(ငါးလုပ်ငန်းဦးစီးဌာမှ စာရင်းကောက်ယူနေဆဲဖြစ်၍အတိအကျ အပျက်အစီးစာရင်းမရရှိသေးဟုဆို)
၇ခိုင်ပြည်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်ငါးဖမ်းဘုတ်နှင့် ငါးဖမ်းစက်လှေ အများအပြားနစ်မြုပ်ပျက်စီးသွားခဲ့သည့်အတွက်ရေလုပ်ငန်းကို ပြန်လည်ထူထောင် လုပ်ကိုင်နိုင်ရန်အတွက်ငွေကြေးအရင်းအနှီးထောက်ပံ့မှုများလိုအပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ပျက်စီးဆုံးရာတွင် ငါးဖမ်းပိုက်၊ငါဖမ်းကရိယာ၊ စက်လှေ၊ငါးဖမ်းဘုတ်နများဖြစ်ကြပြီးငွေကြေးအားဖြင့်သိန်းရာချီ၍ ဆုံးရှုံးမှု ရှိခဲ့သည်ဟု ပေါက်တောမြို့နယ်၊သဲခုံကျေးရွာမှ စက်လှေများကို ပြုပြင်တည်ဆောက်ပေးနေသည့် လက်သမားဆရာ ကိုဆံနီကနိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ ပျက်စီးသွားတာက တစ်ရွာလုံးဘဲ။ ငါးဘုတ်တွေပျက်စီးကုန်တာ။ အခုကငါးဖမ်းဘုတ်ရှိရင်၊ငါးဖမ်းပိုက်မရှိဘူး။ပိုက်ရှိရင်၊ ဘုတ်မရှိကြတော့ဘူး။ဘုတ်ရော၊ ပိုက်ရော ဘာမှ မ၇လိုက်တဲ့ သူတွေလည်းရှိတယ်။ ကျွန်တော်က ဘုတ်ပြင်တယ်။ အခုက ဘာဘုတ်ကို ပြင်နိုင်အုံးမလဲ။ကိုယ့်အိမ် ပျက်စီးတာကို အရင်လုပ်နေ၇တယ်။ ဘုတ်သမားတွေမှာလည်းအခု ထောက်ပံ့ကြေးတွေနဲ့ စားနေကြ၇တာ။ ဘုတ်သမားတွေမှာလည်း အားလုံးအခက်အခဲပါ။ရေခူတွေ၊ နေလှမ်းငါးခြောက်တွေ အများကြီး ဆုံးရှုံးသွားတာတွေ ရှိတယ်။ တစ်ချို့ဆိုရင် သိန်းရာနဲ့ချီပျက်စီးသွားတာတွေရှိတယ်” ဟုပြောသည်။
ပေါက်တောမြို့နယ်၊သဲခုံကျေးရွာတွင် ရေလုပ်ငန်းကို အဓိက မှီခို၍ လုပ်ကိုင်စားသောက်နေကြသည့်ကျေးရွာတစ်ခုဖြစ်ပြီး ၎င်းကျေးရွာတွင် အိမ်ခြေ၄၅၀ကျော်ရှိပြီး၊ လူဦးရေ ၂၀၀၀ကျော်ခန့် နေထိုင်ကြပြီး ငါးဖမ်းစက်လှေများပျက်စီးသွားသဖြင့်အများစု ရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်နေကြသည်ဟု သိရှိ၇သည်။
“ မုန်တိုင်းကြောင့်တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့တယ်။ အိမ်တွေ၊ ငါးဖမ်းလှေတွေ အကုန်လုံးဘဲ။ ပြန်လည်ထူထောင်ရေးအတွက်အရစ်ကျနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိနိုင်မယ်ဆိုရင်ကောင်းမယ်။ နဂိုအတိုင်း ပြန်လည် ထူထောင်နိုင်ဖို့က တစ်ဖြည်းဖြည်း လုပ်သွားရင် အဆင်ပြေနိုင်ပါတယ်”ဟုကိုဆံနီက ဆက်ပြောသည်။
