Preview

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင် (ရွာတော်မြို့)တွင် ၅ရပေအမြင့်ရှိ ရပ်တော်မူဘုရားဆင်းတုတော်နှင့် ဗုဒ္ဓဘာသာကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇူလိုင် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :2162
ရခိုင် သတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုင်ဘင် (ရွာတော်မြို့) တွင်၅ရပေအမြင့်ရှိ ရပ်တော်မူဘုရားဆင်းတုတော်နှင့်အတူ ဗုဒ္ဓဘာသာကျောင်းတော် ဖွင့်ပွဲအခမ်းအနားကိုဇူလိုင် ၂၂ ရက် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရွာတော်မြို့နယ်ရှိ လယ်မိုဟန်ဘဟာဒူဘဂမ် (Lal Mohan Bahadur Bagan) အရပ်တွင် တည်ရှိသော ဘုရားနှင့် ဗုဒ္ဓဘာသာကျောင်းတော်ဖွင့်ပွဲအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအသီးသီးရှိဘုန်းတော်ကြီးကျောင်းများမှ ထင်ရှားသော ဆရာတော်ကြီးများ နှင့်စစ်တကောင်းတောင်တန်းရေးရာ ဝန်ကြီး ဘီဘဟာဒူး ဦးရွှေစိန် တို့ တက်ရောက်ခဲ့ကြသည်။

အမြင့် ၅၇ ပေရှိ ရွှေ ဗုဒ္ဓဆင်းတုတော်ကို ပေ ၅၀ မြင့်သော ကျောင်းအဝင် လမ်းမထက်တွင်တည်ထားပြီး ထိုင်း နှင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဆင်းတုတော်များ လက်ရာအတိုင်းတည်ဆောက် ထားဟုဆိုသည်။

ရပ်တော်မူဘုရားဆင်းတုတော်အပြင် အခြားလက်ရာမြောက် ပန်းပုရုပ်ထုများလည်းထည့်သွင်းထားရာခြင်္သေ့ နှစ်ကောင်၊ နဂါးနှစ်ကောင်၊ ဆင်နှစ်ကောင်နှင့် သပ္ပါယ်လှပသော စေတီတစ်ဆူ ပါဝင်ပြီးလှပသောရေပန်းတစ်ခုကိုလည်း ထည့်သွင်းထားသည်ဟု သိ၇သည်။

၎င်းဆင်းတုတော်နှင့် ဗုဒ္ဓကျောင်းတော်အား ရခိုင်လူမျိုး ပန်းရန်ဆရာ ခင်မောင် (KimongRakhine) က တည်ဆောက်ခြင်းဖြစ်ပြီးဘုရားဆင်းတုတော်နှင့်  ဗုဒ္ဓကျောင်းတော်မှာ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်ခရိုင်)ဒေသတွင် လက်ရာအမြောက်ဆုံးနှင့် အလှဆုံးဟုဆိုသည်။

" ကျွန်တော် လက်ရာမြောက်အဆောက်အဦးတွေ၊ဗုဒ္ဓရုပ်ပွားတော်တွေ၊ စောင်းတန်းကြီးတွေ ဆင်တွေ နဂါးတွေခြင်္သေ့ရုပ်ထုတွေအများကြီး တည်ဆောက်ခဲ့ပြီးပြီ။ အားလုံး လှကြတယ်" ဟု ပန်းရန်ဆရာက ဆိုသည်။

သတင်းများအရ ဘုရားကြီးတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် တာကာ သန်းပေါင်းတစ်ဆယ်ကျော်ကုန်ကျသည်ဟုဆိုသည်။

စစ်တကောင်းတောင်တန်းရေးရာဝန်ကြီး ဘီဘဟာဒူး ဦးရွှေစိန်အပါအဝင် ဒေသခံပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများ နှင့်ဘုရားကျောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

NN- 27

Ref and Photo: Dhaka Tribune

#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.