Preview

ရခိုင်မုန်တိုင်းသင့်ပြည်သူများအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ခုက ကျပ်သိန်း၂၅၀၀ ထပ်မံလှူဒါန်း

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :881
ရခိုင် သတင်း

မေလ(၁၄)ရက်နေ့တွင် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကိုဝင်ရောက်တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးသွားခဲ့၇ပြီး မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (PSC/NDAA)နှင့်မွန်ပြည်သစ်ပါတီ(NMSP)တို့ကကျပ်သိန်း ၂၅၀၀ ကိုလှူဒါန်းထားကြောင်း  ULA က မန်နေ့ မေ ၂၈ ရက်တွင်ထုတ်ပြန်သည်။

လူသားချင်းစာနာထောက်ထားမှုဖြင့် PSC/NDAAရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ() ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပေးအပ် လှူဒါန်းလာသည့် ကျပ်သိန်း  ထောင်တိတိနှင့်  မွန်ပြည်သစ်ပါတီ(NMSP)မှပေးအပ် လှူဒါန်းလာသည့် ကျပ်သိန်းငါးရာ တိတိအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ကောင်းမွန်စွာ လက်ခံရရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

 

မုန်တိုင်းလေဘေးဒဏ်ကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှု အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။ 

 

၇ခိုင်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကေအိုင်အို ဗဟိုဌာနချုပ်မှကျပ်သိန်းသုံးထောင်၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) မှ သိန်းတစ်ထောင်၊ လောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) မှ ကျပ်သိန်းငါးရာ၊ အမျိုးသား ညီညွတ်ရေးအစိုး၇(NUG)မှ ကျပ်သိန်းတစ်ထောင်နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) မှ ကျပ်သိန်းတစ်ထောင် တို့ကို  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှတဆင့် လှူဒါန်းထားသည်ကို တွေ့၇သည်။ (NN-7)

#ရခိုင်#မုုန်တိုင်း# မိုခါ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.