Preview

မုန်တိုင်းသင့် ရသေ့တောင်နှင့် ပေါက်တောမြို့ လျှပ်စစ်မီးပြန်ရ

ဇူလိုင် ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :1085
ရခိုင် သတင်း

(မုန်တိုင်းသင့်မြို့နယ်များထဲကဘူးသီးတောင်နှင့် မောင်တော မရရှိသေး)


ရခိုင်ပြည်နယ်အတွင်းမုန်တိုင်းသင့်မြို့နယ်များဖြစ်သည့် ရသေ့တောင်နှင့် ပေါက်တောမြို့တွင်လည်းမဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးပြန်၇နေပြီဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ဇူလိုင်လ၅ ရက်တွင် ရသေ့တောင်မြို့ပေါ် ရပ်ကွက် ၄ ခုနှင့် ရသေ့တောင်မြို့အနီးရှိတောင်လှမော်ကျေးရွာ ၁ ရွာတွင် လျှပ်စစ်မီး ရရှိခဲ့သည်။

 

အလားတူ ပေါက်တောမြို့ပေါ်ရှိ ရပ်ကွက်၅ ခုအနက် ၃ ခုတို့၌ယမန်နေ့က လျှပ်စစ်မီး ပြန်လည် ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

၇သေ့တောင်မြို့ခံဦးစံသိန်းက မနေ့ကမနက်ပိုင်းက ၁၁ နာရီလောက်မှရတယ်။ ခဏနေ ပြတ်သွားတယ်။ နာရီဝက်လောက်အကြာပြန်၇တယ်။ အခုတော့ တောက်လျှောက်၇နေတယ်ဟု ပြောသည်။

ယင်းသို့ရရှိနိုင်ရန် ဓာတ်အားလိုင်းမှတဆင့်နေအိမ်များသို့ ဓာတ်ကြိုးများသွယ်တန်းခဲ့ရာတွင် တစ်အိမ်လျှင် ကျပ် ၁သောင်းကျော် ပေးဆောင်ခဲ့၇သည်ဟု ဆိုသည်။

ပေါက်တောမြို့တွင်ဆိုလျှင် ရပ်ကွက်(၁)၊(၂)၊ (၃)၊ (၄)နှင့် (၅)ဆိုပြီး ရပ်ကွက် (၅)ခုအနက် ရပ်ကွက်(၁)၊ (၂)နှင့်(၃)တို့တွင် ယမန်နေ့ည ရ နာရီခွဲခန့်က နာရီဝက်ခန့် စမ်းသပ်ထုတ်လွှတ်ခဲ့ခြင်းသာဖြစ်ပြီးယနေ့နံနက်အထိ အချိန်ပြည့်ထုတ်လွှတ်ထားခြင်းမရှိသေးဟု ပေါက်တောမြို့ခံကိုကျော်ဟိန်းက ပြောသည်။

အခုကစမ်းကြည့်ထားရုံပဲ။ မလွှတ်ထားသေးဘူးဟု ပြောသည်။

ယခုကဲ့သို့ စမ်းသပ်ထုတ်နိုင်ရန်ဓာတ်အားလိုင်းမှတဆင့် နေအိမ်များသို့ ဓာတ်ကြိုးများသွယ်တန်းစစ်ဆေးခဲ့သူများကို၃ အိမ်ပေါင်း ကျပ် ၁ သောင်းပေးဆောင်ခဲ့၇သည်ဟု ဆိုသည်။


ရပ်ကွက်(၄)နှင့်ရပ်ကွက်(၅)တွင်ဆိုလျှင် ယနေ့ နံနက်အထိ စမ်းသပ်ထုတ်လွှတ်ခဲ့ခြင်းပင် မရှိသေးဟုနောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ ပေါက်တောမြို့ပေါ်ရပ်ကွက်(၅)ခုစလုံးအပါအဝင် ရသေ့တောင်မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာ ၁ ရွာတို့ကိုယမန်နေ့က လျှပ်စစ်မီးထုတ်လွှတ်ပေးထားပြီဟု ယနေ့ထုတ်စစ်ကောင်စီပိုင်သတင်းများတွင် ဆိုထားသည်။

ပြီးခဲ့သည့်မေလ ၁၄ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ပေါက်တောနှင့်ရသေ့တောင်အပါအဝင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့စသည့်မြို့နယ် ၁၀ ခုတွင် လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်မီးတိုင်များနှင့်ဓာတ်ကြိုးလိုင်းများ ထိခိုက်ပျက်စီးသွားခဲ့၇သည်။

မုန်တိုင်းပြီးနောက် လျှပ်စစ်ဌာနက၇ခိုင်ပြည်တွင်းနှင့် ပြည်မဘက်မှ ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ဖြင့်ပြန်လည်ဆောင်ရွက်ခဲ့ရာ ဇွန်လ ရ ရက်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့၊ဇွန် ၁၈ ရက်တွင် ကျောက်တော်မြို့၊ ဇွန် ၂၃ ရက်တွင် မြောက်ဦး၊ မင်းပြားနှင့်မြေပုံမြို့တို့၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။

လက်ရှိတွင် မုန်တိုင်းဒဏ်သင့်ခဲ့၇သည့်ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်သာ လျှပ်စစ်မီးရရှိရန်ကျန်ရှိပြီးယင်းမြို့များ အလျင်အမြန်ပြန်ရရှိအောင်လည်း ကြိုးစားဆောင်ရွက်နေကြသည်ဟုလျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။ (NN-16)

 

ဓာတ်ပုံ- ပေါက်တောမြို့ကို ယမန်နေ့က စမ်းသပ်ထုတ်လွှတ်ခဲ့ချိန်ရိုက်ကူးထားသည့်ဓာတ်ပုံအား တွေ့၇စဥ်။

 

ဓာတ်ပုံ- လျှပ်စစ် မင်း သား

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.