စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း သရက်ချိုရွာတွင် သုံးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 628

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာတွင် ယနေ့ညနေက သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ဆိုင်ကယ်တိုက်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူသွားသည့်ကလေးမှာ သရက်ချိုကျေးရွာမှ ဦးမောင်မောင်သန်းနှင့် ဒေါ်မဇင်ချေ၏သမီး မသဇင်ဦးဖြစ်သည်။

သူမသည် ယမန်နေ့ ဇူလိုင်လ ၉ ရက်၊ ညနေ ၃ နာရီခန့်က ကားလမ်းဘေးတွင် ကစားနေစဥ် စစ်တွေဘက်မှ လူနှစ်ဦး စီးလာသောဆိုင်ကယ်ဖြင့်တိုက်မိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း(P.D.Y.O)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"တိုက်မိအပြီး ကျွန်တော်တို့ PDYO ကားနဲ့ ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံကို အသွားလမ်းမှာ ဆုံးသွားတာပါ" ဟု ပြောသည်။

ဆိုင်ကယ်မောင်းသူနှစ်ဦးသည် ယိုးတရုပ်မြောင်တွင် ရေကစားရန်အသွားတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

သူတို့အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA /AA)က ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

 

ရခိုင်တွင် ကား၊ ဆိုင်ကယ် မဆင်မခြင်မောင်းနှင်မူများကြောင့် သေဆုံးမှုများ နှစ်စဉ်တိုးပွားနေရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရန် ယာဉ်မောင်းလိုင်စင်များရရှိပြီးမှသာ  မောင်းနှင်ခွင့်ပြုသင့်သည်ဟု ၎င်းက ပြောကြားသည်။   (NN-16)

ဆက်စပ် သတင်းများ