၇ခိုင်ပြည်နယ်တွင် မုန်တိုင်းကြောင့်ပြိုပျက်သွားသည့် သာသနိက အဆောက်အဦများကို ပြန်လည်ပြုပြင်ရန်အတွက်စစ်တွေမြို့ရှိ အေးငြိမ်းပုဂ္ဂလိကဆေးရုံပိုင်ရှ
မုန်တိုင်းကြောင့် ပျက်စီးသွားသည့်သာသနိက အဆောက်အဦပေါင်း ၁၀၀ ခန့်ကို ပြန်လည်ပြုပြင်ရန် ယခင်က ပထမအကြိမ်ကျပ်ငွေ သိန်း (၂၀၀) မတည်ထားခဲ့သော်လည်း လောက်ငမှုမရှိ၍ မိမိမျှော်မှန်းထားသည့်အတိုင်း
“အရင်က မတည်ထားတဲ့ငွေနဲ့ အလှူရှင်တွေဆီက ၂၄ သိန်း၇တာနဲ့ဆိုတော့ မလုံလောက်ဘူးပေါ့နော်။ကျွန်တော့်အနေနဲ့ ကျောင်းပေါင်း ၁၀၀ လောက် ဆောက်လုပ်ပေးဖို့အစီစဉ်ရှိပါတယ်။ ဒါကြောင့် ထပ်ပြီး မတည်ငွေ ကျပ်သိန်း (၂၈၀၀) မတည်တာပါ” ဟုပြောသည်။
ဦးညီညီ၏ မတည်ငွေစုစုပေါင်း ကျပ်သိန်း (၃၀၀၀)အပြင်စေတနာအလှူရှင်များထံမှ ကျပ်ငွေ ၂၄ သိန်း ရရှိထားပြီး စုစုပေါင်း ကျပ်သိန်း(၃၀၂၄)သိန်းဖြင့် ပြိုပျက်နေသည့် သာသနိက အဆောက်အဦများကိုပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ရခိုင်ရှိ စစ်တွေ၊၇သေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံ မြို့နယ်တို့ရှိ မုန်တိုင်းကြောင့် ပျက်စီးသွားသည့်သာသနိကအဆောက်အဦများနှင့် ပျက်စီးသွားသည့် နေအိမ်အချို့ကို
“ဘုန်းကြီးကျောင်း ၂၅ကျောင်းနှင့် နေအိမ် ၂ ဆောင် လှူထားပါတယ်။ အဲ့အတွက် သိန်း ၆၀၀ သုံးထားပါပြီ။ဒီနေ့လည်း လုံး၀ မဆောက်နိုင်တဲ့သူတွေအတွက် နေအိမ် ၆ ဆောင်ကိုပြုပြင်ပေးဖို့ရှိနေပါတယ်။ သာသနိက အဆောက်အဦအတွက်လည်း ၂ ပိုင်းခွဲထားပါတယ်။အခုလောလောဆယ်က ခေါင်မိုးနဲ့ တိုင်တွေပါသွားတဲ့ ကျောင်းတွေကိုပေါ့နော်။အမြန်ဆုံး ပြီးနိုင်ဖို့ကျောင်းတွေကို ဦးစားပေး ပြုပြင်နေပါတယ်။ပြီးမှ ဘာမှ မကျန်လိုက်တဲ့ ကျောင်းတွေကို အသစ်ဆောက်ပေးမှာပါ”ဟုပြောသည်။
ထိုသို့ လှူဒါန်းမည့်ကျောင်းများအထဲတွင် လက်ရှိစတင်ပြုလုပ်မည့်ကျောင်းများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှကွမ်းတောင် သူ၇ဓမ္မကျောင်းတိုက်၊ စမ်းမတီကျောင်း၊ သဘာ၀တရား ရိပ်သာကျောင်း၊ ဗုတ္တေကျောင်း၊ သာလွန်တောင်ကျောင်း ကျောက်တော်မြို့နယ်မှ သဂ်နားကျေးရွာ အနောက်၊ အနာဂတ်အလင်းရောင်ကျောင်း၊စစ်တွေမြို့မှ ရက္ခမဏ္ဍိုင်ကျောင်းတိုက်၊အောင်မင်္ဂလာဓမ္မာရုံ၊ ဓမ္မဗိမာန်ရိပ်သာကျောင်း၊ ၇သေ့တောင်မြို့မျ သောင်းဒရားအနောက်၊ အောင်ဗလကျောင်း၊ပေါက်တောမြို့ ဓမ္မသိ၇မူလကျောင်း၊ စံကားတောင်တောကျောင်း၊ ဂြင်းချောင်းကျောင်းနှင့် မြင့်ဂါရွာဟောင်းဇရပ်တို့အပါအဝင် ကျောင်းပေါင်း ၁၈ ကျောင်းဖြစ်သည်။
ထပ်မံ၍ လှူဒါန်းမည်ဆောက်လုပ်ပေးမည့်အိမ် ၂ဆောင်မှာလည်း စစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူရွာမှ ကိုမောင်ဌေးအိမ် နှင့်ကိုစိုးချေ နေအိမ်တို့ ဖြစ်ကြသည်။
ထိုသို့ပျက်စီးသွားသည့် သာသနိက ကျောင်းဆောင်များကို ပံ့ပိုးလုပ်ဆောင်နိုင်ရန်တစ်နှစ်ခန့်အထိ ကြာမြင့်နိုင်သည်ဟုလည်း သူက ပြောသည်။
မေလ ၁၄ရက်က စစ်တွေမြို့ကိုဗဟိုပြု၍ တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ၇ခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများအပါအဝင် အဆောက်အအုံပေါင်း ၂၄၁၀၇၁ ခုပျက်စီးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ယင်းအနက်ပြိုပျက်သွားသည့်သာသနိကအဆောက်
မုန်တိုင်းကြောင့် ပျက်စီးသွားသည့်သာသနိက အဆောက်အဦများအတွက် အလှူငွေများ လှူဒါန်းလိုသည့် စေတနာရှင်များအနေဖြင့်ဦးညီညီ ဖုန်း (၀၉ ၄၂၄ ၆၈၃ ၇၂၀)သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။ ( NN-13)