Preview

ရမ်းဗြဲအဝေးပြေးကားဂိတ်ဆောက်လုပ်စဉ်က မြေပိုင်ရှင်များကို ကားဝင်းအတွင်း ပေ ၄၀-၆၀ မြေကွက်ပေးမည်ဟုစာချုပ်ချုပ်ခဲ့သော်လည်း ရ နှစ်ကြာသည့်တိုင် အစိုးရဘက်က ကတိပျက်ကွက်နေ၍ မြေပိုင်ရှင်တို့ အခက်တွေ့

ဇူလိုင် ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :854
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ရှိ အဝေးပြေးကားဝင်းအတွက်NLD အစိုး၇ လက်ထက်က မြေဝယ်ယူရာတွင်မြေပိုင်ရှင်များကို ကားဝင်းအတွင်းပေ ၄၀- ၆၀ ရှိသည့် မြေနေရာ ပေးမည်ဟု စာချုပ်ချုပ်ဆိုထားခဲ့သော်လည်း ၇နှစ်ခန့်ကြာသည် အထိ အစိုး၇ဘက်က စာချုပ်အတိုင်းမြေနေရာမပေးသေးကြောင်း မြေပိုင်ရှင်များ အခက်အခဲကြုံနေရသည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့်၂၀၁၆ ခုနှစ်က ရမ်းဗြဲဒေသခံဦးဖိုးသွယ်၊ ဦးအောင်မြင့်နှင့် ဦးသာလှအောင် တို့ပိုင်ဆိုင်သည့်ရမ်းဗြဲမြို့အဝင် ခမောင်းကုတင် ကျေးရွာအုပ်စု အနီးရှိလယ်မြေ ၄ ဧကခန့်ကို အစိုး၇က အဝေးပြေးကားဝင်းတည်ဆောက်ရန်တစ်ဧကကို ကျပ်သိန်း ၃၀၊ နှစ်ဧကရှိသူကို ကျပ်သိန်း၄၀ ပေးပြီ  ဝယ်ယူခဲ့ကြောင်း သိ၇သည်။




၎င်းအပြင် အဆိုပါမြေအရောင်းအဝယ်စာချုပ်ထဲတွင် ဦးဖိုးသွယ်နှင့်ဦးအောင်မြင့်ဆိုသူ တို့ကို အစိုး၇က အဝေးပြေးကားဝင်းအတွင်း ၄င်းတို့ ကြိုက်နှစ်သက်ရာပေ ၄၀-၆၀ မြေနေရာ တစ်ကွက်စီပေး၇မည်ဟုချုပ်ဆိုခဲ့သော်လည်း ကားဝင်း တည်ဆောက်၍ ၇ နှစ်ခန့် ကြာမြင့်သည့် ယနေ့အချိန်စာချုပ်ပါအတိုင်းမြေနေရာကို မရရှိသေးကြောင်းနစ်နာသူ မြေပိုင်ရှင်များက နိရဥ္စရာသို့ပြောသည်။

မြေပိုင်ရှင်ဦးဖိုးသွယ်က "အဝေးပြေးကားဝင်းတည်ဆောက်ဖို့မြေနေရာရှာတဲ့အခါကျွန်တော်တို့မြေနေရာတွေကျလာတယ်။ မြေနေရာဝယ်တယ်သူတို့က။ မင်းတို့နေရာကို တစ်ဧကို သိန်း ၂၀ ပေးမယ်။ ကျနော်တို့က သိန်း ၂၀ နဲ့ မရောင်းပါလို့ငြင်းတယ်။ ကျွန်တော်တို့က သိန်းတစ်ရာတောင်းတယ်။သူတို့ဘက်က မတတ်နိုင်ဘူးလို့ပြောတယ်။ နောက်ဆုံး သူတို့ဘက်က ကျွန်တော်တို့ကိုကားဂိတ်အတွင်း ပေ ၄၀-၆၀ မြေနေရာ ပေးမယ်ဆိုပြီးတော့ကျနော့်လယ်တစ်ဧကို သိန်း ၃၀ နဲ့ စာချုပ်ချုပ်ခဲ့တယ်"ဟုနိရဥ္စရာသို့ပြောသည်။

ကားဝင်းအတွင်းမြေနေရာကိုပေးရန်ယင်းအချိန်က ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းမှစ၍ လက်ရှိမြို့နယ်အုပ်ချုပ်ရေးမှူးများအထိ လျစ်လျူ ရှုထားခဲ့သည်ဟုသူက ဆက်ပြောသည်။

