Preview

စစ်ကိုင်းတိုင်းက PDF စခန်းအချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ပြီး အရပ်သားများအပါအဝင် လူပေါင်း ၁၅ ဦးထက်မနည်းကိုသတ်ဖြတ်သွားဟုဆို

ဇွန် ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :1289
ပြည်တွင်း သတင်း

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာ (၃)ရွာအနီးရှိ  PDF စခန်းများကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ပြီး အရပ်သားများ အပါအဝင် လူပေါင်း  ၁၅ ဦးထက်မနည်းကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံကသိရှိ၇သည်။

 

မနေ့က ဖြစ်သွားတာ။ကင်းတော်၊ ယျာဉ်နဲ့ လက်ပံတောကျေးရွာနားတွေက  အရပ်သားတွေအပါအဝင် စခန်းတွေက ရဲဘော်တွေ ၁၅ / ၂၀ လောက်ရှိမယ် အသတ်ခံလိုက်၇တာ။ လက်နက်တွေလဲ အတော်လေး ဆုံးရှုံးသွားခဲ့တယ်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

စစ်ကိုင်းမြို့နယ်ထဲကကင်းတော်ကျေးရွာ၊ ယျာဉ်ကျေးရွာနှင့်လက်ပံတော ကျေးရွာများအနီးက PDF စခန်းများအားစစ်ကောင်စီတပ်များက ဇွန်လ ၂၅ ရက်နေ့က အင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီး နင်းခဲ့ပြီး PDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁၃ ဦးနှင့် ဒေသခံ၄ ဦးတို့အား သတ်ဖြတ်သွားခဲ့ကြောင်း ၎င်းက ပြောသည်။



 “ဒီနေ့ ရှာဖွေပြီးမီးသဂြိုလ်ဖို့ ုပ်နေပါတယ်။ အသတ်ခံ၇တဲ့အထဲမှာလဲ ၂ ဦး ၃ ဦးလောက်ကိုလည်း မီးပါထပ်ရှို့သွားကြတာကို တွေ့၇ (မီးလောင်ကျွမ်းအလောင်း)ပါတယ်ဟုလက်ပံတော ကျေးရွာ ကဒေသခံ တစ်ဦးကလည်း တွေ့ရှိရမှုအားရှင်းလင်းပြောဆိုသည်။

 

စစ်ကောင်စီကလည်းအဆိုပါ ကျေးရွာများက PDF စခန်းများကို သွားရောက်တိုက်ခိုက်ခဲ့ပြီး  အလောင်းတချို့ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း၇မိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

 

စစ်ကောင်စီ၏ပြောဆိုချက်တွင် လက်နက်မျိုးစုံ ၄၂ လက်၊ ၁၀၇ မမ ဒုံးသီး ၂ လုံးအပါအဝင်ခဲယမ်း ဗုံးသီးများ၊ ကျည်များ ၅၀၀၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်းကိုလည်းတွေ့ရှိ၇သည်။

 

အဆိုပါကျေးရွာများသို့စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်းခံ၇ချိန် ဒေသခံ ၁၀ဦးထက်မနည်း သည်လည်း ပျောက်ဆုံးနေလျက်ရှိကြောင်း ဒေသခံများထံက သိရှိ၇သည်။ (NN – 25)

 

ဓာတ်ပုံ- သတ်ဖြတ်ခံခဲ့၇သူများ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.