Preview

သီရိလင်္ကာသို့ လက်ဆောင်ပေးထားသည့် ထိုင်းဆင် နှိပ်စက်ညှဉ်းပန်းခံနေရ၍ လေယာဉ်ဖြင့် ပြန်လည် သယ်ဆောင်ခေါ်ယူ

ဇူလိုင် ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :1178
နိုင်ငံတကာ သတင်း

ထိုင်းဘုရင်နှင့်မိဖုရားတို့က ၂၀၀၁ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ပေးအပ်လှူဒါန်းထားသည့်ဆင်တစ်ကောင်မှာ သီရိလင်္ကာတွင် နှိပ်စက်ညှဉ်းပန်းခံရပြီးဒဏ်ရာရနေသဖြင့် ထိုင်းအစိုး၇က ပြန်လည်ခေါ်ယူလိုက်သည်ဟုသိ၇သည်။

 

အသက်၂၉ နှစ်အရွယ်ရှိ ဆင်ကြီး မူတူးရာဂျာအား သယ်ဆောင်လာသည့် ကုန်တင်လေယာဉ်သည်တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ရောက်ရှိလာခဲ့သည်။

 

ပေါင်ချိန်၈၈၀၀ ရှိ ဆင်ကြီးအား အထူးပြုလုပ်ထားသည့် သံမဏိလှောင်အိမ်တွင်ထည့်သွင်းကာထိုင်းဆင်ထိန်းလေးဦး၊ သီရိလင်္ကာ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတစ်ဦး နှင့်အတူ အထူးကုန်တင် လေယာဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

 

အဆိုပါလေယာဉ်ငှါးရမ်းမှုအတွက်ကုန်ကျစရိတ် ဘတ် ၁၉ သန်း( ဒေါ်လာ ၅၄၀၀၀၀) ပေးခဲ့၇သည်ဟုဆို၏။

 

အဆိုပါဆင်ကြီးမှာ ထိုင်းနိုင်ငံ တစ်ခြား နိုင်ငံများသို့ လက်ဆောင်ပေးထားသည့်ဆင်များအထဲက တစ်ကောင်ဖြစ်ပြီး  သီရိလင်္ကာ ဘုန်းတော်ကြီးကျောင်းတွင် နှိပ်စက်ညှဉ်းပန်းခံနေရသည်ဟု ကြားသိရသဖြင့် ထိုင်းအစိုး၇က ပြန်လည်တောင်းယူခဲ့ခြင်းဖြစ်သည်။

 

သီရိလင်္ကာဝန်ကြီးချုပ်ကယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ထိုင်းဘုရင်အား လူသိရှင်ကြားတောင်းပန်ခဲ့သည်။

 

ဆင်ကြီး၏ရှေ့ ဝဲဘက်ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် ကုသမှုခံယူရမည်ဟုသိ၇သည်။ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့သည်ဆင်ကို အလေးအမြတ်ထားသော နိုင်ငံများဖြစ်သည်။

 

၂၀၀၁ခုနှစ်က ထိုင်းတော်ဝင်မိသားစုသည် ယခုဆင်ကြီး မူတူးရာဂျာ အပါအဝင် ဆင်သုံးကောင်ကို ဘာသာရေးပွဲတော် အခမ်းအနားများတွင် အသုံးပြုရန် သီရိင်္လကာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

မူတူးရာဂျာဆင်ကြီးကို သီရိလင်္ကာတောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ထားခဲ့သည်။

 

တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ၏ အဆိုအရ မူတူးရာဂျာဆင်ကြီးမှာ ဘုရားကျောင်းအတွင်းသစ်ဆွဲသည့် အလုပ်ကို လုပ်ရပြီး ရရှိထားသောဒဏ်ရာကို ဆေးကုသမှုမပေးသည့်အတွက်ခြေတစ်ဖက် ဆာ နေသည်ဟုသိ၇သည်။

 

သီရိလင်္ကာအခြေစိုက်တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက သီရိလင်္ကာအစိုး၇ကိုအဆိုပါ ကိစ္စအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုထားသဖြင့် ယမန်နှစ်ကထိုင်းအစိုး၇သို့ တင်ပြအကူအညီတောင်းခံခဲ့သည်။

 

ဆင်ကြီးမူတူးပြန်ပို့ရေးနှင့်ပတ်သက်ပြီး သီရိလင်္ကာ သဘာ၀တောရိုင်းဝန်ကြီး၊ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ နှင့် ထိုင်းအစိုး၇ကြား အငြင်းပွါးမှု ကာလအတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ပြန်လည် ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

 

NN-27

Ref:bbcworld

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.