ရခိုင်ပြည်မှ သမိုင်းဝင် နာမည်ကြီးစေတီတော်တစ်ဆူဖြစ်သည့် ဆံတော်ရှင် စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများမှာ မိုခါမုန်တိုင်းကြောင်း ပျက်စီးခဲ့ရသည့်အတွက် ပြုပြင်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့နယ်ပြိုင်းတောင်အုပ်စု စိုးမဲကျီ ကျေးရွာသားတစ်ဦးဖြစ်သူဦးထွန်းရွှေက “ဆံတော်ရှင်ဘုရားရင်ပြင်ကအဆောင်တွေတစ်ခုမှ မကျန်ဘူး အဆောင်တိုင်းနီးပါးအားလုံးပျက်သွားတယ်။ တချို့အဆောင်တွေဆိုကျွတ်ထွက်သွားတာတွေလည်းရှိတယ်။အခုအချိန်ထိပြန်မပြင်နိုင်သေးဘူး ” ဟုပြောသည်။
ဆံတော်ရှင်စေတီမှာ၂၀၂၀ ခုနှစ်ကလည်း ရင်ပြင်တော်နှင့် စေတီလုံးပတ်မှာ ပျက်စီးမှုတချို့ဖြစ်ပေါ်ခဲ့သည့်အတွက် ပြုပြင်မှုတစ်ချို့လုပ်ခဲ့၇ပြီး ယခုတိုက်ခတ်သွားသည့်ဆိုင်ကလုန်းမိုခါအတွင်း ထပ်မံ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
ပျက်စီးသွားသည့် သာသနိကအဆောက်အဦးများကို ပြန်လည်ပြုပြင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီထောက်ပံ့လေ့မရှိသဖြင့် ပြည်တွင်း ပြည်ပမှ စေတနာရှင်များကိုသာအားကိုးအားထားပြုကာ တည်ဆောက်၇မည်ဖြစ်ကြောင်း မြေပုံမြို့နယ်မြို့နယ်သံဃာ့နာယက အဖွဲ့ ဒု-ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာ၇ နိရဉ္စရာသတင်းဌာနကိုမိန့်ကြားထားသည်။
“ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အဆောက်အဦးတွေကျတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကို ၇နိုင်ပေမယ့် သာသနိကအဆောက်အဦးတွေကျတော့ နိုင်ငံတကာအကူညီတွေကို ရလေ့၇ထ မရှိတဲ့အတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့အရပ်ဘက်အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေက ဒီသာသနာဒိက အဆောက်အဦးတွေကိုလည်း လှူဒါန်းပေးဖို့ ကူညီပေးဖို့ကိုလည်း တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့်မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ပေါက်တောနှင့် ၇သေ့တောင်စသည့် မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းများအပါအဝင် သာသနိကအဆောက်အဦ ထောင်နှင့်ချီပြီး ပျက်စီးခဲ့သည်။
သမိုင်းဝင် ဆံတော်ရှင် စေတီတော်မှာပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်းခေါ် (မြေငူကျွန်း) တောင်ဘက်အဆုံးနီလာပဗ္ဗတတောင်ပေါ်တွင် တည်ရှိပြီး မဟာသက္ကရာဇ်၁၂၃ ခုနှစ်တွင်ဘုရားရှင်၏ ဆံတော်ကို ဌာပနာထည့်သွင်းကာ တည်ထားခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြာင်း ရခိုင်သမိုင်းမှတ်တမ်းများအရသိရှိ၇သည်။
လက်ရှိဆံတော်ရှင်စေတီတော်မြတ် အမြင့်မှာ ငှက်ပျောဖူးအထိ လက်တောင် ၄၂တောင်၊ အောက်ခြေလုံး ပတ် လက်တောင် ၁၄၈ တောင်ရှိကြောင်း သိရှိ၇သည်။ (NN-29)