Preview

ပုဏ္ဏားကျွန်းတွင် တောင်မြေတူးရာမှတွေ့ရှိခဲ့သည့်စတူပါများကို ရခိုင်သမိုင်းဆရာများနှင့် စာပေသမားများ သွားရောက်လေ့လာ

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :977
ရခိုင် သတင်း

(ဝေသာလီခေတ် ရှေးဟောင်းလက်ရာဟု တညီတညွတ်တည်း ဆုံးဖြတ်)
 
၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တောင်မြေတူးရာမှတွေ့ရှိခဲ့သည့် စတူပါများကို ရခိုင်သမိုင်းဆရာများနှင့် စာပေသမားတို့က သွားရောက်လေ့လာခဲ့ပြီး အဆိုပါစတူများမှာ ၇ခိုင်တို့၏ ဝေသာလီခေတ် ရှေးဟောင်းလက်ရာဟုတ်မှန်သည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိ၇သည်။

ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်းထားသည့် အဆိုပါစတူများကို ယမန်နေ့ မေလ ၂၈ ရက်၊ နေ့လယ်တွင် စစ်တွေရှိ ၇ခိုင်မဂ္ဂဇင်း ဥက္ကဋ္ဌ ဆရာ စစ်တွေသိန်းနောင်၊ ၇ခိုင်သမိုင်းသုတေသီများဖြစ်ကြသော ဆရာမောင်ဖြူ(ကြွီတဲကျွန်း) ခိုင်မော်ကွန်းနှင့် ဆရာဦးသိန်းဝင်း(မာန်အောင်)တို့က သွားရောက်လေ့လာခဲ့ကြခြင်းဖြစ်သည်။

သူတို့၏လေ့လာချက်များအ၇ အဆိုပါစတူပါများ၏ အလယ်ဖောင်းရစ်တွင် ၇ခိုင်တို့၏ ဝေသာလီခေတ်ဖြစ်သော အေဒီ ရာစုအတွင်းကသုံးစွဲသည့် ရခိုင်အက္ခရာအသုံးအနှုန်းများကို ရေးထွင်းပါရှိသလို ဝေသာလီခေတ်၏ ဗုဒ္ဓယဥ်ကျေးမှုအမွေအနှစ်ဖြစ်သော စတူပါများ၏ ကြန်အင်လက္ခဏာများနှင့်ပြည့်စုံသည့်အတွက် ယခုကဲ့သို့ ဝေသာလီခေတ် ရှေးဟောင်း လက်ရာဟု ဆုံးဖြတ်ကြခြင်းဖြစ်သည်ဟု သွားရောက်လေ့လာရာတွင်ပါဝင်သူ ဆရာမောင်ဖြူ (ကြွီတဲကျွန်း)က နိရဥ္စရာကိုပြောသည်။

"စာလုံးတွေတော့ ဝေသာလီခေတ်အက္ခရာ၊ ကျနော်တို့ ၇ခိုင်ဝေသာလီခေတ်မှာ ထိုးခဲ့တဲ့ အက္ခရာတွေပေါ့နော်။ စာလုံးတွေဖြစ်တယ်။ အဲဒါတွေကို တစ်လုံးချင်းကို၊ တစ်ဆက်စပ်တည်း၊ ဝါကျတစ်ခုဖြစ်အောင်၊ စကားလုံးတစ်လုံးဖြစ်အောင် အားလုံးပေါင်းဆုံပြီးတော့ အဓိပ္ပါယ်တစ်ခု ဖော်ဖို့က ကျနော် ကွန်ပျူတာနဲ့ နည်းနည်းလုပ်လို့ကြည့်၇ဦးမယ်။ ဝေသာလီခေတ်လက်ရာလို့တော့ လုံး၀ သတ်မှတ်လို့ ၇တယ်"ဟု ပြောသည်။

ယင်းအပြင် ဝေသာလီခေတ်တွင် နန်းစံ နှစ်သာရှိခဲ့သည့် ဝီရစန္ဒြားဘုရင်မင်း ရေးထိုးထားခဲ့သော မြောက်ဦးမြို့ ရှေးဟောင်းပြတိုက်ရှိ ကျောက်စာတစ်ချပ်၌လည်း ၇ခိုင်ပြည်အတွင်း စေတီပေါင်း အဆူ ၁၀၀ တိတိ တည်သည်ဟု ရေးထိုးပါရှိရာ ဝေသာလီခေတ်တွင် နန်းစံ နှစ်အတွင်း ထုထည်ကြီးမားသည့် စေတီပေါင်း ၁၀၀ တည်ထားခဲ့သည်ဆိုသည်မှာ မဖြစ်နိုင်ဘဲ ယခုကဲ့သို့စတူပါများသာဖြစ်နိုင်သည်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။