"ငွေသိန်းသုံးဆယ်ကိုတော့ ကျွန်တော်တို့ရတယ်။ သူတို့နောက်ပေးရမယ့်မြေနေရာကို ကျွန်တော်တို့မ၇ဘူး။ ကျွန်တော်တို့တက်လာသမျှ အုပ်ချုပ်ရေး ပိုင်းတွေကိုလည်း တောင်းဆိုပြီးပြီ။ ကျွန်တော်တို့ကစာချုပ်အ၇ ကျွန်တော်တို့ ရစရာရှိတာ တောင်းတာပါ။ မဟုတ်ရင်ကျွန်တော်တို့မြေတစ်ဧက ကိုသိန်းသုံးဆယ်လောက်နဲ့ ဘယ်ရောင်းခဲ့ပါ့မလဲ"ဟု ပြောသည်။

ယင်းအချိန်က အစိုးရကမြေဝယ်ယူခဲ့ရာတွင်ဦးအောင်မြင့်သိန်းထံမှ လယ် ၂ ဧကခန့်ကို ကျပ်သိန်း ၄၀ ၊ ဦးဖိုးသွယ်ထံမှ လယ်တစ်ဧကကိုကျပ်သိန်း ၃၀ နှင့် ဈေးနှိမ်ကာဝယ်ယူခဲ့ပြီးဦးသာလှအောင်ထံမှ လယ်တစ်ဧကကိုမူ စာချုပ်မပါဘဲ ဝယ်ယူခဲ့ကြောင်းသိ၇သည်။

ဦးဖိုးသွယ်နှင့်ဦးအောင်မြင့်တို့၏ မြေများကိုမူ စာချုပ်စာတမ်းနှင့်ဝယ်ယူခဲ့ပြီးအရပ်သား အစိုးရလက်ထက် မြို့နယ်အုပ်ချုပ်ရေးဦးရဲမြတ်သိန်းအပါအဝင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၅ ဦးတို့ဖြင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်းသိ၇သည်။

ကွယ်လွန်သွားသူဦးအောင်မြင့်၏သမီးဖြစ်သူက "အဲဒီမြေဝယ်တုန်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေပါလက်မှတ်ထိုးထားကြတာပါ။ စာချုပ်နဲ့ဝယ်တာပါ။စာချုပ်ထဲမှာ ပါတဲ့ကျွန်မတို့ကို အခုထိ မပေးသေးဘူး"ဟု နိရဥ္စရာသို့ပြောသည်။

ရမ်းဗြဲကားဝင်းတည်ဆောက်ပြီးစီးချိန်တွင် ကားဝင်းထဲတွင် ပြည်နယ်ဝန်ကြီးဟောင်းဦးကျော်လွင်၏ သားဖြစ်သူက ပေ ၁၅၀ ပတ်လည် မြေနေရာဂရမ်ခံပြီးဆီဆိုင်ဖွင့်လှစ်မှုများရှိခဲ့သော်လည်း မြေရောင်းချခဲ့သည့် ပိုင်ရှင်များမှာစာချုပ်ထဲပါရှိသည့် မြေနေရာကို ယခုအချိန်ထိ မရရှိသေးကြောင်း ပြောဆိုကြသည်။

အဆိုပါအဝေးပြေးကားဂိတ်အတွက်မြေ ၄ ဧကခန့်ကို ဒေသခံ ၃ဦးထံမှ ဈေးနှိမ်ဝယ်ယူအပြီး ကားဂိတ်ကို ၂၀၁၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၈ခုနှစ်တွင် ပြီးစီးခဲ့သည်ဟု သိ၇သည်။

 ၇ခိုင်ပြည်တွင်း မြေယာသိမ်းဆည်းမှု၊ဒေသခံများကို ကျူးကျော်ဟုဆိုကာ အတင်း ဖိအားပေးဖယ်ရှားမှုစသည့်မြေယာပြဿနာများလည်းရှိနေပြီး ပြည်သူများ အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် နစ်နာဆုံးရှုံးမှုများရှိနေကြသည်ဟု သိ၇သည်။ (NN-23)

ဓာတ်ပုံ-အဝေးပြေးကားဝင်းအတွက် အစိုး၇ကမြေဝယ်ယူခဲ့စဥ် သဘောတူညီချက်စာ။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.