Preview

တောင်ကုတ်မြို့ ရွှေဆိုင်တစ်ခုမှ ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ ရွှေထည်များကို ဓါးပြတိုက်သွားသူ ၂ ဦးအနက် ၁ ဦးကို ၆ နာရီအတွင်း ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဇူလိုင် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :2051
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့ ရွှေဆိုင်တစ်ခုကိုဓားပြတိုက်ပြီး ကျပ်သိန်း ၆၆၀ တန်ဖိုးရှိ ရွှေထည်များကို လုယက်ယူဆောင်သွားခဲ့သည့် တူ၀ရီးတော်စပ်သူ  ၂ ဦးအနက် ၁ ဦးကို ၆ နာရီအတွင်း ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု တောင်ကုတ်ရဲတပ်ဖွဲ့မှ နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံ၇သူမှာ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ဇာတိဖြစ်ပြီး အသက်(၃၂)နှစ် အရွယ်ကိုထွန်းမောင်(ခ)လုံးထွန်းအောင်ဖြစ်သည်။

သူ့ကိုဇူလိုင်လ ၂၇ ရက်၊ ည ၉ နာရီခွဲခန့်က တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာ အမှတ်(၅)ရပ်ကွက်၊ခွေးတောက်ချောင်းအနီးရှိ လယ်တဲတစ်လုံးတွင် ဒေသခံများနှင့် တာဝန်ရှိအာဏာပိုင်များကဖမ်းဆီး၇မိခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

"ဦးလေးဖြစ်တဲ့ထွန်းမောင်(ခ)လုံးထွန်းအောင်ကိုတော့ ခွေးတောက်ချောင်းနားကလယ်တဲမှာဖမ်းမိတယ်။ ဆိုင်ကယ်နဲ့ပြေးကြတာကို သူကအဲ့ဒီအနားမှဆင်းကျန်ခဲ့တာ ထင်တယ်။အာရုံလွှဲတဲ့သဘောလားတော့မသိဘူး။ သူ့ရဲ့တူကိုတော့မမိသေးဘူး။ ဆိုင်ကယ်တော့ ၇ထားတယ်"ဟု ပြောသည်။

သူနှင့်အတူဓားပြတိုက်ရာတွင် ပါသွားခဲ့သည့် ရွှေထည်များကိုလည်း ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။

သူသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ပုဗ္ဗသီရိကားဝပ်ရှော့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး သေနတ်အတုဖြင့် တူ၀ရီးနှစ်ဦးဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်ဟုသိ၇သည်။

လက်ရှိတွင်သူ့ကို တောင်ကုတ်ရဲစခန်းတွင်ဖမ်းဆီးထားပြီး ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ကျန် ၁ဦးကိုဖမ်းမိနိုင်ရေးကြိုးစားနေသည်ဟုလည်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

ရွှေဆိုင်ဓားပြတိုက်မှုမှာယင်းနေ့၊ မွန်းလွဲ ၃ နာရီခန့်က တောင်ကုတ်မြို့၊ဂူတာရပ်ကွက် ပန်းတောင်း-တောင်ကုတ်လမ်းမဘေး တောင်ကုတ်မြို့နယ်ခန်းမ အနီးရှိဖွင့်လှစ်ထားသော ဦးသန်းဌေး၏ ရွှေပွင့်အိမ်ရွှေဆိုင်တွင် ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည

အဆိုပါရွှေပွင့်အိမ်ရွှေဆိုင်သို့ ဆိုင်ကယ်နှင့်လူငယ်အမျိုးသားနှစ်ဦကသေနတ်တစ်လက်ဖြင့် ဝင်ရောက်လာပြီးဓားပြတိုက်ကာ ရွှေဆိုင်ရှိ မှန်များကိုခွဲ၍ ရွှေထည်ပစ္စည်းများအား ဘေးလွယ်အိတ်နှစ်လုံးဖြင့် အပြည့်ထည့်သိပ်ယူဆောင်သွားခြင်းဖြစ်သည်။

အဆိုပါဓားပြတိုက်မှုတွင်စုစုပေါင်း ရွှေကျပ်ချိန် ၂၀ခန့်ရှိသည့်ရွှေဆွဲကြိုး၊ ရွှေဘယက်၊ ရွှေဆွဲသီး၊ ဟမ်းချိတ်တို့ပါသွားပြီးစုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၆၆၀ခန့် တန်ဖိုးရှိကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကအတည်ပြုပြောသည်။

ယခုဓားပြတိုက်သည့်နေရာအနီးတွင်၊တောင်ကုတ်မြို့နယ်ခန်းမ၊ မြို့နယ်လျှပ်စစ်ရုံး၊ ဂူတာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်ဆိုင်ကယ်ဂိတ်တို့ရှိပြီး လူစည်ကားရာမီးပွိုင့်အနီးဖြစ်သည်ဟု မြို့ခံများကပြောသည်။ (NN-12/23)

ဓာတ်ပုံ- U Kyauk Taung

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.