အလားတူပေါက်တောမြို့နယ်၊ ပြိုင်းတောင်အုပ်စု၊ စိုးမဲကျီကျေးရွာတွင်လည်း မုန်တိုင်းကြောင့်စက်လှေများ ရေနှင့် မျှောပါသွားသလိုပျက်စီးမှု အများအပြား ရှိခဲ့သည့်အတွက် ရေရှည် ရပ်တည်နိုင်ရန် အလွန်အခက်အခဲဖြစ်နိုင်သည်ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ဦးထွန်းရွှေက နိရဉ္စရာကို ပြောသည်။
“ ရွာသားတွေက ရေလုပ်ငန်းနှင့်တောင်ယာကို မှီခိုပြီးလုပ်စားနေကြတာပါ။ ငါးဖမ်းလှေတွေ၊ ခရီးသည်တင်လိုင်းဘုတ်တွေ အကုန်လုံးပျက်စီးကုန်တယ်။ လှေတွေက ဒီရေနဲ့ အတူမျောပါသွားတာလည်း ရှိတယ်။ သောင်တင်လို့ ကွဲပြဲပြီး ပြန်တွေ့တာတွေလည်းရှိတယ်။ တောင်ယာစိုက်ပျိုးသူတွေမှာလည်းသီးနှံခင်းတွေ အများကြီးပျက်စီးသွားကြတယ်။ လက်ရှိ မိသားစုတွေ စားဝတ်နေရေး အတွက် တော်တော် အခက်အခဲရှိတာပေါ့။ပြီးရင် မုန်တိုင်းနဲ့ ပျက်စီးသွားတဲ့ အိမ်တွေကို တစ်နိုင်တစ်ပိုင် စုပေါင်း လုပ်နေကြ၇တယ် ” ဟုပြောသည်။
ပေါက်တောမြို့နယ်၊ ပြိုင်းတောင်အုပ်စု၊စိုးမဲကျီကျေးရွာ အိမ်ထောင်စု ၄၀၀ကျော်ရှိပြီး၊ လူဦးရေ ၁၀၀၀ကျော်နေထိုင်ကြသည်ဟု ၎င်းကပြောသည်။
အလားတူ ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် စစ်တွေမြို့၊ကျေးတောရွာမနှင့် ကျေးတောပိုက်ဆိပ်တွင် မုန်တိုင်းကြောင့် စက်လှေနှင့် ငါးဖမ်းပိုက် အများအပြား ပျက်စီး ဆုံးရှုံးသွားခဲ့သည်ဟု ကျေးတောရွာမက စက်လှေပိုင်ရှင်တစ်ဦးဖြစ်သူဦးအောင်သာကျော်က နိရဉ္စရာကိုပြောသည်။
“ ငါးဖမ်းပိုက်တွေကတော်တော့်ကို ဆုံးရှုံးသွားတယ်။ လှေတွေလည်း ရေနဲ့ မျှောပါသွားတယ်။ပြန်မရတာလည်း ရှိတယ်။ ကျိုးပဲ့ပြီး ပြန်တွေ့တာလည်းရှိတယ်။ စက်တွေလည်းပျက်စီးသွားတယ်။ ပိုက်တစ်လက်(တစ်ဖုံ) ကို ပိုက်ဆံ ၅သိန်း၊ ၆သိန်းလောက်ရှိတယ်။ကျေးတော ပိုက်ဆိပ်ဘက်မှာတော့ အကုန်လုံး ပျက်စီးကြတယ်။ အနည်းနဲ့ အများပဲရှိတယ်။ ဦးလေးမှာတော့ လောလောဆယ်တော့ ကျန်ခဲ့ဟာတွေကို နည်းနည်း ပြုပြင်ပြီးတော့လုပ်စားနေတယ်။ မလုပ်၇တဲ့ သူတွေက အများကြီး ရှိသေးတယ် ” ဟုပြောသည်။
ကျေးတောပိုက်ဆိပ်မှာအိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်တွေ-ရွှေမင်းဂံဆင်းလမ်းဘေးတွ
ယခုကဲ့သို့ မုန်တိုင်းကြောင့် ရခိုင်တွင် ရေလုပ်ငန်းများ အကြီးအကျယ်ထိခိုက်ပျက်စီးသွားမှုနှင့် ပတ်သက်ပြီး ပိုမိုသိ၇ှိနိုင်အောင် ၇ခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနယာယီပြည်နယ်မှူး ဦးအောင်တင်စောအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ပျက်စီး ဆုံးရှုံးမှုများအား မြို့နယ်အလိုက် ကောက်ယူနေတုန်းဖြစ်နေသည့်အတွက်စာရင်းများကို အတည်မပြုနိုင်သေးဟု ပြောသည်။
