တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မောင်တော နယ်မြေ(၅) နယ်ခြားစောင့်ရဲအရာရှိ ၃ ဦး ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 889

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နခခ(လက်အောက်ခံ နယ်မြေ(နယ်ခြားစောင့် ရဲစခန်းမှ စခန်းမှူးအပါအဝင် အရာရှိ  ဦး ပ်ကိုစွန့်ကာ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ 

 

နယ်မြေ() နယ်ခြားစောင့်ရဲစခန်းမှာ မောင်တောမြောက်ပိုင်း ငါးခူရကျေးရွာတွင် တည်ရှိပြီး ယမန်နေ့ ဇူလိုင်  ရက် ညအချိန်ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

 

တပ်စခန်း စွန့်ခွါထွက်ပြေးခဲ့ကြသူများ၏ နာမည်များကို မသိရသော်လည်း ၎င်းစခန်းမှ စခန်းမှူး၊ အမှုစစ်အရာရှိတစ်ဦးနှင့် ဗိုလ်လေးတစ်ဦးတို့ဖြစ်ကြောင်း ငါးခူရကျေးရွာသားအမျိုးသားတစ်ဦးက အတည်ပြုပြောသည်။ 

 

“ သူတို့နာမည်တွေကိုတော့ မသိပါဘူး။ ဒါပေမယ့်ထွက်ပြေးသွားတာမှန်ပါတယ်။ ဘာကြောင့်ထွက်ပြေးသွားကြတယ်ဆိုတာကိုသာ အတိအကျမသိရပါဟု ထိုအမျိုးသားက ပြောသည်။ 

 

တပ်စခန်း စွန့်ခွါထွက်ပြေးသွားသည့် အရာရှိ များထဲမှ ဗိုလ်လေးဆိုသူတွင် နီးဖြစ်သူကိုပါ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မည်သည့်ဘက်သို့မည်ကဲ့သို့ ထွက်ပြေးသွားသည်ကို အတိအကျမသိရကြောင်း ၎င်းအမျိုးသားကဆက်ပြောသည်။ 

 

ပြီးခဲ့သည့် နှစ်အတွင်းက မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဓားပြမှုတစ်ခုနှင့် ပတ်သက်ပြီးမွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ကွင်းဆက်တရားခံအဖြစ်ဖမ်းဆီးခဲ့ကြသည်။ 

 

အဆိုပါ တရားခံမှာ ဦးရှိန်းကျကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရက် ဆိုသူဖြစ်ပြီး ၎င်းမှာ ယမန်နေ့ဇူလိုင်လ  ရက်ညအချိန် ငါးခူရ ခန်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင် ဒေသခံ တခြားသတင်းရင်းမြစ်တခုက ပြောသည်။

 

နယ်ခြားစောင့်ရဲအရာရှိသုံးဦး ထွက်ပြေးရခြင်းမှာ ဖမ်းဆီးထိန်းသိမ်းထားသည့် တရားခံထွက်ပြေးလွတ်မြောက်သွားသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ၎င်း သတင်းရင်းမြစ်က ဆက်ပြောသည်။ 

 

ဖြစ်စဉ်က မှန်ပါတယ်။ ဓားပြမှုနဲ့ဖမ်းဆီးထားတဲ့ မွတ်ဆလင် တရားခံတစ်ယောက် မနေ့ညက လွတ်သွားလို့ အဲဒီစခန်းကအရာရှိတွေလည်း ထွက်ပြေးကြတာလို့ယူဆရပါတယ်” ဟု ဆိုသည်။ 


နယ်မြေ(ငါးခူရနယ်ခြားစောင့်ရဲကင်းစခန်းတွင် အင်းအား ၄၀ ခန့်ရှိပြီး လက်ရှိ နေ့လယ်ပိုင်းအခြေအနေအရ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လှုပ်ရှားသွားလာနေသည်ကို တွေ့ရကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ 

 

အခုငါးခူရမှာ စစ်ကားတွေက စစ်သားအပြည့်နဲ့ ဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်။ ဒီမှာ ရှိနေကြတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတော့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ 

 

ကြိမ်ချောင်းဗျူဟာနှင့် အမှတ်(နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ် ကျီးကျန်းပြင်ဖက်မှ အင်အား ရာနှင့်ချီသောစစ်ကောင်စီ တပ်သားများ ငါးခူရဘက်သို့ ကားဖြင့်တက်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း မျက်မြင်ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ 

 

ငါးခူရ စခန်းက အရာရှိတွေ ထွက်ပြေးသွားကြတယ်လို့ ဒီမနက်ကတည်းက သတင်း ကြားရတယ်။ အဲဒါကြောင့် စစ်တပ်က အဲဒီဘက်ကို သွားကြတာထင်ပါတယ်။ မနက်က ကား  စီး  စီးလောက် ကျီးကန်းပြင်ဘက်ကနေအပေါ်ကို က်သွား ကြတာ တွေ့လိုက်ရတယ်။ အားလုံး က်နက် အပြည့်နဲ့။ လူအင်အား ရာချီပါမယ်။ ကားမှာအပြည့်ပါဟု ထိုပညာရေး ဝန်ထမ်းက ပြောသည်။ 

 

ရခိုင်မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲဝန်ထမ်းများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်းတပ်စခန်း စွန့်ခွထွက်ပြေးမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။  

 

ပြီးခဲ့သည့် မတ်လ  ရက်နေ့ကလည်း မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်ရဲစခန်းမှသင်တန်းဆင်းခါစ ရဲဝန်ထမ်း  ဦး က်နက်များနှင့်အတူ ထွက်ပြေးမှုဖြစ်ပွါးခဲ့သည် 



ဆက်စပ် သတင်းများ