မိုခါမုန်တိုင်းအလွန် ရခိုင်ပြန်လည်ထူထောင်ရာတွင်ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) မှသူတို့ ထိန်းချုပ်ရာနယ်မြေများတွင် အင်တိုက်အားတိုက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
၇သေ့တောင်မြို့နယ်ဒေသခံတစ်ဦးက “ ကျွန်တော်တို့မြို့နယ်မှာဆိုရင် ကျေးရွာတော်တော်များမျာ ရေငန်တွေဝင်ပြီး ရေကန်တော်တော်များများပျက်စီးသွားတယ်။ရွာသားတွေက ပြိုပျက်သွားတဲ့ ကိုယ့်အိမ်ကိုကိုယ်တောင် မပြင်နိုင်ကြဘူး။ ရေကန်တွေဆိုပြန်ပြင်ဖို့မလွယ်ဘူး။ အခုတော့ အေအေတပ်ဖွဲ့ဝင်တွေ တစ်ရွာပြီးတစ်ရွာရေကန်တွေကို သန့်ရှင်းပြီးပြုပြင်ပေးနေတော့ တော်တော် အဆင်ပြေပါတယ်။ ပြည်သူတွေက အရမ်းဝမ်းသာ အားလည်းကိုကြပါတယ်”ဟု ပြောဆိုသည်။
ရက္ခိုင့်တပ်တော်သည် ရသေ့တောင်မြို့နယ်အပါအဝင် မြို့နယ်အတော်တော်များမှ ရေငန်ဝင်၍ ပျက်စီးသွားသော ကျေးရွာများရှိ ရေကန်ရာနှင့်ချီပြီးကိုရေညစ်များကို ရေစုတ်စက်များဖြင့် ပြန်လည်စုတ်ထုတ်ပြီးသန့်ရှင်းပေးမှု ပြုလုပ်ပေးနေသည်ဟု သိ၇သည်။
ယခုဓာတ်ပုံများမှာ ရသေ့တောင်မြို့နယ်တွင်ကျေးရွာတချို့၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေငန်ဝင်၍ ပျက်စီးသွားခဲ့ရသည့် သောက်သုံးရေကန်များအား ပြန်လည်သန့်ရှင်းရေး ပြုပြင် ပေးနေသည့် ပုံများဖြစ်ကြပါသည်။
အလားတူ မြောက်ဦးမြို့နယ်တွင် ကျေးရွာတချို့၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးခဲ့၇သည့် ၇ခိုင်ပြည်သူများ၏ နေအိမ်များကို တပ်တော် တပ်ဖွဲ့ဝင်များကဆက်လက် ကူညီ ပြုပြင်ပေးလျက်ရှိသည်ဟု သိရှိ၇သည်။
ဓာတ်ပုံ- Khaing Thu Kha Twitter