Preview

ရမ်းပေါက်ကုန်ဘောင်ရွာအမျိုးအဆွေရွာလည်ပွဲကို ယခုနှစ်တွင် ကျင်းပမည်မဟုတ်ဟုဆို

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :822
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် မိုးမကျခင်နှစ်စဉ်ကျင်းပလေ့ရှိသည့်အမျိုးအဆွေရွာလည်ပွဲကိုယခုနှစ်တွင်ကျင်းပမည်မဟုတ်ဟု သိ၇သည်။


အဆိုပါပွဲကိုဘိုးဘွားစဉ် လာမပျက် ရိုးရာကိုထိန်းသိမ်းသည့်အနေဖြင့် နှစ်စဉ်နှစ်တိုင်းကျင်းပလာရာမှယခုနှစ်တွင် တစ်နှစ်ရပ်နားပြီး နောင်လာမည့်နှစ်တွင် ကျင်းပသွားရန် အစီအစဉ်ဖြင့် ရပ်သူရပ်သားများ သဘောတူလက်ခံကာဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ကုန်ဘောင်ကျေးရွာဒေသခံ ဦးသန်းကနိရဉ္စရာသို့ပြောသည်။

 

"အမျိုးအဆွေရွာလည်ပွဲကဒီနှစ်မှာမလုပ်ပါဘူး။ ဒီနှစ်လုပ်ဖို့အဆင်မပြေလိုက်ပါဘူး။နှစ်တိုင်းလုပ်နေကျဆိုတော့ လူတွေက ဒီနှစ်တစ်နှစ်နားလိုက်ပြီးတော့ နေက်နှစ်မှာ ကြီးကြီးကျယ်ကျယ်တိုပြီးချမလို့ပေါ့နော်။မနှစ်ကတည်းကနေ နောက်တစ်နှစ်မှာ အချိန်နည်းနည်းယူကြမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြတာပါ" ဟုပြောည်။

 

အဆိုပါပွဲသည်ရိုးရာအစဉ်အလာကိုထိန်းသိမ်းသည့်ပွဲဖြစ်သည့်အပြင် မိုးရာသီလုပ်ငန်းခွင်ဝင်ရာ၌ အဆင်ပြေစေရန်၊ သီးနှံအထွက်တိုးရန်နှင့် ကျေးရွာသူကျေးရွာသားများလည်း စည်းလုံးညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမူမရှိစေရန်ရည်ရွယ်ချက်ဖြင့်ကျင်းပလာခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

 

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့်အမျိုးအဆွေရွာလည်ပွဲတွင် နံနက် ၉ နာရီမှ နေလယ် ၃ နာရီခွဲအထိ ရွာတောင်ပိုင်းဘက်မှတစ်ရက်၊မြောက်ပိုင်းဘက်မှတစ်ရက် ခွဲကာပွဲကျင်းပလေ့ရှိပြီး တောင်ပိုင်း၌အမျိုးအဆွေ ရွာလည်ပွဲကျင်းပလျှင် မြောက်ပိုင်းမှရွာသားများကလာရောက်လည်ပတ်ကြပြီး မြောက်ပိုင်း၌ ပွဲကျင်းပလျှင်တောင်ပိုင်းမှရွာသားများက လာရောက်လည်ပတ်ကြောင်းလည်း သိ၇သည်။

 

ယင်းသို့လည်ပတ်ကြရာတွင်ပုံစံမျိုးစုံဖြင့်ဝတ်စားဆင်ယင်ကာ ပျော်ရွှင်စွာတီးမှုတ်ကခုန်၍သွားရောက်လည်ပတ်တတ်ကြသည်ဟုလည်း သိ၇သည်။

 

ယင်းပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့သော်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင်ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ပွဲမကျင်းပနိုင်ခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှစတင်ကာ ပြန်လည် ကျင်းပနိုင်ခဲ့သည်ဟု သိ၇သည်။ (NN-8)

 

Photos - NyanLay's Travellin'

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.