှစ်သည် မိုခါမုန်တိုင်းကြောင့် စားဝတ်နေရေး ကျပ်တည်းသည့်အတွက် ဂုံး (ခုံး) ရှာသွားစဥ် ရေနစ်သေဆုံးသွားသည်ဟု ဆွေမျိုးများက နိရဥ္စရာသို့ ပြောသည်။

 

မိုခါမုန်တိုင်းအလွန်ထိ အပျက်စီးအထိခိုက်များခဲ့ သည့် သူမတို့သမီးလှရွာသစ်သို့ အစိုးရ အပါအဝင် ပြင်ပအဖွဲ့အစည်းများ၏ အရေးပေါ်ကယ်ဆယ်ရေးများမရ၍ စားဝတ်နေရေး ကျပ်တည်းသည့်အတွက် ဂုံးရှာသွားစဥ် ရေနစ်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

 

သမီးလှရွာသစ်ကျေးရွာတွင် အိမ်ထောင်စု ၈၀ ခန့်နှင့် လူဦးရေ ၅၀၀ ခန့်ရှိသည်ဟု ရွာသားများက ပြောသည်။ အိမ်ခြေ ၈၉ ဆောင်ရှိသည့်အနက် မိုးခါမုန်တိုင်းကြောင့် နေအိမ် ၈၆ လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

 

မေလ ၂၃ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာမှ မြို့ပေါ်စစ်မှုထမ်းဟောင်း စစ်ဘေးရှောင်စခန်းတွင်ယာယီ ခိုလှုံနေသည့် သုံးတန်းကျောင်းသားမောင်ဇော်ငြိမ်းဖြိုး(၁၁)နှစ်သည် ရေနစ်သေဆုံးခဲ့သည်။

 

မောင်ဇော်ငြိမ်းဖြိုးမှာ သူငယ်ချင်းများနှင့်အတူကစားရန်ထွက်သွားကြရာမှပျောက်ဆုံးသွားပြီး မေလ ၂၃ ရက် နံနက် နာရီအချိန်တွင် အလောင်းအားရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းနံဘေးရှိ ရေမြောင်းထဲတွင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

 

မေလ ၂၄ ရက်ကလည်း မိုခါမုန်တိုင်းဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးထိခိုက်ခဲ့သည့် ရသေ့တောင်မြို့နယ်၊ ပြိန်းတော ကျေးရွာမှ အသက် () နှစ်အရွယ်
မောင်ခိုင်ဟိန်းဖြိုးသည် ယာယီတာပေါ်လင်စ အမိုးအကာအောက်တွင် နေထိုင်နေချိန်တွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ပြောသည်။

 

မေလ ၂၄ ရက်၊ ညနေ နာရီလောက်က ရုတ်တရက်မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရကာ ကလေးငယ်မှာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မောင်ခိုင်ဟိန်းဖြိုး၏ အဒေါ်ဖြစ်သူက ပြောသည်။

 

ပြိန်းတောကျေးရွာသည် အိမ်ခြေ ၂၇၀ လူဦးရေ ၁၃၀၀ ခန့်ရှိပြီး မိုခါမုန်တိုင်းကြောင့် တစ်ရွာလုံး ပျက်စီးသွားကြောင်း၊ လယ်ယာသုံးကျွဲနွားကောင်ရေ ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ ယနေ့မေလ ၂၈ ရက်ထိတစ်စုံတစ်ရာအကူညီများရောက်မလာ၍ စားဝတ်နေရေးအခက်ခဲများကြုံနေရကြောင်း သူမက
ပြောသည်။

 

ယမန်နေ့မေလ ၂၇ ရက် နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှ ဦးမောင်လှကြီး (၇၀) နှစ်သည် တောဆင်ရိုင်းနင်းခံရပြီးသေဆုံးခဲ့သည်ဟုကျေးရွာသားများကပြောသည်။

 

သူသည် ဒုံးပိုက်ကျေးရွာအနီးရှိ မယူတောင်သို့ တောင်ယာလုပ်ရန်သွားသည့်အချိန်တွင် တောင်ခြေရင်း၌ တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒုံးပိုက်ရွာခံ ကိုသားသားကပြောသည်။

 

အဆိုပါဒုံးပိုက်ကျေးရွာတွင်လည်း မိုခါမုန်တိုင်းတိုက်ခတ်စဥ် ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင်
ပုန်းခိုနေသည့် ကျေးရွာသား ၁၃ ဦး ဓမ္မာရုံပြိုကျပျက်စီးပြီး သေဆုံးခဲ့သည်။

 

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအများအပြားတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိပြီး တချို့ရွာများတွင် လူအစုလိုက် အပြုံလိုက်သေဆုံးမှု၊ ကျွဲနွားတိရစ္ဆာန်ရာနဲ့ချီ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီး(မူဆလင်)ကျေးရွာတွင် မိုခါမုန်တိုင်းအတွင်း ကလေးသူငယ်များ အပါဝင် ရွာသား ၁၉ ဦး ရေနစ်သေဆုံးခဲ့သည်ဟု ကျေးရွာသားများကပြောသည်။

 

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျေးရွာအများစုသို့ ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိသည့် အတွက် ကလေးငယ်များအပါအဝင် ကျေးရွာသားများမှာ စားဝတ်နေရေး အကျပ်တည်းကို ငတ်တလှည့်၊ ပြတ်တလှည့်ဖြေရှင်းနေကြရသည်ဟု နိရဥ္စရာသို့ ပြောဆိုကြသည်။(NN-23)


ဆက်စပ် သတင်းများ