Preview
Preview
Preview

ပုဏ္ဏားကျွန်းရှိ မုန်တိုင်းသင့်အိမ်ထောင်စု ၁၈၀ အတွက် ဦးရာဇ်မြေလူမှုရေးအသင်း (ရန်ကုန်)က ဆန်နှင့် အဝတ်အထည်များထောက်ပံ့

ဇူလိုင် ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :2068
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းသင့်သူများအနက် အိမ်ထောင်စု ၁၈၀ အတွက် ဦးရာဇ်မြေ လူမှုရေးအသင်း (ရန်ကုန်)နှင့် ပုဏ္ဏားကျွန်းဌာနေအသင်းတို့က ဆန်နှင့် အဝတ်အထည်များကို ထောက်ပံ့ခဲ့ကြသည်ဟု သိ၇သည်။ 


ဇူလိုင်လ ၃၀ ရက်၊ နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ မြို့မဧစေတီဓမ္မာရုံတွင် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ 


ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စံပြရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ရွာဟောင်းရပ်ကွက်နှင့် အလယ်စု ရပ်ကွက်စသည့် မြို့ပေါ်ရပ်ကွက် ၄ ခုရှိ မုန်တိုင်းသင့်အိမ်ထောင်စု ၁၈၀ ကို အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ သိုက်နှင့် အဝတ်အထည်များ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းဌာနေအသင်းအတွင်းရေးမှူး ဦးထွန်းထွန်းက နိရဉ္စရာကို ပြောသည်။ 


"အဓိကတော့ တစ်နေ့လုပ်မှ တစ်နေ့စား၇တဲ့ ဘ၀တွေကို ပံ့ပိုးပေးလိုတဲ့သဘောမျိုး လှူပေးတာပါ"ဟု ပြောသည်။ 

ဦးရာဇ်မြေလူမှုရေးအသင်း (ရန်ကုန်)နှင့် ပုဏ္ဏားကျွန်းဌာနေအသင်းတို့သည် မိုခါမုန်တိုင်းပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ငွေကြေးအပါအဝင် တာပေါ်လင်၊ ဆန်၊ ဆီနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ကျပ်သိန်း ၂၀၀ ဖိုး ထောက်ပံ့ခဲ့ပြီးပြီဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.