အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးချေးငွေ ရယူနိုင်ကြောင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 545

(တောင်သူတစ်ဦးချင်းအတွက် အများဆုံးကျပ်သိန်း ၇၀၀၊ တောင်သူအစု တစ်ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀အထိ ရယူထုတ်ချေးနိုင်ဟုဆို)

 

စစ်ကောင်စီ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူဦးကြီးများသို့ ငွေထုတ်ချေးရန် အသိပေးကြေညာချက် တစ်စောင်ကို ထုတ်ပြန်လာသည်။

 

ထုတ်ချေးမည့် နေရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူ ရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း တို့အတွက် အရင်းအနှီး လိုအပ်ချက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်ှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိနေသည်ဟု ဖော်ပြသည်။

 

 ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက် ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို စက်ကိရိယာ အရောင်းပြခန်း ကုမ္ပဏီများထဲတွင် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

 

ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေ အတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါ စက်များမှအပ ကျန်စက်ကိရိယာများ အတွက် ၅ နှစ် ၅ ရစ် ပေးဆပ်သည့်စနစ် ဖြစ်ပါသည်။

 

ချေးငွေရယူလိုသော တောင်သူဦးကြီးများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများ နှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေ လျှောက်ထား ရယူနိုင်ပါကြောင်း

 

ချေးငွေနှင့်စပ်လျဉ်း၍ သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)၏လိပ်စာ၊ အမှတ်၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၁၈၃၉၁၂၃၅ သို့လည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