Preview

နိုင်ငံတကာအရေးပေါ်အကူအညီပေးရေး အဖွဲ့အစည်းများ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မရှိစေရေး အတတ်နိုင်ဆုံးဖြေလျော့ပေးရန်တောင်းဆို

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :587
ရခိုင် သတင်း

(ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ကန့်သတ်၊ ပိတ်ပင်မှုများ မပြုလုပ်ရန် လိုအပ်ဟုဆို)

 

၇ခိုင်ပြည်အနှံ့မှ ပြည်သူများအတွက် နိုင်ငံတကာအရေးပေါ်အကူအညီပေးရေး အဖွဲ့အစည်းများ၏ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်၊  ထိရောက်စွာကူညီနိုင်ရန် အတတ်နိုင်ဆုံးဖြေလျော့ပေးရေး ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။ 

 

ယနေ့ မေ ၂၉ ရက်တွင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက အချက် (ချက်ဖြင့် ယခုကဲ့သို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

 

မိုခါ (MOCHA) မုန်တိုင်းကြောင့် ရခိုင်ပြည်ရှိ ပြည်သူ ()သန်းကျော် ထိခိုက်ခဲ့ပြီး စစ်တွေ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်များတွင်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး၊ အသက်အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးခဲ့၇သည်။ 

 

ယင်းကြောင့် ပြည်သူတို့၏ စားဝတ်နေရေးသည် များစွာ ဆင်းရဲကျပ်တည် လျက်ရှိပြီး အခြေခံလိုအပ်ချက်များဖြစ်သည့် အမိုးအကာသောက်သုံးရေနှင့် စားနပ် ရိက္ခာများ အရေးတကြီး လိုအပ်လျက်ရှိရာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးပါက နောက်ဆက်တွဲ အနေဖြင့် လူမှုရေးပြဿနာများ၊ ကျန်းမာရေး ချို့ယွင်းမှုများနှင့် ရောဂါကပ်ဘေးများ ကျရောက်လာနိုင်ခြေရှိသည်ဟုဆိုသည်။ 

 

အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တတ်အားသရွေ့ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသော်လည်း မြေပြင်လိုအပ်ချက် အခြေအနေမှာ လွန်စွာများပြားသဖြင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလအလှူရှင်များ၏ ပံပိုးကူညီမှုများသည် ဖူလုံမှုမရှိနိုင်ကြောင်း သိ၇သည်။

 

ထို့ကြောင့် ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ထိရောက်စွာကူညီနိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ အတူတကွရင်ဆိုင်ကျော်လွှားကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

 

(WFP) (ICRC) နှင့် အချို့သော နိုင်ငံတကာအဖွဲ့အစည်းများ၏ မုန်းတိုင်းဒဏ်သင့်ပြည်သူများအားပံ့ပိုးကူညီမှုအချို့ တွေ့မြင်နေ၇သော်လည်း မြေပြင်သတင်းအချက်အလက်များအ၇ မုန်တိုင်းကျရောက်ပြီ လက်ရှိအချိန်အထိ အကူအညီလုံး၀မရရှိသေးသော နေရာဒေသ လွန်စွာများပြားနေသည်ကိုတွေ့မြင်နေ၇သည့်အတွက်  ၇ခိုင်ပြည်အနှံမှ နိုင်ငံတကာ အရေးပေါ်အကူအညီပေးရေး အဖွဲ့အစည်းများ (အထူးသဖြင့် နိုင်ငံတကာ ကုလသမ္မဂ လက်အောက်ခံ အဖွဲ့အစည်းများ)အနေဖြင့် ၇ခိုင်ပြည်သူများ လက်ရှိရင်ဆိုင်ကြုံ တွေ့နေကြ၇သော အရေးပေါ်လိုအပ်ချက်များကို အချိန်မဆိုင်းဘဲအင်တိုက်အားတိုက် အမြန်ဆုံးကူညီထောက်ပံ့ ပေးကြပါရန် တောင်းဆိုသည်။ 

 

ကူညီဆောင်ရွက်ရာတွင်လည်း တစ်နေရာတည်းတွင် စုပြုံပံ့ပိုးကူညီခြင်းများကို ရှောင်ရှားနိုင်ရန်၊ လုပ်ငန်းအစီ အစဉ်များ၊ ဘတ်ဂျတ်လျာထားချက်များ၊ သွားရောက်ကူညီမည့်နေရာများနှင့် လက်တွဲ လုပ်ဆောင်မည့် အဖွဲ့အစည်းများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီးပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။ 

 

ယင်းအပြင် နိုင်ငံတကာ၏အကူအညီအထောက်အပံ့များကို အချိန်နှင့် တပြေးညီ အရေးတကြီးလိုအပ်နေသည့် အခြေအနေ၌ လုပ်ထုံးလုပ်နည်းများ (Donor Complaints)ကြောင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရန် အထူးဂရုပြု၍ အတတ်နိုင်ဆုံးဖြေလျော့ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

 

သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း အချိန်နှင့်တပြေးညီရောက်ရှိရန်နှောင့်နှေးကြန့်ကြာနေသည်ကို တွေ့ရှိနေ၇သဖြင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ပေးရန်နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုများကိုလည်း ကန့်သတ်၊ ပိတ်ပင်မှုများ မပြုလုပ်ရန်ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။ 

 

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ၇ခိုင်ပြည်တစ်ခုလုံး ဘေးဒုက္ခကြုံတွေ့နေသည့်ကာလ၌ကုန်ပစ္စည်းများကို အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့်၊ သင့်တင့်မျှတသေ ဈေးနှုန်းဖြင့်သာ ရောင်းချ ပေးကြပါရန် တိုက်တွန်းထားသည်။

 

မေလ (၁၄)ရက် နေ့တွင် စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဖြတ်သန်း တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) သည် ၁၉၈၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်ထဲတွင်ဖြစ်ပွားခဲ့သည့် မုန်တိုင်းများထဲမှ Saffir-Sim-pson Hurricane WindScale (SSHWS) အဆင့် ငါးရှိသော တတိယမြောက် မုန်တိုင်းဖြစ်ပြီးမြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ်က တိုက်ခိုက်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ထိခိုက်မှုအများဆုံး မုန်တိုင်းဖြစ်သည် ဟုသိ၇ည်။(NN-7)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.