ရက္ခိုင့်တပ်တော် (AA) ကိုအကြမ်းဖက်အဖွဲ့မှ ရုတ်သိမ်းပြီးအပစ်အခတ်ရပ်စဲထားပြီဖြစ်သော်လည်းစစ်ကောင်စီသည် AA နှင့်ဆက်စပ်သည့်စွဲချက်ဖြင့်ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးနှစ်ဦးကို တစ်နှစ်နီးပါးအကြာတွင် ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်လိုက်သည်ဟု သတင်းရရှိသည်။
၎င်းတို့ နှစ်ဦးမှာဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးမွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း(၆၀)နှစ်နှင့်တပ်မင်းချောင်းကျေးရွာမှ ဒိုင်းနက်(ခေါ်)သက္ကမလူမျိုးအုပ်ချုပ်ရေးမှူး ဦးဦးကျော်လှ (၆၆)နှစ်တို့ဖြစ်သည်။
သူတို့နှစ်ဦးအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့်၁၇(၂)တို့ဖြင့် ဇူလိုင်လ ၁၄ ရက်နေ့က စွဲချက်တင် ခံလိုက်ရသည်ဟု ဦးဦးကျော်လှ၏သား ကိုကျော်ဝင်းကနိရဥ္စရာကိုပြောသည်။
“ပထမတော့ ၁၇(၁)နဲ့စွဲချက်တင်မယ်လို့ ပြောပါတယ်။ အခုတော့ သူတို့က ပုဒ်မ ၂ ခုတပ်ထားပါတယ်။၁၇(၁)နဲ့ ၁၇(၂)ပေါ့။ ကျနော်က ဥပဒေအရာရှိကိုလည်း ပြောပါတယ်။ ပထမတော့ ၁၇(၁)နဲ့ စွဲချက်တင်မယ်လို့ ပြောတယ်။အခုစွဲချက်တင်တာက ၁၇(၁)နဲ့ ၁၇(၂)နဲ့တင်တာက ဘယ်လိုသဘောလဲ။၁၇(၁)တောင်မှ နည်းနည်းခံသာသေးတယ်။ ၁၇(၂)ကကျတော့အရမ်းကြမ်းလွန်းပါတယ်လို့ပြောတေ
ပုဒ်မ ၁၇(၁)သည်နှစ်နှစ်ထက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုချမှတ်ခံ၇နိုင်ပြီး ၁၇(၂)သည် သုံးနှစ်ထက်မနည်း၊ ငါးနှစ်ထက်မပိုသောထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်သည့် ပုဒ်မများဖြစ်ကြောင်းသိ၇သည်။
လာမည့်ဇူလိုင်လ ၂၅ရက်တွင် စွဲချက်တင်ခံထားရသူများ၏သက်သေ
သူတို့နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်မှနောက်ထပ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့်အတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာကခေါ်ယူမှုကြောင့် သွားရောက်ခဲ့စဉ် ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်ပြီး ကျန် ၁၀ဦးကို စစ်တပ်က လွှတ်ပေးခဲ့သည်။
ယင်းသို့ဖမ်းဆီးခံလိုက်ရပြီးနော
ယင်းနေ့မှစတင်ကာသူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA)ကို ထောက်ပံ့ကြေး ကောက်ခံပေးဆောင်သည်
လက်ရှိတွင်သူတို့နှစ်ဦးသည် ဘူးသီးတောင်ထောင်မှတဆင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
စစ်ကြောရေးတို့တွင်နှိပ်စက်ခံခဲ့ရသည့်ဒဏ်ရာများကြေ
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်ကို ပယ်ဖျက်ပြီး နားလည်မှုဖြင့် နှစ်ဘက်အပစ်ရပ်စဲထားသော်လည်း အေအေနှင့် ဆက်သွယ်သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ရခိုင်ဒေသခံများကိုမတရားအသင်းဆက်သွယ်မှုပုဒ်များ၊ အကြမ်းဖက်မှုများဖြင့် တရားစွဲဆိုပြီး ထောင်ချနေဆဲ ဖြစ်ကြောင်းသိရှိ၇သည်။
ဇူလိုင် ၁၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်
အလားတူ ရက္ခိုင့်တပ်တော်(AA)ကိုငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှုသံသယနှင့် ဖမ်းဆီးပြီး ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့
(NN-16)