Preview

ကျောက်ဖြူ၊ ငလပွေ့ချောင်းထဲရေနစ်ပျောက်ဆုံးနေသည့် ၆ တန်းကျောင်းသားနှစ်ဦးအလောင်းရှာတွေ့

ဇူလိုင် ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :681
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ငလပွေ့ချောင်းကို လက်ပစ်ဖြတ်ကူးရင်း ရေနစ်ပျောက်ဆုံးနေသည့် တန်းကျောင်းသားနှစ်ဦး၏ အလောင်းအား ယနေ့ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် ရှာတွေ့ခဲ့ကြောင်း / ပွေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောသည်။

 

ရှာဖွေ့တွေ့ရှိသည့် အလောင်းများမှာ ကျောက်ဖြူမြို့၊ / ပွေ့ရပ်ကွက်မှ ဦးညီရွှေဝင်း၏သားဖြစ်သူ မောင်ညီကိုဝင်းနှင့် ဒေါ်စိတ်ကေမ၏သားဖြစ်သူ အရပ်ခေါ်နာမည် မောင်ပုတုတို့ဖြစ်ကြောင်း သိ၇သည်

 

၄င်းတို့နှစ်ဦးထဲမှ တစ်ဦး၏အလောင်းကို မနက် နာရီတွင် ပြန်တွေ့ခဲ့ပြီး ကျန်တစ်ဦး၏အလောင်းကို
မနက် နာရီအချိန်တွင်ရှာတွေ့ခဲ့ပြီး ကျောက်ဖြူမြို့ဆေးရုံသို့ပို့ဆောင်ထားကြောင်း / ပွေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်ကပြောသည်။

 

" အလောင်းတွေပြန်တွေ့ထားပါပြီ။ အခုမနက်ပိုင်းလေးမှာပဲ ပြန်တွေ့လို့ ဆေးရုံကိုပို့ထားတယ်။ လောလောဆယ်ကျနော်လည်းအလုပ်အရမ်းရှုပ်နေလို့ပါ" ဟု သူကပြောသည်။

 

ယခုရေနစ်သေဆုံးခဲ့သည့် ကျောင်းသားနှစ်ဦးစလုံးမှာ ကျောက်ဖြူမြို့၊ / ပွေ့အလယ်တန်းကျောင်းတွင် တန်းအတန်းပညာသင်ယူနေသည့် ကျောင်းသားငယ်များ ဖြစ်ကြောင်းသိ၇သည်။

 

ဇူလိုင်လ ရက် နေ့လယ်တစ်နာရီကျော်လောက်က အဆိုပါကျောင်းသားနှစ်ဦး၊ နောက်ထပ်
နောက်ထပ် တန်းကျောင်းသားတစ်ဦးနှင့် ရွယ်တူသူငယ်ချင်းတစ်ဦးတို့မှာ ငလပွေ့ကမ်းဖက်မှ တစ်ဖက်ကမ်းရှိ တောင်ရှည်ကျေးရွာဖက်သို့ ငှက်ပစ်ရင်းနှင့် မလင်စွပ်ကယ်သီးစားရန် သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါ တောင်ရှည်ရွာဖက်ကမ်းမှ အပြန်တွင် ဖျား(ဒီရေ)ကျချိန်ဖြစ်၍ ငလပွေ့ဖက်ကမ်းသို့ ချောင်းမှလက်ပစ်ဖြတ်ကူးကြစဥ် မောင်ညီကိုဝင်းနှင့် မောင်ပုတုတို့မှာ ရေနစ်ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သူကပြောသည်။

 

၄င်းတို့နှစ်ဦးရေနစ်မြုပ်ပျောက်ဆုံးနေသည့် ဇူလိုင်လ ရက်၊ ညနေပိုင်းမှစတင်ကာ ရပ်ကွက် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ချောင်းကြောင်း တစ်လျှောက် လိုက်လံရှာဖွေခဲ့ပြီး နှစ်ရက်အကြာ ယနေ့ဇူလိုင်လ ၁၀ ရက်မနက်ပိုင်းတွင် အလောင်းများအား ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။ (NN-23)


ဓာတ်ပုံ-ရင်ထဲကကျောက်ဖြူ




#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.