၇ခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့မှာလေပြင်း တိုက်ခတ်သည့်ဒဏ်ကြောင့် အဆောင်များ ထပ်မံပျက်စီးမှုများရှိနေသည်ဟုစစ်ဘေးရှောင်များထံမှ သိ၇သည်။
ပြီးခဲ့သည့် ဇူလိုင်လ၃၁ ရက်မှ သြဂုတ်လ ၂ ရက်အထိ ရခိုင်မှာ လေပြင်းတိုက်ခတ်ခဲ့သည့်အတွက်မိုခါကြောင့် ပြန်လည်ပြုပြင်ထားသည့် စစ်ဘေးရှောင်စခန်းအချို့ရှိအဆောင်များမှာ ထပ်မံပျက်စီးသွားခြင်းဖြစ်ကြော
တာပေါ်လင်ဖြင့် မိုးထားသည့်အဆောင်များဖြစ်သည့်အတွက် အမိုးအကာများ လေဖြင့် ပါသွားခြင်းဖြစ်ကာလက်ရှိတွင် ပြန်လည် ပြုပြင်ရန် အခက်အခဲရှိနေကြောင်း ကျောက်တော်မြို့နယ်၊တောင်မင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“မိုခါကတည်းကသေချာ မဆောက်နိုင်သေးတဲ့ အဆောင်တွေရှိသေးတယ်လေ။အဲဒီကတည်းက သေချာ ဆောက်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ လက်ရှိမှာနေလို၇တဲ့အဆင့် လုပ်ထားတာ။ ဒါပေမဲ့ အခုက လေတိုက်တော့ ပြန်ပါသွားတယ်။လုပ်ဖို့ ငွေမတတ်နိုင်ဘူး”ဟု ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် ပြီးခဲ့သည့်မေလ ၁၄ ရက်က တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် နေအိမ်များကိုပြုပြင်ရန် ငွေကြေးမတတ်နိုင်သည့်အတွက် တာပေါ်လင်များဖြင့် ဖြစ်သလိုယာယီတည်ဆောက်ထားရခြင်းဖြစ်သည်ဟု ဆိုကြသည်။
ရသေ့တောင်မြို့ရှိ တေဇရာမစစ်ဘေးရှောင်စခန်းတွင်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် အဆောင်တချို့ပျက်စီးသွားခဲ့သည်ဟု စခန်းတာဝန်ခံက ဆိုသည်။
“အဆောင်တန်းတစ်ခုကတော့ အားလုံးပျက်သွားတယ်။နောက် ကျန်တဲ့အဆောင်တွေကလည်း အပေါ်ပိုင်းအခေါင်မိုးတွေကအကုန်ကွာသွားတယ်။ ကျနော်တို့ အဲဒါကို လက်ရှိမှာတော့တာပေါ်လင်တွေနဲ့ ပြန်လည်လုပ်နေပါတယ်” ဟု ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့်လေပြင်းတိုက်ခိုက်ခြင်းအပြင် မိုးကြီးသည့်အတွက် ရေလွှမ်းမိုးခြင်းကိုပါကြုံတွေ့နေရကြောင်း သိရသည်။
ကျောက်တော်ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင်လည်း မိုးကြီးပြီး ဒီရေတက်နေသည့်အတွက်မိမိအိမ်တွင်သာ နေထိုင်နေရကြောင်း သိရသည်။
"ရေက အရမ်းတက်နေတယ်။ ကျမနဲ့က ရေက ပေါင်ရင်းလောက်ကို ရောက်တယ်။တစ်ခုမှ သွားလို့မရဘူး။ အိမ်ကလည်း ထွက်မရဘူးဖြစ်နေတယ်"ဟု ဆိုသည်။
လက်ရှိ မိုးတွင်းကာလတွင်စစ်ဘေးရှောင်များလိုအပ်သည့် အထောက်အပံ့များအား သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပံ့ပို့ပေးစေလိုကြောင်း တိုင်းရင်းသားမျိုးနွယ်စုအထောက်
“တာပေါ်လင်ကတော့ တစ်ခုရတယ်ဆိုပါတော့။ အဲဒါကို လုပ်ဖို့အတွက် ဝါးလိုတယ်။ သစ်လိုတယ်။အဲဒီလိုမဟုတ်ဘဲဟိုဖက် အစနားကို ချည်းလိုက် ဒီဖက် အစနားကို ချည်းလိုက် နဲ့ ကာလိုက်တော့သာမန်လေပြင်းတိုက်လိုက်တော့ ပါသွားတယ်။ တာပေါ်လင်က စုတ်ပြဲသွားတယ်။ဒါပေမဲ့ အဲဒါတွေကို ဖြစ်သလိုပဲ နေနေကြရတယ်။ အဲဒါတွေကိုဘယ်အဖွဲ့ကကူညီပေးမလဲဆိုတာကို စစ်ဘေးရှောင်တွေက မျှော့်လင့်နေကြတယ်။ ဆိုတော့ လိုအပ်တဲ့ထောက်ပံ့ပစ္စည်းတွေကို သက်ဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းသို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကဘယ်နေရာကို ကူညီပေးဖို့လိုအပ်လဲဆိုတာတွေကို လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က အဓိက ထောက်ပံ့ပေးနေခြင်း ဖြစ်ကာလက်ရှိတွင် WFP က ထောက်ပံ့ကြေးမရသည်မှာနှစ်လအထိ ကြာမြင့်နေပြီဖြစ်၍ စားဝတ်နေရေးအခက်အခဲရှိနေကြောင်း
ရသေ့တောင်၊ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်များရှိစစ်ဘေးရှောင်စခန်းများမှာ မိုခါမုန်တိုင်းကြောင့်ပျက်စီး
ရခိုင်ပြည်နယ်တွင်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်ခန့်ရှိနေသေး