ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားသည် ရပ်ကွက်အချို့မှ လူနေအိမ်များကို ညဉ့်အချိန် ဧည့်စာရင်းလာစစ်သည်ဟုဆိုပြီး နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ဝင်ရောက်စစ်ဆေးခံရသည့် ရပ်ကွက်အချို့မှာ ကျောက်ဖြူမြို့ပေါ်မှ အရာရှိရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် တောင်ရင်းရပ်ကွက်တို့ဖြစ်ပြီး သြဂုတ်လ ၂ ရက်၊ ည ၁၀ နာရီကျော်ခန့်က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်
"ဧည့်စာရင်းလာစစ်ကြတာလို့တော့ပြေ
ယင်းနေ့ညက ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ဦးအာနီချေ၏ နေအိမ်၊ အရာရှိရပ်ကွက်မှ ဦးခင်မောင်သန်း၏နေအိမ်နှင့် အနောက်ပိုင်းရပ်ကွက်မှ ကိုတေဇာလင်းနှင့် ဦးပြောင်ချေတို့၏ နေအိမ်များကိုသာ ဝင်ရောက်စစ်ဆေးများပြုလုပ်ခဲ့
အရာရှိရပ်ကွက်မှ မြို့ခံတစ်ဦးက"အဲဒီနေ့က ညအတော်နက်နေပြီ။ စစ်ကားလို့ထင်ရတာပဲ။ ရပ်ကွက်ထဲက အိမ် ၂ ဆောင်ကို ဝင်စစ်တယ်ပြောတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး အိမ်တိုင်းတော့ မဟုတ်ဘူး။ မနက်မိုးလင်းမှ စုံစမ်းကြည့်ပြီး သိရတာ။ ဟိုအရင်ကတော့ ဧည့်စာရင်းစစ်လေ့ စစ်ထမရှိဘူး။ အခုတော့ ညတိုင်းလိုလို ရပ်ကွက်တွေကိုဝင်စစ်တယ်။ လူသွားလူလာလည်းပြတ်တယ်" ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ရပ်ကွက်တိုင်းလိုလို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေ
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကတည်းက တစ်ဘက်နှင့်တစ်ဘက်နားလည်မှုဖြင့်
ယင်းသို့ အပစ်ရပ်ထားစဉ်ကာလအတွင်း စစ်ကောင်စီဘက်က AA ထိန်းချုပ်ရာနယ်မြေများတွင် ဒရုန်းများဖြင့်ကင်းထောက်ခြင်း၊ AA ထိန်းချုပ်ရာနယ်မြေများသို့ ဝတ်စုံနှင့် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခြင်း၊ ကုန်းလမ်းရေလမ်းမှတဆင့် စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းခြင်း၊ ရခိုင်ရှိ မြို့ပေါ်များတွင် လမ်းသွားလမ်းလာများကို ယခင်ထက် ပိုမိုစစ်ဆေးတင်းကျပ်လာခြင်း၊ စစ်တပ်စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ခြင်းများနှင့် ညအချိန် နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးခြင်းများကို ယခုနောက်ပိုင်း ပြုလုပ်လာသည်ဟု ဒေသခံများက ပြောကြသည်။
အဆိုပါ လုပ်ရပ်များကြောင့် စစ်ကောင်စီသည်နားလည်မှုဖြင့် အပစ်အခတ် စတင်ရပ်စဲစဉ်က သဘောတူညီထားသည့် ကတိကဝတ်များကိုချိုးဖောက်မှုများ ရှိနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/