၇ခိုင်တွင်မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း မြင့်တက်သွားသည့် ဆန်ဈေးနှုန်းသည်မုန်တိုင်းအလွန် တစ်လကျော်လာသည့် ယနေ့ဇွန်လ၁၆ ရက်ထိ ပြန်ကျသွားခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ကြောင်း သိ၇သည်။
မုန်တိုင်းဗဟိုပြုတိုက်ခတ်ခဲ့ရာစစ်တွေမြို့တွင် ယခင်က ၉ သောင်းကျပ်ကျော်ရှိသည့် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကိုမုန်တိုင်းအလွန်တွင် တစ်သိန်းနှစ်သောင်းဝန်းကျင်ထိ တက်သွားပြီး ၎င်းဈေးနှုန်းမှာယနေ့အထိ ပြန်ကျသွားခြင်း မရှိကြောင်းမြို့ခံများကပြော သည်။
" မုန်တိုင်းမတိုက်ခင်တုန်းကပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၉ သောင်းကျော်နဲ့ဝယ်၇တယ်။ မုန်တိုင်းတိုက်ပြီးကတည်းက တစ်သိန်းနှစ်သောင်း နီးပါးထိ ဈေးတက်သွားတယ်။ အခုလည်း အဲဒီဈေးအတိုင်းပဲရှိနေပါသေးတယ်"ဟု စစ်တွေမြို့မ ဈေးကြီးမှ ဈေးသည်အမျိုးသမီး တစ်ဦးက နိရဥ္စရာသို့ပြောသည်။
ဆန်ဆိုင်များအနေဖြင့်ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ဆန်စက်မှဝယ်ယူရနေရသည့်ဈေးနှုန်းမှာ လက်ရှိတွင် တစ်သိန်းတစ်သောင်း ကျပ်ရှိနေသည့်အတွက်ပြန်ရောင်းချသည့်အခါ တစ်သိန်းတစ်သောင်း ငါးထောင်ကျပ်၊ တစ်သိန်း နှစ်သောင်းကျပ်လောက်ဖြင့် ပြန်ရောင်းနေခြင်း ဖြစ်ကြောင်းစစ်တွေမြို့မှ သဇင်ခိုင်ဆန်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်အမျိုးသမီးကပြောသည်။
" ဆန်စက်တွေကနေဝယ်ယူတဲ့အခါအခုပုံမှန်ဈေးက ပေါ်ဆန်းမွှေးတစ်အိတ်ကို တစ်သိန်း တစ်သောင်း ကျပ်ရှိနေပါတယ်။ ဆန်ဆိုင်တွေအနေနဲ့ ပြန်ရောင်းတဲ့အခါအမြတ်အတွက် ငါးထောင်လောက် တင်ရောင်းရတာတွေရှိပါတယ်။ တစ်သိန်းတစ်သောင်းငါးထောင် ၇ောင်းသူရှိတယ် ။ တစ်သိန်းနှစ်သောင်းနဲ့ရောင်းနေကြတာရှိတယ်။အဲဒီဝန်းကျင်ထက်တော့မပိုပါဘူး"ဟု သူမက ပြောသည်။
တခြားဆန်ကြမ်းများဖြစ်သည့်ရွှေဝါထွန်း၊သိရိဒုံ၊ အိန္ဒိယ၊မှော်ဘီစသည့်ဆန်များမှာလည်း မုန်တိုင်း အလွန်ကနေယခုအချိန်ထိ ဈေးမြင့်တက်နေဆဲ ဖြစ်ကြောင်းသိ၇သည်။
ယင်းဆန်ကြမ်းများတွင်ယခင်က ခုနှစ်သောင်းကျပ်ရှိသည့်သီရိဒုံ ဆန်တစ်အိတ်ကို မုန်တိုင်းအလွန်တွင် ရှစ်သောင်းကျပ်မြင့်တက်သွားသလို တခြားဆန်များမှာလည်း ယခင်ဈေးနှုန်းထက်တစ်အိတ်ကို တစ်သောင်းကျပ် ဝန်းကျင်လောက်မြင့်တက်သွားကြောင်းသူမကပြောသည်။
မုန်တိုင်းကြောင့်မြို့နယ်လုံးကျွတ်ပျက်စီးခဲ့၇သည့် ၇သေ့တောင်မြို့တွင်လည်း ၉၉၀၀၀ ကျပ် သာရှိသည့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကိုမုန်တိုင်းအလွန်ကပင် ၁၃၀၀၀၀ ကျပ်ဖြင့် ယနေ့အချိန်ထိ ဝယ်ယူနေ၇ကြောင်းမြို့ခံများက ပြောသည်။
" ၇သေ့တောင်မှာတော့ပေါ်ဆန်းမွှေးတစ်အိတ်ကို ၁၃၀၀၀၀ ကျပ်ထိပေးဝယ်နေ၇ပါတယ်။မုန်တိုင်း မတိုက်ခင်က ၉၉၀၀၀ ကျပ်ပဲရှိပါတယ်။မုန်တိုင်းတိုက်ပြီးကတည်းကဈေးမြင့်တက်သွားတာ အခုလည်းအဲဒီဈေးပါပဲ" ဟု ၇သေ့တောင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
ကျောက်တော်မြို့တွင်လည်းမုန်တိုင်းမတိုက်ခင်က တစ်သိန်း တစ်သောင်းကျပ်ကျော်ရှိသည့်ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို လက်ရှိတွင် တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်၊ တစ်သိန်းသုံးသောင်း ကျပ်စသဖြင့် ဈေးအမျိုးမျိုးပေးဝယ်နေ၇ကြောင်း မြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ရက်ကတိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေအပါအဝင်၇ခိုင်မြို့နယ်တချို့ပျက်စီးသွားခဲ့ပြီး သန်းနှင့်ချီသည့်လေဘေးသင့်ပြည်သူလူထုမှာ မုန်တိုင်းအလွန် ၁ လကျော်ကာလ ယနေ့အထိ အမိုးအကာမဲ့၊စားနပ်ရိက္ခာမဲ့ဘ၀ဖြင့် အတိဒုက္ခရောက်နေကြဆဲဟု ကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်မုန်တိုင်းသင့်ပြည်သူများကပြောသည်။
အဆိုပါလေဘေးသင့်ပြည်သူလူထုမှာမုန်တိုင်းအလွန် ရုတ်တရက် ဈေးမြင့်တက်သွားသည့်ဆန်နှင့်အခြေခံစားသောက်ကုန်ဈေးနှုန်းများကြောင့် ဘ၀ရပ်တည်ရန်ပို၍ အကျပ်ရိုက် အခက်တွေ့နေကြောင်းလည်းနိရဥ္စရာသို့ ပြောဆိုကြသည်။
အင်အားပြင်းသည့်မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်၇ခိုင်ပြည်နယ်အတွင်း နေအိမ် (၂၁၆၆၈၁) ဆောင် ပျက်စီးခဲ့ပြီးပြည်သူတစ်သန်းကျော် ထိခိုက်နစ်နာခဲ့၇ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)ကထုတ်ပြန်ထားသည်။
လက်ရှိမုန်တိုင်းအလွန်၁ လကျော်ကာလအထိ လေဘေးသင့်ပြည်သူ ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးများလိုအပ်နေဆဲဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)က ဇွန်လ ၁၄ ရက်က ထုတ်ပြန်ထားသည်။(NN-23)