Preview

မြန်မာတနိုင်ငံလုံးက ပန်းချီဆရာများလှူဒါန်းသော ပန်းချီကားများကို ရောင်းချပြီး မုန်တိုင်းဒဏ်သင့် ရခိုင်ပန်းချီဆရာများအား ထောက်ပံ့

ဇွန် ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :656
ရခိုင် သတင်း

လေဘေးတွင် ထိခိုက်ခဲ့ရသည့်၇ခိုင်ပြည်သူများအတွက် ြန်မာတနိုင်ငံလုံးက ပန်းချီဆရာများလှူဒါန်းသော ပန်းချီကားများကို ရောင်းချပြီး ရရှိလာသောငွေသိန်း (၂၇၀)အထဲမှ ကျပ် ၅၄ သိန်းကို ရခိုင်မှပန်းချီဆရာ/ မ ၂၇ ဦးအား က ပြီးခဲ့သည့်ရက်ပိုင်းက Art Aidfor Arakanကူညီ ောက်ပံ့မှု ပြုလုပ်ခဲ့သည်ဟုသိ၇သည်။

 

ကိုယ်တိုင်သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည်ဟု Art Aid forArakan ၏တာဝန်ရှိသူ ကိုသူ၇ကျော်က "မုန်တိုင်းသင့်ပြည်သူတွေအတွက်ဆိုပြီးကျနော်တို့က ပန်းချီကားတွေ တင်ပြီးရောင်းတာလေ။မိုခါမုန်တိုင်းသင့်ပြည်သူတွေကိုထောက်ပံ့နိုင်ဖို့ မြန်မာတပြည်လုံးက ပန်းချီဆရာတွေကရောင်းမယ့်ပန်းချီကားတွေကို လှူကြပါတယ်။ လှူတာကို ကျနော်တို့ကပြန်ရောင်းပြီးတော့ရတဲ့ပိုက်ဆံနဲ့ ထောက်ပံပေးတာပါ" ဟု နိရဥ္စရာသို့ပြောသည်။  

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်က ပန်းချီဆရာမျာ၏နေအိမ်များပျက်စီးသွားသလို  ပန်းချီကားများနှင့် ပန်းချီဆေးပစ္စည်းများမှာလည်း  ပျက်စီးဆုံးရှုံးသွားကြသည်ဟု သိ၇သည်။

ထိုသို့ ကူညီထောက်ပံ့ရာတွင် စစ်တွေမြို့မှပန်းချီဆရာ ၁၇ ဦး၊ ပုဏ္ဏားကျွန်းမှပန်းချီဆရာ၂ ဦး၊ ကျောက်တော်မှ ပန်းချီဆရာ ၅ ဦး၊မြောက်ဦးမှပန်းချီဆရာ ၂ ဦး၊ ရသေ့တောင်မှပန်းချီဆရာ ၁ ဦးတို့ကို တစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းကျစီဖြင့်စုစုပေါင်း ၅၄ သိန်းကို ထောက်ပံ့ကူညီခဲ့သည်ဟု သိ၇သည်။


စစ်တွေမြိုနယ်မှပန်းချီဆရာများဖြစ်သည့် ဦးကျော်ဇောမောင်၊ ဦးကျော်ဇံမောင်၊ဦးထွန်းကျော်၊ ဦးမောင်မောင်စော၊ ပန်းချီသျှင်လှ၊ ဦးသာစိန်ကို၊ ဦးသိန်းလှိုင်၊ ဦးကျော်မြအေး၊ ဦးမောင်မြသာ၊ ကိုကျော်ကျော်ထွန်း၊ ကိုဇာနည်ထွန်း၊ကိုရန်နိုင်ထွေး၊ မအေးသိန်းဦး၊ ဝင်းမျိုးထွန်း၊ဉီးသိန်းရွှေမောင်၊ ဉီးထွန်းဦးကျော်နှင့် ဉီးမောင်တင့်လွင်တို့ကိုထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှပန်းချီဆရာ ကိုခင်အောင်ခန့် နှင့် တာယာ၊ မြောက်ဉီးမှပန်းချီထူးလှနှင့် ကိုခိုင်မင်းထွန်း၊ ၇သေ့တောင်မှ ကိုအေးဝင်း၊ ကျောက်တော်မှ ဦးမြမောင်ကြီး၊ဦးမှဲ့နီ၊ ဦးထွန်းစိန်အောင်၊ဦးဇော်ဇော်၊ ဦးခင်မောင်ထွန်း စသည့် ပန်းချီဆရာများကို ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

အဆိုပါရခိုင်မြို့နယ်များမှ ပန်းချီဆရာများမှာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးသည့်အပြင်၄င်းတို့၏အနုပညာဖန်တီးမှုလက်ရာ ပန်းချီကားများ၊ပန်းချီဆေးပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် Art Aid forArakan မှ ကမကထပြုလုပ်ပြီး ယခုကဲ့သို့ တစ်ဘက်တစ်လမ်းမှထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်း သိ၇သည်။

ယခုကဲ့သို့ကူညီထောက်ပံ့သည့်စာရင်းတွင်မပါဝင်သေးသည့် ရခိုင်ပြည်ရှိ မုန်တိုင်းသင့် မြို့နယ်များမှပန်းချီဆရာများကိုလည်း ကူညီထောက်ပံ့ရန်ရှိပြီး အဆိုပါပန်းချီဆရာများ အနေဖြင့်Art Aid for Arakan Messenger (သို့မဟုတ်) ဖုန်း - 09421711501 ကို ဆက်သွယ်စာရင်းပေးရန် အသိပေးထားသည်။

Art Aid for Aarkan ကမိုခါမုန်တိုင်းအလွန်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး မုန်တိုင်းသင့် ပြည်သူများကို ထောက်ပံ့ရေးအတွက်မြန်မာတစ်နိုင်လုံးမှ ပန်းချီဆရာများကလှူဒါန်းသည့် ပန်းချီကားများကိုရောင်းချပေးခဲ့ရာတွင်  ကျပ်သိန်း ၂၇၀ ရရှိခဲ့ပြီး အဆိုပါငွေများအထဲက ပန်းချီဆရာများကိုသာမက  မုန်တိုင်းသင့်ပြည်သူများအတွက်လည်း  ArakanCSO Network မှတဆင့်လှူဒါန်းခဲ့ကြောင်းလည်း သိ၇သည်။ (NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.