Preview

ဇွန် ၉ ရက်တွင် ရခိုင်သို့ဝင်မည်ဟုခန့်မှန်းထားသောမုန်တိုင်း ပျက်ပြယ်သွားပြီဟုဆို

ဇွန် ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1337
ရခိုင် သတင်း

ယခုဇွန်လ ၉ ရက်တွင် ရခိုင်ပြည်နယ်သို့ဝင်ရောက်လာနိုင်သည်ဟုခန့်မှန်းထားသော မုန်တိုင်းသည် ယခုအခါ ပျက်ပြယ်သွားပြီဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ဇွန်လ၄ ရက်၊ ည ၉ နာရီတွင် ထုတ်ပြန်လိုက်သည်။


အဆိုပါထုတ်ပြန်ချက်တွင် "ဇွန် ၅ ရက်မှ ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း၊အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတို့တွင်လေထုမငြိမ်မသက်မှု ဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားခဲ့သော်လည်းယနေ့မြန်မာစံတော်ချိန်(၂၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရလေဖိအား နည်းရပ်ဝန်း (Low Pressure Area) ဖြစ်ပေါ်နိုင်သည့်အခြေအနေ လျော့နည်းသွားပြီး၊ မုတ်သုံလေအားကောင်းလာနိုင်သည့်အခြေအနေသာဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း ၇ပါသည်"ဟု ဖော်ပြထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေလျော့နည်းသွားသော်လည်းမုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် ဇွန်လ ၈ ရက်မှ ၁၅ ရက်အတွင်း နေပြည်တော်၊မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်၊ဧရာ၀တီနှင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်း၊ ရခိုင်၊ ကယား၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟုလည်းမိုး/ဇလက ဆိုသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်းတစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီးမိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း၇ကြောင်းလည်း ဆိုသည်။

လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ(၁၂)ပေခန့် ရှိနိုင်သည်ဟုလည်း သိ၇သည်။

အဆိုပါဖြစ်ပေါ်လာနိုင်သည့်မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ အနေဖြင့်လည်းကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အကြံပြုထားသည်။

၇ခိုင်တွင်မေလ ၁၄ ရက်က ဖျက်အားပြင်း မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးကာ နေအိမ်အဆောက်အဦပေါင်း သောင်းနှင့်ချီ ပျက်စီးဆုံးရှုံး သွားခဲ့သည်။

အဆိုပါပျက်စီးဆုံးရှုံးသွားမှုများကိုလက်ရှိအချိန်ထိပြန်လည်ထူထောင်ရေးများ အင်တိုက်အားတိုက်လုပ်ဆောင်နေကြ၇ဆဲအချိန်တွင် ဇွန် ၉ ရက်၌ ၇ခိုင်သို့ နောက်ထပ် မုန်တိုင်းတစ်လုံး ထပ်မံဝင်ရောက်လာမည်ဟုဆို၍ ပြည်သူများများစွာ တုန်လှုပ်ခဲ့၇ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင်အဆိုပါမုန်တိုင်း ပျက်ပြယ်သွားပြီဆို၍ ဒေသခံများ များစွာဝမ်းမြောက်နေ၇ကြောင်းလည်းပြောကြသည်။

ရသေ့တောင်မြို့နယ်၊ဇီးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ဝင်းက"မုန်တိင်းပျက်ပြယ်သွားပြီဆိုတော့ ရပ်ရွာတွေမှာလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်ကြပြီလေ။ ဘာလို့ဆိုနောက်ထပ်မုန်တိုင်းတွေလာမယ်ဆိုလို့ ကြောက်လန့်ခဲ့ကြတာကိုး"ဟု ပြောသည်။

