စစ်တွေကမ်းနားလမ်းရှိ မြစ်ပြင်သို့ တစ်ဦးတည်းဆင်းသွားပြီးမိမိကိုယ်ကိုမိမိအဆုံးစီရင်သွားသော စစ်တွေအစိုးရ နည်းပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်(၄၅)နှစ်၏အလောင်းကိုယမန်နေ့ ညရနာရီခန့်ပြန်တွေ့ခဲ့သည်ဟုသတင်းရရှိသည်။
ဆရာကြီးအလောင်းအားစစ်တွေကမ်းခြေ ဘာဆာရာရွာ အနောက်ဖက်တွင် ယမန်နေ့ဇွန်လ ၃ ရက်၊ ည ၇နာရီအချိန်ကရှာဖွေတွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
" မနေည ရ နာရီလောက်မှာ ဘာဆာရွာအနောက်ဖက်၊စစ်တွေဟိုတယ်
အဆိုပါဆရာကြီးသည် ဇွန်လ၂ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲကျော်တွင် ကမ်းနားလမ်းရှိ တြိဂံလမ်းဆုံနှင့်စစ်တွေဖောင်တော်ဟောင်းကြားရှိ ကျောက်တန်းရှိသည့်နေရာ မြစ်ပြင်သို့တစ်ဦးတည်း ဆင်းသွားပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်
ယင်းသို့ရေထဲဆင်းသွားပြီးနောက် အစိုးရနည်းပညာအထက်တန်းကျောင်းမှဝန်ထမ်းများက လာရောက်ရှာဖွေရာ သူ၏ဆိုင်ကယ်နှင့်ဦးထုပ်အဖြူရောင်တစ်လုံးကို ကမ်းနားလမ်းပေါ်တွင်တွေ့ရှိခဲ့
ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်မှာ ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ပြီး စစ်တွေတွင် တာဝန်ကျနေသည်မှာနှစ်အနည်းငယ်ကြာပြီဟု သိ၇သည်။ မည်သည့်အတွက်ကြောင့် ယခုလို သေကြောင်းကြံသွားခဲ့သည်ကိုမှု မသိရှိ၇သေးဟုဆိုသည်။
လက်ရှိတွင်ဆရာကြီး၏အလောင်းအားစစ်တွေဆေးရုံကြီးရှိရင်ခွဲရုံသို့
ဓာတ်ပုံ-မေတ္တာရောင်ခြည်