Preview

သံတွဲတွင် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ၄ ပေခန့်အထိ ရေတက်ခဲ့သော်လည်း လက်ရှိရေကျသွားပြီဟုဆို

သြဂုတ် ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :893
ရခိုင် သတင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်သွားသည့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံတွဲချောင်းရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့ကာ သံတွဲမြို့  ချောင်းအနီးရပ်ကွက်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေ ၄ ပေခန့်အထိ နစ်မြုပ်ခဲ့သည်ဟု သိ၇သည်။

လက်ရှိတွင် ရေကျသွားပြီဟု  ဒေသခံများက ပြောသည်။

ယနေ့ သြဂုတ် ၂ ရက်၊ နံနက် ၁၀ နာရီခန့်အထိ ချောင်းရေလွှမ်းမိုးမှုရှိခဲ့ပြီး ယင်းနောက်ပိုင်း ဒီရေကျသည်နှင့် မြို့ထဲသို့ဝင်ရောက်နေသည့်ရေများလည်း ကျဆင်းသွားကြောင်း သံတွဲမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

"အခုညနေပိုင်းတွေမှာတော့ အားလုံးကျသွားပါပြီ။ မြေနိန့်ပိုင်းရပ်ကွက်တချို့တော့ မနက်က မြုပ်ခဲ့တယ်"ဟု ပြောသည်။



ယမန်နေ့ဩဂုတ်လ ၁ ရက်၊ ညနေ ၄ နာရီခွဲအချိန်တိုင်းထွာချက်အရ သံတွဲချောင်းရေသည် မြို့၏စိုးရိမ်ရေမှတ်အထက် ၁ လက်မခန့်ကျော်လွန် ရောက်ရှိလာနေ၍ မြစ်ကမ်းအနီးနေထိုင်သူများ အထူးသတိပြုရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အရှိန်ဖြင့် ဇူလိုင်လ ၃၁ ရက်ညပိုင်းကပင် ရခိုင်မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုရှိနေဆဲ ဖြစ်ပြီး သံတွဲမြို့နှင့် တောင်ကုတ်မြို့ရှိအနိမ့်ပိုင်းရပ်ကွက်တချို့တွင် ချောင်းရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

 

ဘင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်သွားပြီဟု ယနေ့ နံနက် ၅ နာရီ တိုင်းထွာချက်အရ သိ၇ကြောင်း မြန်မာ့ မိုးဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Aung Kyaw Soe (သံတွဲရေကြီးခဲ့စဉ်)

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.