"ဒီစေတီ အဆူ ၁၀၀ သည် စတူပါစေတီတွေလောက်ပဲ ဖြစ်မယ်လို့ ယူဆ၇တယ်။ ၇ခိုင်ပြည်တစ်ပြည်လုံးမှာ အခု သမိုင်းသုတေသီတွေ ဖြစ်ကြတဲ့ ဆရာမင်းသိန်းဇံတို့၊ ဆရာဂေါယာမြေစောဝင်းတို့ရေးထားတဲ့ ယေဓမ္မာနဲ့ စတူပါအကြောင်းတွေကိုဖတ်ကြည့်ရင် စတူပါအဆူပေါင်းက ၃၀၊ ၄၀ လောက်ပဲ ၇ခိုင်မှာ တွေ့၇သေးတယ်ပေါ့နော်။ အခု ဆူတွေ့တယ်ဆိုတော့ တခြား တခြား နေရာတွေမှာလည်း အများကြီးရှိနိုင်သေးတယ်"ဟု ပြောသည်။

အဆိုပါစတူပါများကို ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူ၀ဘုရားအလွန် ဖာလုံခန့်အကွာ ရန်ကုန်ဘက်သို့ အသွား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးရှိ ဦးသန်းရွှေကြီးဆိုသူပိုင်ဆိုင်သည့် တောင်ယာမြေတွင် မိုခါကြောင့် ပြိုလဲသွားသည့် သစ်ပင်အား မေလ ၂၆ ရက်၊ ညနေ နာရီခန့်က ရှင်းလင်းတူးဖော်ရာမှတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့ခံများက ပြောသည်။

တွေ့ရှိခဲ့သည့် စတူပါများမှာ ဆူဖြစ်ပြီး အကြီး ဆူမှာ အမြင့် ပေခန့်နှင့် အငယ် ဆူမှာ အမြင့် ပေခွဲခန့်ရှိသည်ဟု သွားရောက်လေ့လာခဲ့သူများက ပြောသည်။

အငယ် ဆူအနက် ပျက်စီးယိုယွင်းကာ အပိုင်းအစများဖြစ်နေသည့်တစ်ဆူပါဝင်ပြီး ယင်းအဆူကို ကနဦးတွင် ဗုဒ္ဓဆင်းတုတော် အပျက်အစီးဟု ဒေသခံများက ယူဆခဲ့ကြသေးသည်။

အဆိုပါစတူပါများကို ကျောက်ဖြင့်ထွင်းထုထားခြင်းဖြစ်သည်ဟုလည်း လေ့လာသူများက ပြောသည်။

ကျောက်ဖြင့်ထွင်းထုထားသည့်စတူပါများကို ၇ခိုင်တို့၏ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးစသည့် ခေတ်ကြီး()ခေတ်အနက် ဝေသာလီခေတ်တွင်သာ စေတီအဖြစ် ထုလုပ်ကိုးကွယ်ခဲ့သည်ဟု ၇ခိုင်းသမိုင်းများတွင် ဖော်ပြထားသည်။

၇ခိုင်တို့၏ ဝေသာလီခေတ်တွင် ရခိုင်ဘုရင်က ၇ခိုင့်နိုင်ငံတော်ကို အုပ်ချုပ်စိုးစံနိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ သမိုင်းဆိုင်ရာ ယဥ်ကျေးမှုလက်ရာများ ၇ခိုင်ပြည်အနှံ့ ရှိနေနိုင်သည်ဟုလည်း မြောက်ဦးမြို့ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက မှတ်ချက်ပြုသည်။

မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်က ဒေသခံတစ်ဦး ငါးရှာရာမှ ပိုက်ကွန်ဖြင့်ငြိကာ ဝေသာလီခေတ်ကဟုယူဆ၇သော အရှည် ပေကျော်ရှိသော စတူပါကျောက်စေတီငယ် ဆူတွေ့ရှိခဲ့သေးသည်။

ဓာတ်ပုံ - Mg Phru facebook

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.