Preview

မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်သွားသည့် ဘူးသီးတောင်နှင့် မောင်တောမြို့ တို့တွင် နှစ်လခန့်အကြာမှ လျှပ်စစ်မီးပြန်ရ

ဇူလိုင် ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :926
ရခိုင် သတင်း

မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်သွားသည့် ၇ခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မြို့နှစ်မြို့ဖြစ်သည့် ဘူးသီးတောင်နှင့်မောင်တောမြို့တို့တွင် မုန်တိုင်းတိုက်ပြီး(၂) လခန့်အကြာယနေ့၌ လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်ဟု သတင်းရရှိသည်။


ဘူးသီးတောင်နှင့်မောင်တောမြို့တို့တွင် ယနေ့ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၁၁နာရီကျော်က လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်ဟုဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့ခံ ကိုမောင်မေယုကတစ်မြို့လုံးကတော့မီး၇နေပြီ။ တချို့လမ်းတွေမှာဆို မီးကြိုးတွေ ပြတ်နေသေးလို့ မ၇ကြသေးဘူးဟု ပြောသည်။

အလားတူ မောင်တောမြို့တွင်လည်းအခြေခံပညာစာသင်ကျောင်းများနှင့် အစိုးရဌာနဆိုင်ရာ ရုံးများတွင်သာ ဦးစားပေးရရှိနေပြီးမြို့တွင်းရှိ နေအိမ်များတွင် ယနေ့ နေ့လယ် ၂ နာရီအထိ မရရှိသေးဟုမြို့ခံတစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်းက ပြောသည်။

ရပ်ကွက်အလိုက်ဖြန့်ပေးတဲ့ ထရန်စဖော်မာတွေကိုလျှပ်စစ်ဌာနက တစ်လုံးချင်းလိုက်ပြီး ဖွင့်လို့ စစ်ဆေးပြီးမှ၇မယ်ပြောတယ်။ တပြိုင်တည်းဖွင့်ဖို့ကလည်း သူတို့မှာ လူမရှိဘူးထင်တယ်။ဥပမာ ရပ်ကွက်(၃)မှာရှိတဲ့ ထရန်စဖော်မာကိုဖွင့်ရင် ရပ်ကွက်(၃)က အုပ်စု၇မယ့်သဘော။ဒီနေ့တော့ ၇မယ်လို့ လျှပ်စစ်ဌာနက ပြောပါတယ်ဟု ပြောသည်။

ပြီးခဲ့သည့်မေလ ၁၄ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြို့ နယ်(၁၀) ခုဖြစ်သည့် ပေါက်တော  ၇သေ့တောင် စစ်တွေ၊ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့စသည့်မြို့နယ်တို့တွင် ျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်မီးတိုင်များနှင့်ဓာတ်ကြိုးလိုင်းများ ထိခိုက်ပျက်စီးသွားခဲ့၇သည်။

မုန်တိုင်းပြီးနောက် လျှပ်စစ်ဌာနက၇ခိုင်ပြည်တွင်းနှင့် ပြည်မဘက်မှ ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ဖြင့်ပြန်လည်ဆောင်ရွက်ခဲ့ရာ ဇွန်လ ရ ရက်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့၊ဇွန် ၁၈ ရက်တွင် ကျောက်တော်မြို့၊ ဇွန် ၂၃ ရက်တွင် မြောက်ဦး၊မင်းပြားနှင့် မြေပုံမြို့ဇူလိုင်လ၅ ရက်တွင် ၇သေ့တောင်မြို့နှင့်ပေါက်တောမြို့တို့၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။

အဆိုပါ ၁၀ မြို့နယ်တွင်းရှိကျေးရွာ ၁၀ရွာခန့်မှအပ အခြားကျေးရွာအများအပြားတွင် လက်ရှိအချိန်ထိ မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီး မရရှိသေးဟု ဒေသခံများကပြောသည်။ (NN-16)

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.