Preview

ဘင်္ဂလားဒေ့ရှ်က မြန်မာရေချိုငါးမှာယူမှုလျှော့ချထား၍ ၇ခိုင်နယ်စပ်ကုန်သွယ်မှု ၉၀ ရာနှုန်းအထိကျဆင်းသွား

သြဂုတ် ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1429
ရခိုင် သတင်း

ဘင်္ဂလားဒေ့ရှ်က မြန်မာမှ ရေချိုငါးမှာယူမှုလျှော့ချထား၍၇ခိုင်နယ်စပ်ကုန်သွယ်မှု ၉၀ ရာနှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI)မှ သိ၇သည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့နယ်စပ်ကုန်သွယ်ရာတွင် ရေချိုငါးတင်ပို့မှာ ၇၀ ရာနှုန်းခန့်အထိ ရှိခဲ့သော်လည်း ပြီးခဲ့သည့်မတ်လမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကရေချိုးငါးမှာ ယူမှုကန့်သတ်လိုက်၍ကုန်သွယ်မှုတန်ဖိုး လုံး၀ကျဆင်းနေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) ဥက္ကဋ္ဌ ဦးတင်အောင်ဦးကနိရဥ္စရာကိုပြောသည်။

သူတို့နိုင်ငံရဲ့အခက်အခဲကြောင့် သူတို့မှာလည်းသွင်းကုန်တွေကို နည်းနည်း ကန့်သတ်တယ်ဆိုတဲ့ အနေအထားတွေဖြစ်သွားတယ်။ ဒါကြောင့်အဓိက ကျဆင်းသွားခဲ့၇တယ်ပေါ့လေ။ အဓိကတော့ ကျနော်တို့မှာ ကုန်သွယ်မှုလုပ်တဲ့အထဲမှာရေချိုငါးကို အဓိကတင်ပို့မှုက အများဆုံးပါ။ ရေချိုးငါး တင်ပို့က ၆၀ နဲ့ ၇၀ရာခိုင်နှုန်းကြားလောက်မှာရှိပါတယ်။ အခုက ရေချိုငါးက လုံး၀ တင်ပို့မှုရပ်ဆိုင်းသွားတယ်။ အဲဒီအချိန်ကနေ ရပ်ဆိုင်းသွားခဲ့တယ်ဆိုတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့် ကုန်သွယ်မှုက ကျဆင်းသွားတာပါဟု ပြောသည်။



ရခိုင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့အဓိကထားတင်ပို့နေရသည့် ရေချိုငါးသည် ဧရာ၀တီ၊ ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသည့် ငါးမြစ်ချင်းများဖြစ်သည်။

ယခုကဲ့သို့ရေချိုးငါးတင်ပို့မှု ကန့်သတ်ခံလိုက်ရ၍ရင်းနှီးမြှုပ်နှံထား၇သည့်  ရေချိုးငါး မွေးမြူသူများတွင်အခက်တွေ့ရနေရသည်ဟုလည်းသိ၇သည်။

ပြီးခဲ့သည့်မတ်လနောက်ဆုံးပတ်မှစပြီး ဘင်္ဂလားဒေ့ရှ်အစိုး၇ပိုင် ဆိုနာလီ (Sonali)ဘဏ်နှင့် ပုဂ္ဂလိကပိုင် အာဂ၇နီ(Agrani)ဘဏ်များကမြန်မာကုန်သည်များသို့ ထုတ်ပေးနေသည့် အမေရိကန် ဒေါ်လာကိုကန့်သတ်ခဲ့သည်ဟု မြန်မာဘက်မှ ကုန်သည်များက ပြောသည်။

ယင်းကြောင့်ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ကုန်သည်များသည် သူတို့ဝယ်ယူမည့်ကုန်စည်များအတွက် လိုအပ်သည့်ဒေါ်လာများကိုအစိုးရထံမှ အပြည့်အ၀ ဝယ်ယူခွင့်မ၇ကြတော့၍ မြန်မာဘက်မှကုန်စည်များကို ဒေါ်လာများဖြင့်ဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေ၇သည်ဟုလည်းဆိုကြသည်။

RSCCI ဥက္ကဋ္ဌဦးတင်အောင်ဦးကပထမတုန်းမှာဆိုရင်၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။ အခုက တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းတွေကတော့ ပြန်သွားနေတဲ့ အတွက် နည်းနည်းတော့ ကုန်သွယ်မှုကမြင်လာ၇တယ်။ သွားနေတာတွေ မြင်လာ၇တယ်။ ဒါကြောင့် ၆၀ရာခိုင်နှုန်းလောက်အထိတော့ ဖြစ်သွားတယ်လို့ကျနော်ကတော့သုံးသပ်ထားတာပါဟုဆက်ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ ယခုနှစ် ဧပြီလမှဇူလိုင်လအထိ ၄ လအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းသာရှိခဲ့ပြီးပို့ကုန်တန်ဖိုး ၃ ဒသမ ၅၇ သန်းနှင့် သွင်းကုန်တန်ဖိုး ၀ ဒသမ ၈၈သန်းဖိုးရှိခဲ့သည်ဟု RSCCI စာရင်းအရသိ၇သည်။



ယင်းအထဲတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း ဆိပ်ကမ်း)မှ ၂ ဒသမ ၅၂ သန်းဖိုးနှင့် စစ်တွေကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ ဆိပ်ကမ်း)မှ ၁ ဒသမ ၉၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဧပြီလမှဇူလိုင်လအထိ ကာလတူ ၄ လအတွင်းတွင်ဆိုလျှင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၁ သန်းဖိုးအထိ ဆောင်ရွက်နိုင်ခဲ့သည်ဟု RSCCI စာရင်းအရ သိ၇သည်။

ယင်းကြောင့် ယခုနှစ် ၄လအတွင်း ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်က ၄ အတွင်း ကုန်သွယ်မှု ပမာဏထက် ၆၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ကြောင်း သိရသည်။လက်ရှိတွင်မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရှမ်းပြည်ဘက်မှလာသည့် ချင်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှလာသည့် ကြက်သွန်တို့ကိုသာအဓိက တင်ပို့နေရပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာသို့သွင်းကုန်များမှာပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြကြောင်း သိ၇သည်။

#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.