Preview

စစ်တွေတွင် ရုံးထိုင်ခဲ့သည့် စစ်ကောင်စီတာဝန်ရှိသူများပြန်သွားပြီးနောက် လျှပ်စစ်မီး နာရီနှင့်ချီပြတ်တောက်မှုရှိလာ

ဇူလိုင် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :2260
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်မိုခါမုန်တိုင်းပြီးနောက် နှစ်လကျော်ကြာ ရုံးထိုင်ခဲ့ကြသည့်စစ်ကောင်စီဝန်ကြီးများအါအဝင် တာဝန်ရှိသူများ ပြန်သွားကြပြီဖြစ်၍လျှပ်စစ်မီး နာရီနှင့်ချီကာပြတ်တောက်မှုများရှိလာနေသည်ဟုဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်းပြန်လည်ပြတ်တောက်မှုဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်မီးပြတ်ချိန်မတူညီကြဟု မြို့ခံအမျိုးသမီးတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

ဒီနေ့တော့ နေ့လယ်၁ နာရီကျော်လောက်ကနေ ပြတ်သွားတာ။ ၂ နာရီခွဲလောက်မှာ ပြန်၇တယ်။ ဒီရက်ပိုင်းမီးပြတ်တာ ၄ ကြိမ်လောက်ရှိပြီ။ မနေ့ညကဆိုလည်း ညနေ ၇ နာရီလောက်ကနေပြတ်တာ ည၁၁ နာရီမှ ပြန်ရတယ်။ အရင်နေ့တွေမှာလည်း မနက်ပိုင်း ထမင်းချက်ချိန်မှာ ၁နာရီလောက်စီ ပြတ်တယ်ဟုပြောသည်။

အချို့ မြို့ပေါ်ရပ်ကွက်များတွင်ဇူလိုင်လ ၂၆ ရက်မှစတင်ကာ နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌နာရီအတော်ကြာ လျှပ်စစ်မီးပြတ်တောက်ခြင်းများဖြစ်လာနေသည်ဟု နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။

ကျနော်တို့ရပ်ကွက်မှာဆို မနေ့ကလည်းမနက် ၉ နာရီကျော်ကနေ ပြတ်တယ်။ နေ့လယ် ၂ နာရီမှ ပြန်လာတယ်။ ဒီနေ့လည်း မနက် ၁၀နာရီကနေ ပြတ်တာ နေ့လယ် ၂ နာရီမှ ပြန်လာတယ်။ မီးကတော့ ပုံမှန်လို ပြတ်လာပြီဟု ပြောသည်။

စစ်တွေတွင် မိုခါမုန်တိုင်းပြီးနောက်ဇွန်လ ရ ရက်မှစတင်ကာ ပြီးခဲ့သည့်ရက်ပိုင်းအထိ လျှပ်စစ်မီး ၂၄ နာရီအချိန်ပြည့် ရရှိနေခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်ကစစ်ကောင်စီပြည်ထောင်စုဝန်ကြီးဌာနပေါင်း ၁၀ ကျော်မှပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ဒုတိယညွှန်ကြားရေးမှူးများနှင့် နောက်ထပ် တာဝန်ရှိသူအဆင့်ဆင့်တို့သည်စစ်တွေတွင် ရုံးထိုင်ကာ မုန်တိုင်းသင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခဲ့ကြသည်ဟု သိ၇သည်။

လက်ရှိတွင် အဆိုပါဌာနပေါင်း၁၀ ကျော်အနက် ဌာန နှစ်ခုမှ ဒုတိယဝန်ကြီးနှစ်ဦးမှအပ ကျန်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယခုအပတ်အတွင်း စစ်တွေမှတဆင့် နေပြည်တော်သို့ ပြန်သွားကြပြီဟုရခိုင်ပြည်နယ်စစ်ကောင်စီရုံးနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

အဆိုပါဝန်ကြီးများနှင့် တာဝန်ရှိသူများစစ်တွေတွင် ရှိနေခဲ့ချိန် လျှပ်စစ်မီး ပြတ်တောက်မှု တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဟုလည်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

သူတို့ကိုအမြဲခေါ်ထား၇မလိုဖြစ်နေပြီဟုလည်းသူမက ဆက်ပြောသည်။

ပြီးခဲ့သည့်မေလ ၁၄ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ၇သေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံမြို့စသည့် မြို့နယ်၁၀ ခုတွင် လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်မီးတိုင်များနှင့်ဓာတ်ကြိုးလိုင်းများထိခိုက်ပျက်စီးသွားခဲ့၇သည်။

လက်ရှိတွင်အဆိုပါမြို့ ၁၀ မြို့တွင် လျှပ်စစ်မီးရရှိနေပြီဖြစ်သော်လည်း ကျေးရွာများတွင်ပြန်လည်ရရှိခြင်းမရှိသေးဟု ဒေသခံများက ပြောသည်။ (NN-16)

ဓာတ်ပုံ- မုန်တိုင်းပြီးနောက် ၂ လကျော်အကြာ စစ်တွေမြို့မြင်ကွင်းအား တွေ့၇စဉ်။

#စစ်တွေ#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.