စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင် မြို့လယ်ခေါင် အမည်မသိ လူသေအလောင်း တွေ့ရှိပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 954

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏မြို့လယ်ခေါင်တစ်နေရာတွင် အမည်မသိလူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီကျော်တွင် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ ဓညဝတီအားကစားကွင်း နောက်ဘက် ချောင်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအား သွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

အလောင်းမှာ ဒဏ်ရာဒဏ်ချက်တွေလည်း မတွေ့ဘူး။ ဘယ်သူဘယ်ဝါလဲလည်း ကျနော်တို့လည်း မသိသေးဘူးဟု ပြောသည်။

အဆိုပါအလောင်းသည် အသက် ၃၇ နှင့် ၄ဝ နှစ်ဝန်းကျင်ကြားရှိ အမျိုးသားအလောင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် အဆိုပါအလောင်းအား စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားသည်ဟု သိရသည်။ (NN-16)

 

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