Preview

မြန်မာ-ထိုင်းနယ်စပ် ကရင်နီပြည်နယ်ထဲက တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးနေရသူ တစ် သောင်းနီးပါးအထိရှိလာ

ဇူလိုင် ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1255
ရခိုင် သတင်း

ကယား (ကရင်နီ) ပြည်နယ်ထဲ၌ စစ်ကောင်စီတပ်နှင့်ကရင်နီလက်နက်ကိုင်တပ်ပေါင်းစုတို့ နေ့စဉ်ရက် ဆက်တိုက်ပွဲများဖြစ်ပွားနေရာထိုင်းနိုင်ငံဖက်ဆီ ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံတစ်သောင်းခန့် ရှိနေပြီဖြစ်ကြောင်း သိ၇သည်။

ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းကမြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ထဲက တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀၀ကျော်တို့သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲသို့ ထွက်ပြေးခဲ့ကြရပြီးဇူလိုင်လတွင်လည်း တိုက်ပွဲ များဆက်တိုက်ဖြစ်နေသည့်အတွက် လက်ရှိမှာ ထိုင်းနိုင်ငံထဲထွက်ပြေးနေ၇သူ စုစုပေါင်း ၉၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိ၇သည်။

မယ်စဲ့နှင့်ရှားတောမြို့နယ်ထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများထိုင်းနိုင်ငံထဲ ထွက်ပြေးနေကြရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက နိရဉ္စရာ ကို ပြောသည်။

“ မယ်ဟောင်ဆောင်ခရိုင်နဲ့နီးတဲ့ နယ်စပ်မျဉ်းကြောင်းမှာရှိနေတဲ့စစ်ရှောင်စခန်းတွေ တိုက်ခိုက်ခံရတယ်။ လေကြောင်းကနေလည်း ဗုံးတွေဆက်တိုက်ကြဲခံခဲ့ရလို့စစ်ရှောင်ပေါင်း ၄ ထောင်ကျော်က ထိုင်းနိုင်ငံထဲ ကို ထွက်ပြေးကုန်ရတယ်။ အရင်ဇွန်လက ထွက်ပြေးရောက်နေသူတွေနဲ့ ပါဆိုရင် ၉ ထောင် ကျော်ကျော်လောက်ရှိနေပါပြီ။"

လွိုင်ကော်၊ဒီးမော့ဆို၊ ဖရူဆို စသည့်မြို့နယ်များမှ ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များသည်မယ်စဲ့မြို့ နယ်ထဲက စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရင်းကနေ အခုလိုတိုက်ပွဲများကြောင့်ထိုင်းနိုင်ငံဖက်ဆီ ထပ်မံထွက်ပြေးနေကြ၇ခြင်းဖြစ်သည်/

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်ထဲက မြို့နယ်များ၌ တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေရာစစ်ဘေး ဒုက္ခသည်ပေါင်း ၂ သိန်း ရသောင်းကျော်အထိ ရှိနေပြီဖြစ်ကြောင်းကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြုစုထားသည့်စာရင်းအရ သိ၇သည်။ NN – 24

Photo ; AECASEAN News(ပုံအဟောင်းများဖြစ်ပါသည်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.