Preview

ထောင်ဒဏ် ၂ ချမှတ်ခံထားရသည့် သံတွဲခရိုင်ထွေအုပ်စာရေးကို ကျန်ရှိနေသည့် ၁၇(၁) ပုဒ်မအတွက် ရုံးထုတ်ပြီးရမန်ထပ်ပေး

ဇူလိုင် ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1232
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်(AA)ကို ငွေကြေးထောက်ပံ့မှု၊သတင်းပေးမှုစွဲချက်ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည့် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုး(၃၄)နှစ်အား ကျန်ရှိနေသည့်  ၁၇(၁)ပုဒ်မအတွက် ဇူလိုင် ၂၁ ရက်က ရုံးထုတ်ခဲ့ပြီး နောက်လာမည့် ဩဂုတ်လ ၄ရက်သို့ ရမန်ထပ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

၄င်းအား ဇူလိုင်လ ၂၁ ရက်၊ ညနေ ၃ နာရီတွင် သံတွဲမြို့နယ်တရားရုံး၌ရုံးထုတ်ခဲ့သော်လည်း အမိန့်ချမှတ်ခြင်းမရှိသေးဘဲ ရမန်သာထပ်ပေးလိုက်ကြောင်းမိသားစုဝင်တစ်ဦးက ပြောသည်။

"ထောင်ချမှတ်ပြီးသားလူဆိုရင် တရားရုံးကနေ ထောင်ကိုဆင့်ခေါ်တဲ့စာပေးပြီးမှ ရုံးထုတ်ရတယ်လို့ သိရတယ်။ အဲဒီစာကနောက်ကျနေလို့သူ့ကိုရုံးထုတ်တာနောက်ကျပါတယ်။ ရုံးထုတ်ခဲ့တာလည်း ခဏလေးပါပဲ။ရုံးချိန်းပေးရုံလေးပဲ" ဟု ပြောသည်။

ကိုဝင်းမောင်မောင်ဖြိုးသည် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊နိုင်ငံတော်ဆူပူအောင်လ ှုံ့ဆော်မှုပုဒ်မ ၅၀၅(က)တို့နှင့်တရားစွဲဆိုခံခဲ့ရပြီး ဇူလိုင်လ ရ ရက်တွင် သံတွဲမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းခံခဲ့၇သည်။

ကိုဝင်းမောင်မောင်ဖြိုးမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရ ရက်ကရုံးတက်ရန် သံတွဲခရိုင် ထွေအုပ်ရုံးသို့လာရောက်သည့်အချိန် ရုံးရှေ့အရောက်တွင်စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိ၇သည်။

ဖမ်းဆီးပြီး ၁၀ ရက်ခန့်အကြာတွင် AA ကိုငွေကြေးထောက်ပံ့ပြီးသတင်းပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)၊ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ကြောင်းမိသားစုဝင်များထံမှ သိရသည်။

လက်ရှိတွင် မတရားထောင်ဒဏ်ချမှတ်ခံထားရပြီး နောက်ထပ်ပုဒ်မတစ်ခုအတွက် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် ကိုဝင်းမောင်မောင်ဖြိုးမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာနေသော်လည်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"အခုကျန်းမာရေးအခြေအနေက အရင်ကလောက်တော့မဆိုးပေမယ့်ရုံးထုတ်တဲ့အခါမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာမျိုး၊စိတ်ကျနေတာမျိုးတွေ့ရပါတယ်" ဟု ပြောသည်။

၇ခိုင်ပြည်တွင် ၂၀၂၂ခုနှစ်အစောပိုင်း တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည်အပြစ်မဲ့အရပ်သားများကိုဖမ်းဆီးတရားစွဲဆိုခြင်းများပြုလုပ်ခဲ့ပြီးယင်းအထဲတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများလည်းပါဝင်နေကြောင်းသိ၇သည်။ (NN-23)

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.