ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်သည်ဟုဆိုကာစွဲချက်တင်ခံလိုက်ရသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို ယနေ့ရုံးတင်စစ်ဆေးခဲ့ကြောင်းသိ၇သည်။
ရုံးတင်စစ်ဆေးခံရသူနှစ်ဦးမှာဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးမွတ်ဆလင် ကျေးရွာ
ဇူလိုင်လ ၂၅ ရက်၊နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။
ယင်းသို့ စစ်ဆေးရာတွင်တရားသူကြီးက ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို AA နှင့် ပတ်သက်မှုရှိ/မရှိနှင့် AA အားငွေကြေးထောက်ပံ့ခြင်းရှိ/မရှိ စစ်ဆေးမေးမြန်းရာ ပတ်သက်မှုလည်းမရှိသလို တစ်စုံတရာထောက်ပံ့မှုလည်းမရှိဟု ပြန်လည်ဖြေကြားခဲ့ကြသည်ဟုမိသားစုဝင်များ ပြောသည်။
မိသားစုဝင်တစ်ဦးက“AA ကိုထောက်ပံ့ကြေးပေးလို့ရှိတယ်လို့ သူတို့က ပြောတယ်။ ဒီဘက်ကတော့ မရှိပါဘူး။ကျနော်တို့ ပေးတာလည်း မရှိဘူး။ ကျနော်တို့ဆီကငွေတွေကောက်ခံတာ
သူတို့အမှုကို လာမည့်သြဂုတ်လ ၈ ရက်သို့ရုံးချိန်းခေါ်ယူလိုက်ပြီ
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး
သူတို့နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်မှနောက်ထပ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့်အတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာကခေါ်ယူမှုကြောင့် သွားရောက်ခဲ့စဉ် ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်ပြီး ကျန် ၁၀ဦးကို စစ်တပ်က လွှတ်ပေးခဲ့သည်။
ယင်းသို့ဖမ်းဆီးခံလိုက်ရပြီးနော
ယင်းနေ့မှစတင်ကာသူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA)ကို ထောက်ပံ့ကြေး ကောက်ခံ ပေးဆောင်သည်
နောက်ပိုင်းတွင်သူတို့နှစ်ဦးစလုံးသည် ပုဒ်မ ၁၇(၁)အပြင် ပုဒ်မ ၁၇(၂)ဖြင့်ပါ ထပ်တိုးကာစွဲချက်တင်ခံလိုက်ကြ၇ခြင်းဖြစ်
ပုဒ်မ ၁၇(၁)သည်နှစ်နှစ်ထက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုချမှတ်ခံ၇နိုင်ပြီး ၁၇(၂)သည် သုံးနှစ်ထက်မနည်း၊ ငါးနှစ်ထက်မပိုသောထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်သည့် ပုဒ်မများဖြစ်ကြောင်းသိ၇သည်။ (NN-16)
ဓာတ်ပုံ- ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး