၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းများတွင်မုန်တိုင်းတိုက်ပြီး၂ ပတ် ကျော်ရှိလာသည်တိုင်အောင် စစ်ဘေးရှောင်တစ်ဦးဆန်နို့ဆီဘူး၁၄လုံး၊ ဆီနှင့်ဆားအနည်းငယ်မှအပမည်သည့် အကူအညီမှ မရရှိသေးဟု စစ်ဘေးရှောင်များကပြောသည်။
လက်ရှိတွင်ဘူးသီးတောင်မြို့ပေါ်တွင် ဓနိ ၁၀၀ ကို ကျပ်ငွေ ၂သာင်းကျပ် ၊ ဝါး၁၀၀ကို ကျပ် ၂သိန်း အထိ ရှိနေသဖြင့် ပြိုပျက်သွားသည့် နေအိမ်များကို ပြန်မဆောက်၍ စစ်ဘေးရှောင်များအနေဖြင့်သစ်ပင်အောက်တွင် အမိုးအကာမရှိ ဖြစ်သလို အိပ်နေကြ၇သည်ဟု ဆိုသည်။
မုန်တိုင်းကြောင့် ကြိုတင်စုဆောင်းထားသည့်စားနပ်ရိက္ခာများမှာ မိုးရေများ စိုစွတ်သွားခဲ့သည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ထမင်းနပ်မှန်အောင် မနည်းရုန်းကန် စားသောက်နေ၇သည်ဟု လမ်းမစခန်း တာဝန်ခံ ဦးရဲကျော်က နိရဉ္စရာကိုပြောသည်။
“ အိမ် ၂၀ကျော်လောက်က အကုန်ပြားပြားဝပ်သွားတယ်။ဓနိမိုးထားတာဆိုတော့ ခေါင်မိုးတွေက တစ်ဆောင်မကျန်မှ ပါသွားတယ်။အကုန်ယိုင်သွားတယ်။ အခက်အခဲဆိုတာကလည်း တစ်ခုတည်း မဟုတ်ဘူး။ အစားအသောက်ကအစပေါ့။ လမ်းမစစ်ဘေးရှောင်စခန်းက ရေကလုံး၀မရှိဘူး။ မုန်တိုင်း မတိုက်ခတ်မီတွင်းတူးပြီးတော့အဲ့ဒီကို မော်တာနဲ့ တင်လို့ နေ့မအိပ် ညမအိပ် ခပ်ရတယ်။ အခုက မီးလည်းမရဘူး။မိုးရေကိုပဲ အားကိုး၇မှာပေါ့။ မိုးရေကလည်း တောင်ကျရေဆိုတော့ကျန်းမာရေး အတွက် စိုးရိမ်၇တယ် ”ဟုပြောသည်။
အဆိုပါ စခန်းတွင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လုံး၀ပျက်စီးသွားသည့် နေအိမ် ၂၀ကျော်မှလူဦးရေများကိုသာ တစ်ဦးစီကို နို့ဆီဘူးဆန် ၁၄လုံး၊ ဆီ နှင့် ဆား အနည်းထောက်ပံ့ပေးခဲ့သည့်အပြင် မုန်တိုင်းတိုက်ပြီး ၁၄ရက်ကြာလာသည်ထိ မည်သည့်အဖွဲ့အစည်းကမှထောက်ပံ့မှုများ မ၇သေးဟု ၎င်းကပြောသည်။
ထိုသို့ ပျက်စီးသွားသည့်အိမ်များကို တချို့တွင် တစ်နိုင်တစ်ပိုင် ပြုပြင်နေကြသော်လည်းတချို့တွင် တာပေါ်လင်စများဖြင့် ဖြစ်သလိုမိုးကာ၍ နေကြ၇သည်ဟု၎င်းကပြောသည်။
၎င်းစစ်ဘေးရှောင်စခန်းတွင်၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၄ ရက်ကပင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် လမ်းမစစ်ဘေးရှောင်စခန်း၌ဘူးသီးတောင်မြို့နယ်ရှိ သရက်ပြင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊စံဂိုးတောင်၊ နွားရုံတောင်၊ ကြာညိုပြင်၊ ကွမ်းတောင်၊ စပါးထား၊သိုင်းတဘုတ်၊ သပြေဆိပ်၊ စည်တောင်၊ ကွမ်တိုင်၊ သပိတ်တောင်၊ မြိုမချောင်း၊ရသေ့တောင်မြို့နယ် အုန်းချောင်း၊ ကျောက်တန်း၊ ရေစိုးချောင်းစသည့်ကျေးရွာများက အိမ်ထောင်စု၂၁၄ စုတို့ရှိပြီး စုစုပေါင်း လူဦးရေ ၁၀၃၄ ဦး ခိုလှုံနေထိုင်ကြသည်ဟုဦးရဲကျော်က ပြောသည်။
အလားတူဘူးသီးတောင်မြို့ အမှတ် (၅)ရပ်ကွက်ရှိ ရန်အောင်မြေ စစ်ဘေးရှောင် စခန်းတွင်လည်း မုန်တိုင်းကြောင့်နေအိမ် ၁၃ ဆောင် လုံး၀ပျက်စီးသွားပြီး၊ ကျန်နေအိမ်များမှာလည်း၅၀ ရာခိုင်နှုန်းခန့် မှာလည်း တစ်ဝင်တစ်ပျက် ပျက်စီးသွားခဲ့သည်ဟု စစ်ဘေးရှောင်များကပြောသည်။
ဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ ပြီးခဲ့သည့် မေလ ၁၉ရက်နေ့တွင် အစိုးရအဖွဲ့က လာရောက် ကူညီပေးသည့် အချိန်တွင်လည်း လုံး၀ပျက်စီးသွားသည့်နေအိမ် ၁၃ဆောင် များကိုသာ ထောက်ပံ့ပေးခဲ့သည်ဟု ရန်အောင်မြေစခန်းဒုတာဝန်ခံ ဦးမဏ္ဍလက နိရဉ္စရာကို မိန့်သည်။
“ လုံး၀ပျက်စီးသွားတဲ့အိမ် ၁၃ဆောင်ကို အစိုး၇အဖွဲ့က တစ်အိမ်ထောင်စီကို ဆန် ၄ပြည်နဲ့ ဆီလီတာဝက်လောက်ပေးခဲ့ပါ။ မုန်တိုင်းတိုက်တော့ လေဒဏ် မိုးဒဏ်နဲ့စုဆောင်းထားတဲ့ဆန်နဲ့ စား နပ်ရိက္ခာတွေ မိုးရေစိုသွားတော့ နောက်နေ့မှာ စားစရာမရှိအောင်ထိအခက်အခဲ ကြုံခဲ့၇ပါတယ် ” ဟုပြောသည်။
စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအပြင်သောက်သုံးရေများမှာလည်း အလွန်အခက်အခဲဖြစ်နေပြီး၊ ရေရှားပါးမှုကြောင့်အရေပြားရောဂါများ၊ ဝမ်းရောဂါများ ဖြစ်လာနိုင်သလို ရာသီအကူအပြောင်းတွင်အအေးမိ၊ နှာစေး၊ ဖျားနှာရောဂါများ ဖြစ်လာမည်ဆိုပါက ဆေးဝါးများလည်းအလုံအလောက် မရှိသည့်အတွက်ကြောင့် စိုးရိမ်မှုများ ရှိနေသည်ဟု ဆရာတော်ကဆက်မိန့်သည်။
“ အခုက မိုးရွာလိုက်နေပူလိုက်ဆိုတော့ စိုးရိမ်၇တယ်လေ။ ဆေးဝါးဆိုတာလည်း အလုံအလောက် မရှိပါဘူး။ မိလ္လာကိစ္စကအစ သောက်သုံးရေ၊ဆန်တွေ အဓိကလိုအပ်တယ်။ အရင်ကနေ သုံးနေတဲ့ ရေတွင်းမှာလည်းရေတစ်တောင်လောက်ပဲ ရှိတယ်။စခန်းက လူတွေအားလုံး သုံးဖို့ မလုံလောက်ပါဘူး။သောက်သုံးရေ ရှားပါးနေတော့ လူတွေက နောက်ဆိုရင် အရေးပြားရောဂါတွေ၊ဝမ်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ဖြစ်လာမယ်ဆိုရင်ဆေးဝါးကအစလိုက်မှီမှာ မဟုတ်ပါဘူး ” ဟုပြောသည်။
ရန်အောင်မြေစစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်၊ မတ်လမှစတင်တည်ထားခဲ့ခြင်းဖြစ်ပြီ
ဘူးသီးတောင်မြို့ပေါ်တွင် ရန်အောင်မြေစခန်းအပါအဝင်အမှတ်(ရ)ရပ်ကွက်ရှိ မြတောင်စခန်း၊ အမှတ်(၂)ရပ်ကွက်ရှိ လမ်းမစခန်း၊အမှတ်(၁)ရပ်ကွက်ရှိ ဂန္ဓာရီစခန်းတို့ရှိပြီး ဘူးသီးတောင်မြို့နယ်၊ဒုံးသိမ်ကျေးရွာတွင်လည်း ဒုံးသိမ်စစ်ဘေးရှောင်စခန်းတို့
၇ခိုင်ပြည်နယ်တွင် မေလ၁၄ ရက်နေ့က တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၁၅၆၇၉၆ဦး ထိခိုက်ခဲ့ပြီးလူပေါင်း၁၅၀ နီးပါးခန့် သေဆုံးကာ ၆၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင်အဆောက်အဦပေါင်း ၂၄၁၀၇၁ ဦးနှင့် (ရေယာဉ်+ကား) ၇၁၆ အထိ ပျက်စီးခဲ့သည်။အိမ်မွေး တိရစ္ဆာန်ပေါင်း ၂၇၆၁၇ သေဆုံးခဲ့သည်။ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၄၈၉၈၆ သိန်းဖိုးရှိသည်ဟု ၇ခိုင်ပြည်နယ်ကောင်စီကထုတ်ပြန်ထားသည်။
လက်ရှိမုန်တိုင်းဒဏ်ကို ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်သူများမှာ အစားအစာ၊သောက်ရေသန့်နှင့် အမိုးအကာများ အမြန်လိုအပ်နေသော်လည်း မုန်တိုင်းတိုက်ခတ်ပြီး ၁၄ရက်ကြာလာသည့်တိုင်ယနေ့အချိန်ထိ လေဘေး အကူအညီများ မရောက်ရှိသေးဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကိုဆက်သွယ်ပြောကြားသည်။
မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်းစစ်တွေ၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ဘူးသီးတောင်၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှု ၉၀ရာနှုန်းအထိ ရှိခဲ့သည်ဟုလည်း စစ်ကောင်စီကပြောဆိုထားသည်။ (NN-13)