“ စာရင်းတွေကအတည်မပြုနိုင်သေးဘူး။ မြို့နယ်တွေကလည်း ကောက်နေတုန်းဆိုတော့လေ။ မြို့နယ်အလိုက်မေးကြည့်လိုက်ပါ။ ကျွန်တော်အနေနဲ့ အသေးစိတ်စာရင်းကို အတည်မပြုနိုင်သေးလို့ပါ” ဟုပြောသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့်ရေလုပ်ငန်းပြန်လည် ထူထောင်ရေးအတွက် အစိုး၇အဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်နေကြကာအမြန်ဆုံးလည်ပတ်နိုင်ရန်အတွက်လည်း ငွေကြေးအရင်းအနှီးများ လိုအပ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနစစ်တွေခရိုင်မှူး ဦးထွန်းသိန်းကလည်း နိရဉ္စရာကို ပြောသည်။
“ ပြန်လည် ထူထောင်ရေးတွေကအစိုးအဖွဲ့တွေရော အကုန် ဝိုင်းဝန်းပြီး လုပ်နေကြပါတယ်။ပျက်စီးမှုအခြေအနေ၊ စာရင်း ကောက်နေတုန်းမို့လို့ အတိအကျတော့ မသိ၇သေးဘူး။ အမြန်ဆုံး လည်ပတ်နိုင်အောင်လုပ်၇မှာပေါ့။ ၃ပတ်လောက်ပဲ ရှိသေးတဲ့ အတွက် အရင်အတိုင်း ပြန်မလည်ပတ် နိုင်သေးပါဘူး။ အရင်အတိုင်း ပြန်လည်နိုင်ဖို့ဆိုရင်ငွေကြေးတွေ၊ အရင်းအနှီးတွေလိုအပ်ပါတယ် ” ဟုပြောသည်။
၇ခိုင်တွင် မုတ်သုန်မိုး စတင်ဝင်ရောက်လာပြီဖြစ်သဖြင့် မုန်တိုင်းအတွင်း ပြိုပျက်သွားသည့် နေအိမ်အဆောက်အဦများကိုပြန်လည် ပြုပြင်တည်ဆောက်ခြင်းကို အဓိက လုပ်ကိုင်နေကြရပြီး ရေလုပ်ငန်းကို မလုပ်နိုင်သေးသဖြင့် ပင်လယ်ကမ်းနီးကျေးရွာများရှိ မိသားစုအများအပြား စားသောက်ရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ၎င်းတို့ကပြောကြားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်စာရင်းတွင်မူမေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်၇ခိုင်တွင် လူပေါင်း ၁၁၅၆၇၉၆ ဦး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၄၈ဦးရှိကြောင်း၊ ဒဏ်ရာ၇ ၆၂ ဦးရှိကာ ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၂၄၁၀၇၁ခုရှိကြောင်း၊ ယာဉ်အပျက်အစီး (ရေယာဉ်+ကား)၇၁၆ စီး၊ သေဆုံး တိရစ္ဆာန် ၂၇၆၁၇ ကောင်နှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးသိန်းပေါင်း ၄၈၉၈၆ သိန်း ရှိကြောင်း ဖော်ပြထားသည်။ (NN 13)