တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

AA အပါအဝင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

မြောက်ပိုင်းညီနောင်မဟာမိတ် (ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ မေလ(၃၀)ရက်နေ့တွင် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့သို့ အသီးသီး ရောက်ရှိလာပြီဖြစ်ပြီး ဇွန်လ()ရက်နေ့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုသွားမည်ဟု သိရသည်။

 

ဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာကောပေါင်သည်လည်း မိုင်းလားမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဟု ဆိုသည်။ 

 

ယင်းအပြင် နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ()ဘက်မှ တာဝန်ယူသွားမည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