အလားတူမိုးလေ၀သပညာရှင် ဦးဝင်းနိုင်ကလည်း ၇ခိုင်သို့နောက်ထပ် ဝင်ရောက်မည့် မုန်တိုင်းသည်ပျက်ပြယ်သွားခဲ့ပြီဟု ယမန့်နေ့၊ ဇွန်လ ၄ ရက်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ဇွန်လ၄ ရက်တွင် မော်တင်စွန်းအနီး ဖြစ်လာသည့်အထက်လေပွေလှိုင်းသည်ကုန်းတွင်း(ဧရာ၀တီမြစ်ကျွန်းပေါ်ဒေသ)သို့ဝင်သွားပြီးနောက်မြစ်၀ကျွန်းပေါ်ဒေသ၊ ကုန်းတွင်း၌သာ လေပွေလှိုင်းအဖြစ်ရွေ့လျားနေခဲ့ပြီး ဇွန်လရ ရက်၊ ညနေ ၆ နာရီတွင် ကွမ်းခြံကုန်းမြစ်ပေါက် မုတ္တမကွေ့ပင်လယ်ပြင်သို့ရောက်လာမည်ဟု တွေ့၇ကြောင်း ဆိုသည်။

ဇွန်လ၈ ရက်၊ ညနေ ၅ နာရီတွင် အရှေ့မြောက်ဘက်(အင်းတကော်နှင့် ပဲခူးမြို့များဘက်) ကုန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ဝင်ရောက်သွားရာဇွန် ၁၂ ရက်၊ နံနက် ၃ နာရီအချိန် မိုးကုတ်မြို့အနီး ရောက်သည်အထိဖြစ်ကြောင်း ဦးဝင်းနိုင်က ဆိုထားသည်။

"ဒီအခြေအနေကြောင့် ယခင်ခန့်မှန်းခဲ့တဲ့လမ်းကြောင်းမှ အရှေ့ဘက်ကို အတော်များများရောက်သွားတာကြောင့် ဘင်္ဂလားပင်လယ်အော် ရေပြင်ကျယ်ဘက်ကို ရောက်မသွားတော့ပဲ ကုန်းတွင်းလေပွေလှိုင်းအဖြစ်သာမြောက်ဘက်ကို ဆက်လက် ဝင်ရောက်သွားတာဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဆီကိုမုန်တိုင်းနောက်တစ်လုံး ထပ်မံဝင်ရောက်နိုင်မဲ့ အန္တရာယ်မရှိတော့ဘူးလို့ မှတ်ယူနိုင်ပါပြီ"ဟုဆိုသည်။

ယခုပျက်ပြယ်သွားခဲ့သည့်မုန်တိုင်းသည်တစ်နာရီ မိုင် ၁၁၀ မှ မိုင် ၁၂၀ ခန့်အထိ တိုက်ခတ်နိုင်သည့်အားအလွန့်အလွန်ကောင်းသောမုန်တိုင်းဖြစ်လာမည်ဟုလည်း ဦးဝင်းနိုင်က မေလ ၃၁ရက်တွင် ခန့်မှန်းခဲ့သည်။

လက်ရှိတွင်မုန်တိုင်းပျက်ပြယ်သွားသော်လည်း ကုန်းတွင်းတွင်အထက်လေပွေလှိုင်းအဖြစ်ဆက်လက်ရွေ့လျားဝင်ရောက်မည့်လမ်းကြောင်းရှည်တစ်ခုလုံးတွင်မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်း တစ်နာရီ မိုင် ၃၀ အထိတိုက်နိုင်ခြင်း၊ အတူပါလာသည့် မိုးတိမ်တောင်များမှ စိုက်ဆင်းလေပြင်းကျရောက်နိုင်ခြင်းနှင့်မိုးကြိုးအန္တရာယ်များအပြင် ရေကြီးနိုင်မည့်အခြေအနေများလည်း ဖြစ်ပေါ်နိုင်၍သတိထားကြရန်လည်း သူက အသိပေးထားသည်။ (NN-16)

 

ဓာတ်ပုံ- ဦးဝင်းနိုင်ရဲ့ ပို့စ်

#မိုးလေဝသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.