စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 903

ဘင်္ဂလားပင်လယ်အော်တွင် နောက်ထပ် ၁၂ နာရီအတွင်း မုန်တိုင်းငယ်(Depression) တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)သည် ပိုမို အားကောင်းလာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်ကိုတွေ့ရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်ဟု မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်တွင် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ဆိုသည်။

ဓာတ်ပုံ - မိုး/ဇလ

ဆက်စပ် သတင်းများ