Preview

Airbus နှင့် Boeing ခရီးသည်တင်လေယာဉ်များနှင့် ယှဉ်ပြိုင်ရန် တရုတ်ပြည်တွင်းထုတ် C919 ခရီးသည်တင်လေယာဉ် ရှန်ဟိုင်းမှ ဘေဂျင်းသို့ ပထမဦးဆုံးအကြိမ် စတင်ပျံသန်း

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :1049
နိုင်ငံတကာ သတင်း

ဥရောပကထုတ်လုပ်သည့် Airbus လေယာဉ်များအပါအဝင်အမေရိကန်ကထုတ်လုပ်သည့် Boeing ခရီးသည်တင်လေယာဉ်များနှင့်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံက ထုတ်လုပ်သည့် C919 ခရီးသည်တင်လေယာဉ်၏ ပထမဦးဆုံးပျံသန်းမှုခရီးစဉ်ကိုတနင်္ဂနွေနေ့က စတင်ခဲ့သည်။


အဆိုပါ ပျံသန်းမှုတွင် ခရီးသည် ၁၃၀ ကျော်ကို တင်ဆောင်ကာရှန်ဟိုင်းမှ ဘေဂျင်းသို့ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း သိ၇သည်။

 

တရုတ်နိုင်ငံပိုင်ရုပ်သံကC919 လေယာဉ်ရှန်ဟိုင်းလေဆိပ်မှ စတင်ထွက်ခွါသွားပုံကို ရိုက်ကူးပြသခဲ့သည်။

 

အဆိုပါလေယာဉ်ကိုတရုတ်နိုင်ငံ ခရီးသည်တင်လေယာဉ်လုပ်ငန်း ကော်ပိုရေးရှင်း ( CommercialAviation Corporation of China) ကထုတ်လုပ်ခြင်းဖြစ်ပြီး ကမ္ဘာ့ခရီးသည်တင် လေယာဉ် ထုတ်လုပ်မှုကို ကြီးစိုးထားသည့် Boeingနှင့် Airbus တို့ကိုယှဉ်ပြိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိ၇သည်။

 

 သို့သော် ထိုင်ခုံ (၁၆၄)ပါတရုတ်နိုင်ငံထုတ် C919 လေယာဉ်မှာအင်ဂျင် အပါအဝင် ပျံသန်းရေးဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းများအတွက်အနောက်နိုင်ငံများကို မှီခိုနေ၇ဆဲဖြစ်သည်။

 

ရှန်ဟိုင်းနှင့် ဘေဂျင်းအကြား သုံးနာရီကြာခရီးစဉ်ကို ခရီးသည် ၁၃၀ လိုက်ပါလျှက် တနင်္ဂနွေနေ့ကအောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည်။

 

 ဥရောပက ထုတ်လုပ်သည့် Airbus လေယာဉ်များ နှင့်အမေရိကန်က ထုတ်လုပ်သည့် Boeing ခရီးသည်တင်လေယာဉ်များနှင့်ယှဉ်ပြိုင်ရန် ထုတ်လုပ်ထားသည့် C919 သည် ၂၀၁၆ ခုနှစ်က တရုတ်က ပထမဆုံးထုတ်လုပ်ခဲ့သည့်ခရီးသည်တင်လေယာဉ် ARJ21 ထက်ခရီးသည်ပိုတင်နိုင်သလို ပိုမိုခရီးဝေးအောင် ပျံသန်းနိုင်သည်ဟုဆိုသည်။

 

တရုတ်နိုင်ငံပိုင်China Eastern Airline ကပိုမိုကြီးမားသည့် အဆိုပါ လေယာဉ် အသစ် ငါးစီးကို မှာယူထားသည်ဟု သိ၇သည်။ တရုတ်ခရီးသည်တင်လေယာဉ်လုပ်ငန်း ကော်ပိုရေးရှင်း (Comac) သည် ငါးနှစ်အတွင်း တစ်နှစ်လျှင် C919လေယာဉ် အစီး ၁၅၀ထုတ်လုပ်ရန် လျာထားပြီး လောလောဆယ် အမှာ ၁၂၀၀ ရရှိထားသည်ဟု ဆိုသည်။

 

NN-27

Ref:Reuters

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.